အတိုချုပ်
ဒေးဗစ် ဂေါ့ဂင်ဟာ သူ့ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ စိတ်ဒဏ်ရာဖြစ်တဲ့ ကလေးဘ၀အတိတ်ဆိုးကို ဖြတ်ကျော်ပြီး၊ ဆီးရယ် (SEAL) ရေတပ်ထဲကို ဝင်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော် နိုင်ခဲ့သူ ဖြစ်ပါတယ်။ ရေကူးရခြင်း၊ ကိုယ် အလေးချိန် ချခြင်းစတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ခဲ့ပြီး ရေတပ်မှာ အသားကျ သွားခဲ့ ပြီးနောက်၊ အောင်မြင်တဲ့ တာဝေးအပြေးသမား တစ်ယောက် ဖြစ်ခဲ့ပြန်ပါတယ်။ သူ့ရဲ့အောင်မြင် မှုဟာ လူတိုင်း အတုယူနိုင်တဲ့အရာဖြစ်ကြောင်း ကို ဒီစာအုပ်မှာ ဖတ်ရှုရမှာပါ။
ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။
• ဒေးဗစ်ဂေါ့ဂင်ရဲ့ ပရိတ်သတ်များ။
• ကြိုးစားအားထုတ်ချင်စိတ် ပျောက်ဆုံးနေ သူများ။
• ဘဝမှာ တိုးတက်ပျော်ရွှင်စေဖို့ နည်းလမ်း လိုချင်သူများ။
သင်ယူရမယ့်အရာ
• ကြိုးစားအားထုတ်မှုရဲ့ အရေးပါပုံ အကြောင်း။
ဒေးဗစ်ရဲ့ ကလေးဘဝအကြောင်း။
• ကြိုးစားအားထုတ်မှုဆိုတာ ကိုယ့်ဘက်မှာ အမြဲရှိတယ်ဆိုတဲ့အကြောင်း။
အမေရိကန် ကလေးအများစုအတွက်တော့ ဒီအရွယ်ဟာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပါးဆော့ကစားရင်း မိဘဆီက အချစ်တွေ၊ စိတ်လုံခြုံမှုတွေ ရရှိတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့၊ ဒေးဗစ်ဂေါ့ဂင်အတွက် အဲ့ဒါတွေ တစ်ခုမှ မရခဲ့ပါ။ သူ့ကို ၁၉၇၅ ခုနှစ်မှာ မွေးဖွားခဲ့ပြီး၊ သူဟာ ကလေးဘဝရဲ့ ပျော်ရွှင်စရာဆိုတာ ဘာမှန်းတောင် သိခွင့် မရခဲ့သူပါ။ အသက် ၆ နှစ် ကတည်းက အစ်ကိုရယ်၊ အမေရယ်နဲ့အတူ နှိပ်စက်တတ်တဲ့အဖေဖြစ်သူ ထရန်းနစ် လက်အောက်မှာ ကျွန်လို အလုပ်လုပ်ခဲ့ ရပါတယ်။ ထရန်းနစ်က ဒစ်စကိုရေခဲစကိတ်ကွင်းတစ်ခုကိုပိုင်ပြီး သူ့ရဲ့အလုပ်သမားတွေကတော့ သူ့မိသားစုဝင်တွေပေါ့။ ရက်သတ္တပတ်ရဲ့ ညတိုင်းလိုလိုမှာ ထရန်းနစ်ဟာ ဇနီးရယ်၊ ကလေးတွေရယ်ကိုခေါ်ပြီး သူ့စကိတ်ကွင်းထဲမှာ ညသန်းခေါင် အချိန်ထိ မနားမနေ အလုပ်လုပ်ခိုင်းပါတယ်။ အသက် ၆ နှစ်ကနေ ၈ နှစ်အတွင်းမှာ ဒေးဗစ်ရဲ့အလုပ်က စကိတ်ဖိနပ်တွေကို စောင့်ကြည့်ထိန်းသိမ်းဖို့ပါ။ သူ့အမေက ဒီစကိတ်ကွင်းရုံးခန်းထဲမှာ ညစာ ချက်ရပါတယ်။ ည သန်းခေါင်ရောက်လို့ အလုပ်တွေ ပြီးသွားပြီဆိုမှ ကလေးတွေကို အဲ့ရုံးခန်းထဲက အိပ်ရာပေါ်မှာ ခေါ်သိပ်ရပါတယ်။ ဒါပေမဲ့လဲ အပေါ်ထပ် အကခန်းကနေ သီချင်းတွေအကျယ်ကြီး ကြားနေရတာကြောင့် အိပ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကျောင်းနေချိန်မှာ အတန်းထဲ ငိုက်မြဲငိုက်နေတတ်ပြီး၊ စာမလိုက်နိုင် ဖြစ်ခဲ့ပါတယ်။
YOU ARE READING
Biography & Memoir
Non-FictionBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။