[Unicode]
စာစဉ်မိတ်ဆက်နှစ်တစ်ရာကျင့်ကြံပြီးနောက်
အမျိုးအစား - Action, Adventure, Fantasy
မူရင်းရေးသူ - Far Westworker
ဘာသာပြန် - Linkar
မိတ်ဆက်
ကျန်းချန်ရွှမ်သည် မသေမျိုးကျင့်ကြံရေးလောကသို့ မတော်တဆကူးပြောင်းသွားပြီး မသေမျိုးကျင့်ကြံရေးအမွေအနှစ်တစ်ခုကိုပါ မတော်တဆရရှိသွားသည်။ သို့ပါသော်လည်း သူ၏အရည်အချင်းမှာ အလွန်နိမ့်ကျကာ နှစ်တစ်ရာလောက် ကြိုးစားပမ်းစားကျင့်ကြံခဲ့တာတောင်မှ ချီသန့်စင်ခြင်းအဆင့်မှ မတက်သေးပေ။ နောက်ဆုံး သူစိတ်ဓာတ်ကျသွားချိန်မှာတော့ သူ့ဘဝကို အဆုံးသတ်ဖို့ရန် သေမျိုးလောကသို့ တိတ်တဆိတ် ရောက်လာခဲ့သည်။ ထိုအချိန်မှာပဲ သူကာလကြာရှည် မျှော်လင့်နေခဲ့သည့် cheat system ကို ရရှိသွားတော့သည်။
[မသေမျိုးကျင့်ကြံမှု နှစ် ၁၀၀ အောင်မြင်မှုသက်တမ်းရှိတဲ့ လက်ခံကိုယ်ကိုရှာဖွေတွေ့ရှိပါပြီ။ ဒါကတော့ သက်တမ်းတိုးစေနိုင်တဲ့ သက်ရှည်သစ်သီးပါ။]
[အခုပဲ နောက်ထပ်အောင်မြင်အောင်လုပ်ရမည့် တာဝန်အကြောင်း ထုတ်ပြန်လိုက်ပါပြီ။]
[ကျေးဇူးပြုပြီး အကြိမ်၁၀၀ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ။ ဤတာဝန်ကိုပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အကြိမ်၁၀၀ တာဝန်ပြီးစီးမှုဆိုသည့် အောင်မြင်မှုဂုဏ်ပုဒ်နှင့်အတူ တာဝန်ချောမွေ့စွာပြီးစီးနိုင်မည့် အခွင့်အရေးတစ်ခုကိုပါ ရရှိနိုင်ပါမယ်။]
[ဒင်!]
[ကျင့်ကြံခြင်းနည်းစနစ်ကို အကြိမ် ၁၀၀ ပြီးမြောက်အောင် လေ့ကျင့်ပြီး ကျောက်စိမ်းအမွေအနှစ်ကျင့်ကြံခြင်းနည်းစနစ်၏ ပြီးပြည့်စုံသည့်အဆင့်အသိအမြင်ကို ရယူလိုက်ပါ။]
[စွမ်းအင်လေ့ကျင့်မှု အကြိမ် ၁၀၀ ပြီးမြောက်အောင်လုပ်ပြီး အခြေခံအရိုးတည်ဆောက်ပုံကို မြှင့်တင်လိုက်ပါ]
[အဆောင်လက်ဖွဲ့အကြိမ် ၁၀၀ အောင်မြင်အောင် ပြုလုပ်ပြီး…]
YOU ARE READING
နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်
Adventurefollowing a hundred years of cultivation i'm dying before i got a cheat skill (百年修仙,我快死了金手指才来) Author - Far Westworker Translator - Linkar <လင်္ကာ> Chapters - 700++ Status - Ongoing