Chapter Thirteen

93 4 0
                                    

Unicode

မြို့တော်ကြီး၏ နတ်ဗိမာန်ဟု တင်စားခေါ်ဝေါ်ခြင်းခံရသည့် 'ညဉ့်ဆည်းဆာ' ဥယျာဉ်တော်။

တစ်နေ့တာလုံး သူမ၏ တာဝန်ကို ထမ်းရွက်မှုပြုပြီးသည့်အခါ ဤကဲ့သို့သော ညဉ့်ဦးယံသည် ဥယျာဉ်တော်၏ အနားယူချိန် ဖြစ်ပါသည်။ ပိုးစုန်းကြူးများက ဟိုတစ်စ၊ သည်တစ်စ ထွက်ပေါ်လာကာ သူတို့၏ ရှိရှိသမျှသော အရောင်အဝါတို့ဖြင့် ပန်းမန်များကို လင်းလက်စေချင်ရဲ့။ အဖြူရောင် ကျောက်ခုံတန်းနံဘေးရှိ နှစ်ပေအမြင့်ရှိသည့် ရေပန်းထဲမှ ရေကျသံခပ်စိပ်စိပ်က ဥယျာဉ်ကြီးအတွက် သားချော့တေးသဖွယ်။

မာယာသည် သူမ၏ ခရမ်းရောင်မီးအိမ်ကို ဘယ်လက်မှဆွဲကာ ကျောက်ခုံတန်းလေးဆီသို့ ဦးတည်လာခဲ့သည်။ ဤဥယျာဉ်ပိုင်ရှင်၏ သမီးဖြစ်သည်မို့ ဥယျာဉ်ပိတ်ချိန်မှာတောင် သူမ၏ တံခါးမရှိ ဓားမရှိ သွားလာခွင့်ရ‌နေခြင်းက မထူးဆန်းပါချေ။ သို့သော် မာယာသည် သူမ၏ အတွေးပယ်လယ်ထဲဝယ် စီးမျောနေပုံရသည်။ ည၏အလှအောက်၌ မြင်တွေ့နေရသည့် နှင်းဆီနှင့် လီလက်ပန်းများ၏ နေ့ခင်းနှင့်မတူ တမူထူးသော အလှများကို အံ့ဩကြည်နူးစွာ ခံစားနေလေသည်။ သို့သော် ရုတ်တရက် အရိုင်းဆန်ဆန် လှုပ်ခါသွားသည့် စံပယ်ရုံက မာယာ၏ အာရုံအလုံးစုံကို ဖမ်းစားသွားခဲ့သည်။

ရုတ်တရက် စံပယ်ရုံနောက်မှ လူတစ်ဦးက လျင်မြန်ဖျတ်လတ်စွာ ခုန်ထွက်လာပါသည်။ ထိုလူ၏ လက်၌ စာအုပ်တစ်အုပ်က ရှိနေလေသည်။ အခြားသူမဟုတ်.. ဤမြို့၏ နာမည်ကြီးပါပေ့၊ ကျော်ကြားပါပေ့ ဆိုသည့် ကဗျာဆရာ ဂတ်ဘရီရယ်ပင်။ ဂတ်ဘရီရယ်၏ မျက်လုံးတို့က မာယာကို စေ့စေ့ကြည့်လို့နေသည်။

မာယာသည် ရုတ်တရက်မို့ အံ့ဩသွားသော်လည်း ထိတ်လန့်ခြင်းမရှိပါ။

"ဂတ်ဘရီရယ်.. ဒီအချိန်ကြီး ရှင်ဒီမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။"

မာယာသည် ခပ်တိုးတိုးကလေးသာ မေးမိပါသည်။ ထိုအခါ ဂတ်ဘရီရယ်က သူမကို မျက်လုံးအိမ်မှေးသွားသည်အထိ နှစ်လိုဖွယ် ပြုံးပြသည်။

"ကိုယ့် အကြောင်းပြချက်က မင်းနဲ့ တူလောက်မယ်ထင်ပါတယ်။ ညဉ့်ဦးယံရဲ့ တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ဟောဒီ့ ဥယျာဉ်ကြီးရဲ့အလှ၊ ပြီးတော့.. မင်းများ ဒီကို လာလေမလားဆိုတဲ့ သေးငယ်တဲ့ မျှော်လင့်ခြင်းက ကိုယ့်ကို တွန်းအားပေးလို့ ကိုယ်ဒီရောက်လာတာ။"

You've reached the end of published parts.

⏰ Last updated: May 12 ⏰

Add this story to your Library to get notified about new parts!

A Woman On 'Gran Vía'Where stories live. Discover now