အတိုချုပ်ခရစ်စတိုဖာနိုက်ဟာ အသက်နှစ်ဆယ်ပိုင်း အရွယ်မှာ လူ့အသိုင်းအဝိုင်းကနေ ရုတ်တရတ် ထွက်ခွာပြီး မိန်းပြည်နယ်ထဲက ဝေးလံခေါင်ဖျား တစ်နေရာမှာ နှစ် ၃ဝ ကျော်လောက် ကြာ အောင် နေထိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ သူ လိုအပ်တဲ့ပစ္စည်းတွေကို ခိုးယူရင်း လူမိသွားခဲ့ ပြီး တစ်ခါပြန် လူတောတိုးရပါတယ်။ နိုက်ရဲ့ ဖြစ်ရပ်က အထီးကျန်မှုတွေ၊ လွတ်လပ်မှုတွေ၊ လူတွေရဲ့ ဆန့်ကျင်ဘက် သဘာဝတွေနဲ့ ပတ်သက်ပြီး တွေးတောဖြစ်စေပါတယ်။ သင့်ဘေးနားကလူတွေနဲ့ ဆက်ဆံမှုမရှိတော့တဲ့ အခါ၊ ပြန်လည်ဆက်စပ်ညှိနှိုင်းဖို့ လိုအပ်လာတဲ့ အခါ သင် ဘယ်လိုလုပ်သင့်သလဲ ဆိုတာမျိုး ပေါ့။
ဒါကို ဘယ်သူတွေ ဖတ်သင့်လဲ။
စိတ်ပညာနဲ့ လူသားအမူအကျင့်ကို စိတ်ဝင်စားသူများ။
လူသားနဲ့ သဘာဝတရားရဲ့ ဆက်နွယ်မှုကို စူးစမ်းလိုသူများ။
လူ့ကျင့်ဝတ်နဲ့ ပတ်သက်တဲ့ စောဒကတက် ဖွယ်အကြောင်းအရာများကို လေ့လာလိုသူများ။
သင်ယူရမယ့်အရာ
စိန်ခေါ်မှုတွေနဲ့ ညှိယူပြီး ဆက်လက်ရှင်သန် ရပ်တည်နိုင်တဲ့ လူ့စွမ်းရည်။
လူ့တစ်ကိုယ်ရေသီးသန့်ရှင်သန်လိုစိတ်နဲ့ လူ့အဖွဲ့အစည်းရဲ့စံနှုန်းသတ်မှတ်ချက်များ အကြား အမှန်/အမှား လွန်ဆွဲမှုတွေ။
လူ့အဖွဲ့အစည်းအတွင်း တစ်ကျော့ပြန်ဝင် ရောက်လာသူတစ်ဦး ရင်ဆိုင်ရတဲ့ အခက်အခဲ များ။
၁၉၈၆ခုနှစ်မှာအသက်နှစ်ဆယ်အရွယ် ခရစ်စတိုဖာနိုက် (Christopher Knight) ဟာ သူ့ဘဝရဲ့အဆုံးသတ်ကို သတ်မှတ်ပေးမဲ့ ဆုံးဖြတ်ချက်တစ်ခုကို လျှပ်တစ်ပြက်ချလိုက်ပါတယ်။ မိုင်းပြည်နယ်အလယ်ပိုင်းမှာ တည်ရှိတဲ့သူ့အိမ်ကနေ ပထမဆုံးထွက်ခွာတဲ့တစ်ကိုယ်တော်လမ်းခရီးမှာ ပိုမိုကျယ်ပြန့်တဲ့ကမ္ဘာကြီးကို ကိုယ်တွေ့ကြုံလိုက်ရတယ်။ နောက်တော့ သူ ကားကို မြောက်ပိုင်းရေကန်အနီးက တော်တော်ဝေးဝေး နယ်စွန်နယ်ဖျားလေးတစ်ခုဆီ မောင်းသွားလိုက်တယ်။ ကားကိုသော့တန်းလန်းနဲ့ ရပ်ထားခဲ့ပြီး တောကြီးမျက်မည်းထဲကို တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။သူဟာ နောက်နှစ်ပေါင်း ၂၇နှစ်ထိ လူတစ်ယောက်နဲ့မှ စကားမပြောခဲ့ပါဘူး။
YOU ARE READING
Biography & Memoir
Non-FictionBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။