Chapter Ten

53 7 0
                                    

Unicode


စိုမှိုင်းနေသည့် အနံ့အသက်ကြောင့် အန်တိုနီယာ နဂိုရင်းစွဲစိတ်တိုနေရာမှ ပို၍ပင်ဒေါသထွက်လာသည်။ မေမေလေးပေါ့။ ပစ္စည်းအသစ်အဆန်းများစွာရှိသည်ဟုဆိုကာ အန်တိုနီယာကို မြေအောက်ကလပ်သို့ ညာခေါ်လာသည်။ ယခုများကြ သူမက ရှေးဟောင်းသဲနာရီများနှင့် အလုပ်ရှုပ်နေပြီး အန်တိုနီယာမှာ လီမွန်ရည်တစ်ခွက်နှင့် ပျင်းရိဖွယ်ကောင်းသည့် ဂျက်ဇ်ဂီတသံကို နားမထောင်ချင်ဘဲနားထောင်နေရသည်။ ဤမျှပျင်းရိဖွယ်ကောင်းသည့်တိုင် ကခုန်နေကြသည့် သူများက စုလို့ပြုံလို့၊ အန်တိုနီယာ နားကိုမလည်နိုင်ပါလေ။

အန်တိုနီယာကို ပစ်ထားသည့် မေမေလေးကိုပါ စိတ်ကောက်လာသဖြင့် အနီးမှ အဖျော်ဆရာထံမှ ရမ်တစ်ခွက်ကို တောင်းသောက်လိုက်သည်။ တစ်ခါမျှမသောက်ဖူးသဖြင့် အနံ့အသက်ကတော့ လွန်စွာဆိုးရွားနေသည်။ သောက်ချင်သည့်စိတ်နှင့် မသောက်ချင်သည့်စိတ်ကြား နောက်ဆုံးတိုက်ပွဲ၌ စိတ်ကောက်ခြင်း ဟူသည့် စစ်ကူရောက်လာ၍ သောက်ချပစ်လိုက်သည်။ အားပါးပါး.. ခါးချက်။

အစိမ်းရင့်ရောင် သဲနာရီကို စိတ်ဝင်စားစွာကြည့်ရှုနေသည့် အမျိုးသမီး တစ်နည်းအားဖြင့် အန်တိုနီယာ၏မေမေလေး..။ ဤအမျိုးသမီးသည် သူမ၏ဝန်းကျင်ရှိ ပုရိသအပေါင်းတို့၏ ရမ္မက်ခိုးဝေနေသည့် မျက်ဝန်းများကိုလည်း ဂရုပင်မပြု။ သို့သော် သူမ၏ လတ်လတ်ဆတ်ဆတ် ချစ်သူရည်းစားဖြစ်သူကတော့ သည်းမခံနိုင်တော့ပါလေ။

"အို.. ဘုရားသခင်။"

သူမကို နောက်ကျမှ ရုတ်တရက်သိုင်းဖက်လိုက်သည်မို့ မေမေလေးက လန့်သွားရှာသည်ပဲ။ ထို့နောက် အန်တိုနီယာကို တဖြည်းဖြည်းလှည့်ကြည့်လာသည်။

"မင်းကွယ်..။ တို့မှာဖြင့် လန့်သွားတာပဲ။"

အဲ့မျက်ဝန်းတွေက လန့်တယ်ပေါ့လေ။
အန်တိုနီယာမှာဖြင့် ဒီမြေအောက်ကလပ်ထဲ ရောက်လာကတည်းကစ စိုးရိမ်နေရသည်မှာ စက္ကန့်မလပ်။

"မေမေလေးမကောင်းဘူး။ ခေါ်လာပြီး ပစ်ထားတယ်။ ချစ်တယ်ဆိုပြီး ဂရုလည်းမစိုက်ဘူး။"

A Woman On 'Gran Vía'Where stories live. Discover now