အခန်း ၈၇ ။ လျှို့ဝှက်​ချက်​ကို ဖွင့်ပြောပြီ

43 3 0
                                    

နှစ်တစ်ရာကျင့်ကြံပြီးနောက်

June 18, 2024

အခန်း ၈၇ ။ လျှို့ဝှက်​ချက်​ကို ဖွင့်ပြောပြီ

ကျန်း​ချန်​ရွှမ်ဂူပိတ်ကျင့်ကြံရာမှ ထွက်​လာပြီဖြစ်သော်လည်း ရှန်းရူယန်မှာ ကျင့်ကြံမှုမပြီးသေးဘဲ ဆက်​လက် ​ဂူပိတ်ကျင့်ကြံလျက်ရှိနေသေးသည်။ သို့​သော်​ ရူယန်၏အခန်း​အတွင်း​မှ ထွက်​ပေါ်​လာသော အော်​ရာ​လှိုင်းများကိုကြည့်၍ ရှန်းရူယန်တစ်ယောက်​ အရေး​ကြီးသော အဆုံးအဖြတ်​အခိုက်​အတန့်​ကို ရောက်​ရှိနေမှန်း ကျန်း​ချန်​ရွှမ်​သိလိုက်သည်။ ထို့ကြောင့်​ ဇနီး​ဖြစ်​သူ၏ ဂူတံခါးရှေ့တွင် နေ့ညမပြတ်စောင့်ကြည့်ပေး​ရန်​ ဆုံးဖြတ်​လိုက်သည်။

နောက်​၆လ အကြာတွင် ကျန်း​ချန်​ရွှမ်​တစ်ယောက်​ ဂူတံခါးရှေ့တွင် စောင့်​ကြပ်​နေရာ​မှ တံခါး​ဖွင့်​သံကြားလိုက်ရ၍ လှည့်​ကြည့်မိလိုက်သည်။ တံခါး​မှာ ဖြည်း​ဖြည်း​ချင်း​ ပွင့်​လာ​ပြီး​နောက်​ ရှန်းရူယန်​ထွက်လာပါတော့သည်။ သူမကိုယ်ပေါ်ရှိ ချီ​အော်​ရာများမှာ ထူးခြား​နေပြီး အိပ်မက်​ဝိညာဉ်​ဆန်​နေသလို ခံစား​ရသည်။ ထို့အပြင်​ ထိုလှိုင်းများကြောင့် အနီးရှိလူအားလုံးအပေါ် ဖိအား​တစ်မျိုး​ သက်ရောက်နေသည်ကို ကြည့်၍ ရှန်းရူယန်တစ်ယောက် အရင်​ကထက် တိုး​တက်​ပြောင်းလဲလာကြောင်း ကျန်း​ချန်​ရွှမ်​သိလိုက်သည်။

သို့သော် တစ်ချိန်​တည်း​တွင် ရှန်း​ရူယန်၏ ကျင့်ကြံ​မှု​အဆင့်မှာ ကျီဖုနယ်ပယ်​သို့ မရောက်သေးကြောင်းလည်း သတိပြုမိလိုက်သည်။ ကျန်း​ချန်​ရွှမ်​ သူမ၏ဂူရှေ့တွင် စောင့်ကြပ်ပေးနေသည်ကိုမြင်လျှင် ရှန်းရူယန်မှာ ကျေနပ်​ပြုံး​လေးပြုံးမိလိုက်သည်။

“စောင့်ကြည့်ပေးတဲ့အတွက် ကျေး​ဇူးပါ ယောက်ျား​”

“ ဘာလို့​စိမ်း​ကားတဲ့စကားတွေ ပြော​နေရတာ​လဲ၊ ကိုယ်​တို့​နှစ်ယောက်​ကြား​မှာ ဒါတွေလိုလို့လား”

“ဟုတ်​ပါပြီ”

ရှန်းရူယန်က ခပ်​ဖွဖွပြုံးရင်း ခေါင်း​ညိတ်​လိုက်​သည်။ ထို့နောက်​ သူမက​ ကျန်း​ချန်​ရွှမ်​ကို​ကြည့်​လျက်

နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်Where stories live. Discover now