အတိုချုပ်ဂျေ ရောဘတ် အော့ပန်ဟိုင်းမား (J. Robert Oppenheimer)ရဲ့ဘဝရုပ်ပုံလွှာဟာ သာမန်ရုပ်ပုံ လွှာတစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ သမိုင်းကြောင်း က ရှုပ်ထွေးနက်နဲပြီး၊ သူ့ရဲ့ ဉာဏ်ရည် ထက်မြက်မှု၊ အမျှော်အမြင်ကြီးမှု၊ သံသယဖြစ် မှုနဲ့ တာဝန်ယူမှုတို့ကို သူ့ရဲ့ရုပ်ပုံလွှာအဖြစ် တွေ့ မြင်ရမှာပါ။ တစ်ဖက်ကကြည့်ရင်တော့ သူဟာ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး လုပ်ပြနိုင်ခဲ့တဲ့ ဉာဏ်ကြီးရှင် သိပ္ပံပညာရှင်တစ်ယောက်ပါ။ လော့စ် အလမ် မော့စ် (Los Alamos)မြို့မှာ ပြသခဲ့တဲ့ သူ့ရဲ့ ဦးဆောင်မှုတွေ၊ အဏုမြူတစ်ခေတ် ဖြစ်စေခဲ့မှု တွေဟာ သူ့ ဉာဏ်ရည်နဲ့ စွမ်းဆောင်နိုင်မှုတို့ကို ပြနိုင်ခဲ့တဲ့ သာဓကတွေပါပဲ။ တစ်ဖက်မှာတော့ သူဟာ အဏုမြူဗုံးကို တီထွင်ခဲ့တာကြောင့်မို့ စာနာစိတ် မရှိသူ၊ လူ့ကျင့်ဝတ် မရှိသူအဖြစ်လဲ အပြောခံရ ပါသေးတယ်။ ဒုတိယကမ္ဘာစစ်ကို ရပ်တန့်သွားစေခဲ့တဲ့ ဒီတီထွင်မှုကြီးဟာ ဖောက်ခွဲခံရတဲ့နေရာရဲ့ မြေမျက်နှာသွင်ပြင် တစ် ခုလုံးကို ပြင်းထန်တဲ့ထိခိုက်မှုတွေ အကြီးအကျယ်ဖြစ်စေခဲ့ပါတယ်။ အော့ပန်ဟိုင်း မားဟာ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီး သူ့အလုပ် ကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ရင်ဆိုင်ခဲ့ ရတာထက် ပိုပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်သူလူထုအတွက် ဆွေးနွေးပွဲတွေမှာ သူ့ အကြောင်းကို ဖော်ပြခံရပေမဲ့၊ နောက်ပိုင်းနှစ် တွေအထိ သူ့ရဲ့ တည်ငြိမ်မှုနဲ့ သူ့ရဲ့ခံယူချက်တွေ ကို အရင်အတိုင်းပဲ လက်ခံထားမှုတို့ဟာ သူ့ကို စင်မြင့်ပေါ် တင်ပေးရာ ရောက်ခဲ့ပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဘဝနဲ့အလုပ်မှာ ထိခိုက် နစ်နာမှုတွေ ရှိခဲ့ပေမဲ့၊ သူဟာ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက် အောင် လုပ်ဖို့၊ သိပ္ပံရှာဖွေတွေ့ရှိမှုတွေမှာ ပါဝင် ကူညီပေးဖို့ကိုတော့ သစ္စာရှိရှိနဲ့ ဆက်လုပ်ခဲ့ပါ တယ်။ ကမ္ဘာကြီးအပေါ် သူ့လုပ်ဆောင်ချက်တွေ ရဲ့ သက်ရောက်မှုတွေက ကဏ္ဍအစုံမှာ ပြန့်ကျဲ နေတာကို တွေ့ရပါတယ်။ သူဟာ သိပ္ပံပညာ တိုးတက်မှုရဲ့ သဘာဝမျက်နှာစာနှစ်ခုဖြစ်တဲ့ လူ့ဘောင်လောကအတွက် ကြီးမားတဲ့ ကောင်းကျိုးကို ဖြစ်စေနိုင်ခြင်း နဲ့ ဆိုးရွားတဲ့ ဆုံးရှုံးမှုကို ဖြစ်စေနိုင်ခြင်း တို့ရဲ့ ပြယုဂ်တစ်ခု သဖွယ်လဲ ဖြစ်ခဲ့ပါတယ်။
YOU ARE READING
Biography & Memoir
SaggisticaBiography & Memoir နဲ့ပတ်သတ်ပြီး အကုန် copy တင်ပေးမှာပါ ။