Chapter Twelve

60 5 2
                                    

Unicode





"ဟူး"

အန်တိုနီယာတစ်ယောက် လေပူများကို မှုတ်ထုတ်နေသည်မှာ အခါခါရှိလှပေါ့။

"အစ်မနဲ့နေရတာ အဲ့သလောက်တောင် ပျင်းဖို့ကောင်းနေလား တိုနီ။"

ခုံပေါ်မှာထိုင်ရင်း မိမိဘက်သို့ မျက်စောင်းထိုးလာသည့် လူစီယာက အတော်ကလေး အမြင်ကပ်နေပုံရသည်။ သူမ ပြောလည်း ပြောချင်စရာရယ်ပါ။ သူမ၏ အစီရင်ခံစာကို သေချာဖတ်ပြီး စာလုံးပေါင်းသတ်ပုံများကို စစ်ဆေးရန် ဤနံနက်က မေမေလေးထံမှ အန်တိုနီယာကို ခေါ်ထုတ်လာခဲ့သည်။ နှစ်နာရီမျှပင် ရှိသေးသော်လည်း အန်တိုနီယာ ပျင်းလှပြီ။ မေမေလေးသည်မူ ခဏကတည်းက အပြင်ထွက်သွားခဲ့သည်။ ကိစ္စဝစ္စများသောသူမို့ သူမကို အန်တိုနီယာတစ်ယောက် ခပ်ရဲရဲပင် စိတ်မကောက်နိုင်ပါ။ မကြည်ဖြူ မရှုဆိတ် ငြိုငြင်သွားမည်စိုးလှပါ၍..။

"မစ္စတာ ဘန်းနက်ကို ဘယ်လိုမှ စိတ်ထဲမရှိနိုင်ဘူးလား တိုနီ။"

ဒီလူကြီးနာမည် ပါလာပြန်ပြီ။

"မဟုတ်တာ လူစီယာ။ စိတ်ထဲတော့ ရှိတာပေါ့။"

အဖြေကို ကြားပြီးသည်နှင့်တစ်ပြိုင်နက် မျက်နှာအမူအရာက မြန်ဆန်စွာ ပြောင်းလဲသွားသည့် တစ်အူထုံ့ဆင်း အစ်မပင်။

"ဟုတ်လား။ ဘယ်လိုမျိုး ရှိတာတဲ့လဲ။"

"ကြမ်းပိုးတစ်ကောင်လို"

"ဟမ်"

လူစီယာသည် ခေါင်းတဆတ်ဆတ်ခါရင်း သူမ၏ အစီရင်ခံစာကိုသာ ဆက်ရေးနေတော့သည်။ နာရီဝက်မျှ အကြာတော့ သူမထံမှ စကားသံအချို့ထွက်လာသည်။

"အစ်မတို့ ဂျာနယ်တိုက်မှာ ဒိုရသီ ဆိုတဲ့ မိန်းကလေးငယ်တစ်ယောက်ရှိတယ်။ အရည်အချင်းသိပ်ရှိပြီး သိပ်ထက်မြက်တာ။ တစ်ပတ်မှာ လေးရက်လောက်က သူ့သတင်းထိပ်စီးတွေကသာ အမြဲနေရာယူတာ။ သူ့အသက်သုံးဆလောက်ကြီးတဲ့ အယ်ဒီတာကအစ အရေးတယူနှုတ်ဆက်ရလောက်အောင် အဲ့သလောက်ထိ ပစားခံရတယ်။"

ငယ်စဉ်ကတည်းကပင် လူစီယာနှင့် အန်တိုနီယာတို့သည် မိမိတို့၏ တစ်နေ့တာ အတွေ့အကြုံများကို တစ်ယောက်တစ်လှည့်မျှဝေခဲ့သည်မှာ ယနေ့ထိပင်။ နောက်ကျောသာ မြင်နေရသမို့ လူစီယာသည် ထိုအကြောင်းကို မည်ကဲ့သို့သော မျက်နှာအမူအရာနှင့် ပြောနေကြောင်း မသိရ။ သူမ၏ အသံကတော့ လွန်စွာ ပြတ်သားလွန်းနေပြီး စကားလုံးများကို လေးလေးနက်နက်စဉ်းစားကာ ပြောဆိုနေပုံပင်။

A Woman On 'Gran Vía'Where stories live. Discover now