Chapter Seven

142 12 8
                                    

Unicode

မိုင်နှစ်ရာကျော်ဝေးသည့် ခရီးဝေး၌ အိပ်မပျော်စေရန်အလို့ငှာ မည်သည့်ဆေးကမှ တားနိုင်စွမ်းမရှိပါ။ ထို့နည်းတူ အန်တိုနီယာသည်လည်း ခရီးစဉ်တစ်ဝက်မျှကို အိပ်မောကျလျက်သားလေး လိုက်ပါလာ၏။ ခေါင်းပေါ် ရောက်ရောက်လာတတ်သည့် လက်ဖဝါးနွေးနွေးလေးကိုလည်း ခံစား၍ရနေသည်။ စံအိမ်၌ရှိသည့် မွေ့ရာအထူကြီးတောင် ဤကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်စေခဲ့ပါ။ မယုံမရှိကြပါနှင့်၊ မော်တော်ကားစီးနေချိန် အိပ်မောကျခြင်းသည်သာ အကောင်းမွန်ဆုံးသော အိပ်စက်နည်းပင်။ ပုံ - အန်တိုနီယာ ဒွန်ညာ အော်တဲကာ။

"ဟိတ် ထတော့..။ မင်းဒီရှုခင်းကို လွတ်ရင် သိပ်နောင်တရဖို့ကောင်းတယ်။"

နှုတ်ခမ်းဖြင့် အသံလည်းပေး၊ လက်ဖြင့်ရိုက်ကာ အသိလည်းပေးသည့် မေမေလေးပါပင်။ နံဘေးပတ်ဝန်းကျင်သည် ရာသီကျ အလေ့ထပေါက်လေ့ရှိသော တောမြက်ပန်းအမျိုးအစားများဖြင့် ပြည့်နှက်ကာ စိမ်းစိုနေသည်။ ပန်းရိုင်းတို့သည် တစ်ထွာမှ သုံးထွာအထိ ရှိမည်ဟု ခန့်မှန်းသိရှိရသည်။ တဖြည်းဖြည်းဆက်သွားလေ၊ ထိုအပင်ရိုင်းတို့က ပို၍ပို၍ ရှည်လာသည်။ အချို့ဆိုလျှင် ကားပြတင်းထိပင် ရှိပါသည်။

"ဒါဘယ်မြို့လဲဟင် မေမေလေး။"

"ခရီးတစ်ဝက်လောက်ဆိုတော့ ခွမ်ကာမြို့ကို ရောက်ခါနီးပြီ။ မြို့ထဲရောက်ရင် တို့တစ်တွေ မနက်စာလေးစားလိုက်ရအောင်။"

"စားမှပဲ။ ကျွန်မဗိုက်ဆာလှပြီ။"

မေမေလေးသည် အသံထွက်သည်အထိ တခစ်ခစ်ရယ်မောနေသည်။ ဘာများထူးဆန်းသွားလို့လဲ။ သတိထားမိတော့မှ ဗိုက်ကိုလက်ဖြင့်ပွတ်ပြီး မိမိ၏လေသံသည်လည်း အလွန်ချွဲပြစ်နေကြောင်း သိရသည်။ အခု မေမေလေးကို အန်တိုနီယာ နွဲ့မိတာလား။

တကယ်ပါပဲ.. ဒါက သိပ်ရှက်ဖို့ကောင်းလွန်းတယ်။

ရှက်လွန်း၍ သူမ၏ ကုတ်အင်္ကျီကို နှာခေါင်းထိပ်အထိ ဆွဲတင်လိုက်သည်။ ဘာရယ်မဟုတ်၊ မျက်ဝန်းတို့ကို ကစားမိသည့်အခါ နောက်ကြည့်မှန်တစ်ဆင့် မိမိကိုငေးနေသည့် မေမေလေးကို တွေ့ရသည်။ ရီဝေ၍မိန်းမောနေသည့် အကြည့်များ။

A Woman On 'Gran Vía'Where stories live. Discover now