အပိုင်း ၉ ။ အခြေတည်အဆင့်သို့ဝင်ရောက်ခြင်း (၁)

352 35 0
                                    

[Unicode]
နှစ်တစ်ရာကျင့်ကြံပြီးနောက်

အပိုင်း ၉ ။ အခြေတည်အဆင့်သို့ဝင်ရောက်ခြင်း(၁)

ဘာတွေဖြစ်သွားတာလဲ?

ကျန်းချန်ရွှမ်တစ်ယောက် မကောင်းသည့်ခံစားချက်များရလာသည်။ သူ ဂူ၏အကာအကွယ်စည်းကိုဖယ်ပေးကာ ရွှီဟိုင်ချွမ်ကို ဝင်ခွင့်ပေးလိုက်ချိန်တွင်တော့ ရွှီဟိုင်ချွမ်၏ ပထမဆုံးပြောလိုက်သည့်စကားတချို့ကပင် ကျန်းချန်ရွှမ်၏မျက်လုံးများကို စိုစွတ်လာစေခဲ့သည်။

"တာအိုရောင်းရင်းကျန်း၊ ကျုပ်ရဲ့တာအိုအဖော်(လက်တွဲဖော်) ဟုန်ယန်း သေသွားပြီ။"

ကျန်းချန်ရွှမ်လည်း ခန့်မှန်းမိထားပေမယ့် ရွှီဟိုင်ချွမ်ထံမှ တိုက်ရိုက်ကြားလိုက်ရချိန်တွင် ထိတ်လန့်မိသွားဆဲပင်။

"တာအိုရောင်းရင်းရွှီ၊ ဘာတွေဖြစ်ခဲ့လို့လဲ? သူ(မ) လွန်ခဲ့တဲ့နှစ်ဝက်တုန်းကပဲ အကောင်းကြီးမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး သူ...?"

ရွှီဟိုင်ချွမ်၏မျက်ဝန်းအိမ်များအတွင်း မုန်းတီးသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"အဲ့ဒါ ပြုံးနေတဲ့ကျား၊ လီပေါ်ရမ်ကြောင့်ပဲ။ လွန်ခဲ့တဲ့ သုံးလတုန်းက ကျုပ် ဟုန်ယန်းရယ် တာအိုရောင်းရင်းကျန့်ရယ်ကိုခေါ်ပြီး ရှေးဟောင်းအပျက်အစီးထဲဝင်ဖို့သွားခဲ့ကြတယ်။ လမ်းမှာ လီပေါ်ရမ်နဲ့တွေ့တာပဲ။ အဲ့တုန်းက ကျုပ်တို့ အရမ်းဂရုစိုက်ခဲ့ပေမယ့် လီပေါ်ရမ်ရဲ့ထောင်ချောက်ထဲကျသွားမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။"

ထိုနေရာအရောက် ရွှီဟိုင်ချွမ်က ခဏနားပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ကျန်းချန်ရွှမ်ဘက် ကြည့်လာခဲ့သည်။

"တာအိုရောင်းရင်းကျန်း၊ တကယ်တော့ ကျုပ် ခင်ဗျားဆီက အကူအညီတောင်းချင်လို့လာခဲ့တာပါ။"

"ကျုပ်ရဲ့အကူအညီလိုတာလား?"

ကျန်းချန်ရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ ရွှီဟိုင်ချွမ်တို့ဇနီးမောင်နှံကို သနားမိသော်လည်း ရိုးရိုးသားသားပြောရရင်တော့ ဤပြဿနာထဲ ဝင်မပါလိုပေ။

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now