အတိုချုပ်
ကယ်ရီ ဝါရှင်တန် ( Kerry Washington) ရဲ့ ဘဝ ခရီးမှာ သူမရဲ့ ငယ်ဘ၀အတွေ့အကြုံတွေဟာ သူမကို နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ သရုပ်ဆောင် အလုပ်တွေကို ကြိုးစားလိုစိတ် ဖြစ်စေခဲ့ပါ တယ်။ သူမက သရုပ်ဆောင် အဖြစ် ကျော်ကြား တယ်ဆိုပေမဲ့ ၊ လူ ထုအတွက် အကျိုး ရှိတာ တွေ အများကြီးလုပ်ပေးခဲ့ပြီး ၊ ဟောလီးဝုဒ်မှာ လဲ နှစ်တွေ အကြာကြီး နေရာတစ်နေရာ ပေးအပ်ခံထားရသူ ဖြစ်ပါတယ်။ သူမ ကြုံခဲ့ရ တဲ့ ကိုယ်ဝန် မဆောင်နိုင်ခြင်း၊ စိတ်ရောဂါ နဲ့ ကြမ်းတမ်းတဲ့ကလေးဘဝ အစရှိတဲ့ အခက်အခဲ တွေကို ဖွင့်ဟလိုက်ခြင်းအားဖြင့် သူမဟာ ဒုက္ခ များရဲ့မယ်တော် ဖြစ်လာပါတော့တယ်။ လူဟာ အသက်တွေ ဘယ်လောက် ကြီးနေပါစေ၊ ဘယ်လို ဝါရင့်သရုပ်ဆောင်ကြီးပဲဖြစ်ပါစေ ၊ ကိုယ့်ရဲ့ ခက်ခဲတဲ့ဖြစ်ရပ်ကို ပြောပြရဲတဲ့သတ္တိ ကတော့ အင်မတန်သတ္တိကောင်းမှ ဖြစ်နိုင်ပါ တယ်။
ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။
• ကယ်ရီဝါရှင်တန်ရဲ့ ပရိတ်သတ်များ၊
• မပျော်ရွှင်ခဲ့ရတဲ့ ကလေးဘဝကို ဖြတ်သန်း
ခဲ့သူများ၊
• မိခင်ဖြစ်လိုသူများ။
သင်ယူရမယ့်အရာ
• ကယ်ရီဝါရှင်တန်ရဲ့ ငယ်ဘ၀အကြောင်း၊
• သူမ ကြုံခဲ့ရတဲ့ အခက်အခဲတွေအကြောင်း၊
• သူမကိုယ်တိုင် မိခင်တစ်ယောက် ဘယ်လို ဖြစ်လာခဲ့တယ်ဆိုတဲ့အကြောင်း။
ကယ်ရီ ဝါရှင်တန်((Kerry Washington)နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပုံဟာ သူမရဲ့ ကလေး ဘဝတုန်းက အစပျိုးခဲ့တဲ့ စိတ်ကူးအိပ်မက်တွေကနေ စတင်ခဲ့ပါတယ်။ သူမကို ၁၉၇၇ ခုနှစ်၊ ဘရွန့်မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ ဖခင်က အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်ပြီး၊ မိခင်ကတော့ ပါမောက္ခတစ်ယောက်ပါ။သူမ ငယ်ရွယ်စဉ်မှာပဲ မိဘနှစ်ပါးက ကွာရှင်းခဲ့ကြပြီး၊ သူမဟာ မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ဖက်မှာ ကလေးဘဝကို ဖြတ်သန်းခဲ့ရပါတယ်။
ကယ်ရီဟာ အပတ်စဉ် တနင်္လာကနေ သောကြာနေ့အထိကို ငွေကြေးပြည့်စုံတဲ့ မိခင်ဖြစ်သူနဲ့ ဘရွန့်ဗေးက ဆင်ခြေဖုံးရပ်ကွက်လေးမှာနေပြီး၊ ပိတ်ရက်တွေမှာတော့ ဖခင်နဲ့အတူ မြို့ထဲမှာ နေပါတယ်။ သူမက အခုလိုမျိုး ငယ်ငယ်ကတည်းက မတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုမှာ ကျင်လည်ခွင့်ရခြင်းကို အင်မတန် သဘောကျခဲ့တာပါ။ ဒီလို နေခဲ့ရတာတွေကြောင့်ပဲ လက်ရှိအချိန်မှာ သူမရဲ့ လောကကြီးအပေါ် ရှုမြင်ပုံမျိုး ရှုမြင်နိုင်သွားတာ ဖြစ်ပါတယ်။ သူမရဲ့အသိုင်းအဝိုင်းက အလယ်အလတ်တန်းစားတွေဖြစ်တာကြောင့် အေးချမ်းတဲ့ ဘဝကို ရခဲ့ပြီး၊ ဒီဟာတွေက နောက်ပိုင်းနှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်တော့ အကူအညီဖြစ်စေခဲ့ပါတယ်။ သူမဟာ သူမရဲ့ ဘိုးဘေးတွေ ခံစားခဲ့ရတဲ့ ကျွန်ပြုတာတွေ၊ ဖိနှိပ်တာတွေနဲ့စာရင် တော်တော်လေးအေးအေးချမ်းချမ်းနေရမှန်း သဘောပေါက် ပါတယ်။ သူမအနေနဲ့ လမ်းကြောင်းတစ်ခုဖောက်ဖို့ရာ စိတ်အားထက်သန်နေခဲ့ပါတယ်။
YOU ARE READING
Biography & Memoir
Non-FictionBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။