Chapter Four

99 8 3
                                    

Unicode

"အဆင်ပြေရဲ့လား..။"

ဘေးချင်းယှဉ်၍ လမ်းလျှောက်နေသူသည် မိမိကို စောင်းငဲ့ကြည့်ကာ မျက်တောင်တစ်ချက်ခတ်ပြသည်။ အဆင်ပြေပါသည်ပေါ့။

မေမေလေးက ညာတယ်..။
သူမကိုစိတ်ပူ၍ တရိပ်ရိပ်တက်နေသည့် အဖျားငွေ့ကိုပင် ဂရုမစိုက်ဘဲ မြူများကြားမှ အဖော်ပြုပေးနေသူကိုပင် ညာရက်သည်။

ဆွယ်တာအဖြူနှင့် ဘောင်းဘီရှည်အပြာရောင်ကို တွဲဖက်ဝတ်ဆင်ထားသူသည် မင်္ဂလာပွဲမှ သတို့သား၏ အုပ်ထိန်းသူဖြစ်သတဲ့။ မေမေလေးမဟုတ်တဲ့ ဘယ်လိုလူကများ အဲ့ဒီဝတ်စုံနဲ့ မင်္ဂလာပွဲတက်ပါ့မလဲ။ ကျိန်းသေပေါက် ဒါဟာ သူမတစ်ဦးတည်းသာ တတ်နိုင်သည့်အရာဖြစ်သည်။

"ကာမန်က ဝတ်ရုံဖြူနဲ့သိပ်ကျက်သရေရှိတယ်။ ကျွန်မလည်းလေ အရင်တုန်းကဆိုရင် ပန်းရောင်ဝတ်ရုံနဲ့ လည်တိုင်မှာ မြဘယက်ကို ဆင်ပြီး ကျင်းပရမယ့် မင်္ဂလာပွဲကို စိတ်ကူးယဉ်ခဲ့တာပါပဲ။"

တိုးဝှေ့ပွေ့ဖက်သွားသည့် လေပွေရိုင်းနှင့် ဆွေးမြည့်သွားသည့် နှလုံးသားငယ်ကို အန်တိုနီယာ မဟန့်တားနိုင်ပါ။ ဘယ်ဘက်မျက်ဝန်းထောင့်မှ စီးကျသွားသည့် မျက်ရည်သည် ခေတ္တအကြာမှာ ပါးပြင်ပေါ်၌ အေးစက်သွားတော့သည်။

"ဒါပေမဲ့ မေမေလေးသိရဲ့လား။ စိတ်ကူးက စိတ်ကူးပဲ။"

မိမိ၏စကားဆုံးသည်နှင့် ရပ်တန့်သွားသည့် နံဘေးက တည်ရှိမှုတစ်ခု။ ပျောက်ကွယ်သွားတော့မည့် တိမ်စိုင်ကို ငေးကြည့်နေသည့်သူကဲ့သို့ မေမေလေးက မိမိကို ငဲ့ကြည့်လာသည်။

"မင်းရဲ့ဘယ်စိတ်ကူးမဆို ဖြည့်ဆည်းပေးနိုင်တဲ့ အရည်အချင်း တို့ဆီမှာရှိပါတယ်။ တို့ပြောပြီးသား မင်းက.."

ထိုခဏမှာ သူမကို နှုတ်ခမ်းကို တင်းတင်းစေ့ကာ တစ်စုံတခုကို အရှုံးပေးလိုက်သည့် ဟန်ပန်နှင့် သက်ပြင်းကို ပြင်းပြင်းကလေး ရှိုက်သွင်းသည်။ ယင်းနောက်မှ "တို့ကလေးပဲ" ဆိုသည့်စကားက အက်ကွဲစွာ ဝိုးတဝါးထွက်လာသည်။

အရည်ကြည်များ အိုင်နေသည့် အဲ့မျက်ဝန်းများ၌ တစ်စုံတရာ မှားယွင်းနေသည်ကို အန်တိုနီယာနားလည်သည်။

A Woman On 'Gran Vía'Where stories live. Discover now