နှစ်တစ်ရာကျင့်ကြံပြီးနောက်
အပိုင်း ၄၂ ။ အတွင်းစိတ်ဝိညာဉ်မျက်လုံး (၁)
ကျန်းချန်ရွှမ်တစ်ယောက် သတိလက်လွတ်ဖြစ်သွားခဲ့သည်။ ဒီတစ်ခေါက်တော့ စနစ်က သူ့ကိုဤသို့သောတာဝန်မျိုးပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော်လည်း အတော်လေးတော့ အဆင်သင့်လှသည်။
သူက ချက်ချင်းဆိုသလို မိုးမခထောင်ချီဈေးကိုရှာဖွေစစ်ဆေးရန်အတွက် နတ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည်။
မကြာခင်မှာပဲ သူ၏တာဝန်ပြီးမြောက်မှုက တဖြည်းဖြည်းတိုးလို့လာလေသည်...
၅ရာခိုင်နှုန်း၊ ... ၈ရာခိုင်နှုန်း... ၁၄ရာခိုင်နှုန်း၊ ... ၂၁ရာခိုင်နှုန်း....
သုံးရက်ကြာပြီးနောက်တွင်တော့...
တာဝန်ပြီးမြောက်မှု ၁၀၀ရာခိုင်နှုန်းပြည့်သွားသည်နှင့် သူ့စိတ်ထဲတွင် စနစ်၏အသံကို တဖန်ပြန်ကြားလိုက်ရသည်။
[ရန်သူရှာဖွေခြင်း အကြိမ် ၁၀၀ ပြုလုပ်မှု အောင်မြင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ host။ မင်းအတွက် 'အတွင်းစိတ်ဝိညာဉ်မျက်လုံး' ဆုအဖြစ်ရရှိပါတယ်။]
[အတွင်းစိတ်ဝိညာဉ်မျက်လုံး : ဒါကတော့ မင်းရဲ့လက်ရှိကျင့်ကြံဆင့်ထက်ကျော်လွန်သည့် ရုပ်ဖျက်နည်းလမ်းများကို ဖောက်ထွင်းမြင်စေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ပုံရိပ်ယောင်များကို ချိုးဖြတ်ပြီး အစစ်အမှန်ကို မြင်တွေ့စေနိုင်ပါတယ်။]
ထိုအချိန်မှာပဲ ကျန်းချန်ရွှမ်၏မျက်လုံးမှာ မရေမတွက်နိုင်လောက်သည့် စူးရှရှနာကျင်မှုများအပြင် မှိန်ဖျော့သည့်လောင်ကျွမ်းသွားသလို ခံစားမှုကိုပါ နာကျင်ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် ထိုနာကျင်မှုက မကြာမြင့်ခဲ့ပေ။
ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင်တော့ မျက်လုံးက ပုံမှန်အခြေအနေအတိုင်းပြန်ဖြစ်သွားခဲ့သည်။ သို့သော်လည်း တကယ်တမ်း သူ့မျက်လုံးတွေက အရင်နှင့်မတူတော့မှန်းကိုတော့ ကျန်းချန်ရွှမ် ခံစားမိနိုင်ပေသည်။
YOU ARE READING
နှစ်တစ်ရာ ကျင့်ကြံပြီးနောက် - ကျန်းချန်ရွှမ်
Adventurefollowing a hundred years of cultivation i'm dying before i got a cheat skill (百年修仙,我快死了金手指才来) Author - Far Westworker Translator - Linkar <လင်္ကာ> Chapters - 700++ Status - Ongoing