အတ္တများနဲ့အချစ် part-2

395 48 13
                                    

"ကျုပ်ရည်းစားလုပ်ပြီး ဆပ်"

ဒီကောင်လေး ဘယ်လိုတွေတောင် ပြောထွက်ရတာလဲ ညီမလုပ်သူရဲ့ရည်းစားကို ကျနော်ကဘယ်လိုလုပ်ရည်းစားတော်ရမှာလဲ

"ကျုပ်ကို ခင်ဗျားညီမထားသွားတာ အဲ့တော့အခုခင်ဗျားညီမနဲ့ ကျုပ်နဲ့ဘာမှ မဟုတ်တော့ဘူး"

ကောင်လေးကသူ့အတွေးတွေကို ကြိုသိနေသည့်အလား ရှင်းပြလာခဲ့သည် ဝတ်ထားတာက all black လက်မှာလည်းtattooတွေနဲ့နှုတ်ခမ်းနဲ့မျက်ခုံးမှာလည်း piercingတွေနဲ့ သူ့ကိုသူ Mafiaကျနေတာပဲ

"ဟိတ် ကြည့်လို့မပြီးသေးဘူးလား"

"မင်းကိုကြည့်ချင်လို့ ကြည့်နေတာမဟုတ်ဘူး မင်းပုံစံက ရုပ်ရှင်တွေထဲက Mafiaကျနေတာပဲ လုံးဝငါမကြိုက်တဲ့ type"

"နောက်ကျ တမ်းတမ်းစွဲသွားလိမ့်မယ် ကျုပ်ကကောင်းပါတယ်"

"မင်း ဘာတွေပြော..."

ဂျောင်ဂုအရှေ့က ခရမ်းချဥ္သီးလူသားကို သေချာကြည့်နေမိသည် ဒီလူသားရှက်တဲ့ပုံစံလေးက အမှန်တိုင်းပြောရရင် ချစ်ဖို့ကောင်းပါသည် ဒါပေမယ့် သူ့အတွက်တော့ မဟုတ်

" ကျုပ်က ယုယကြင်နာတတ်တယ်လေ နောက်ပိုင်းကျ ကျုပ်အထိအတွေ့မှာ ခင်ဗျားသာယာသွားမှာပါ"

"မင်း! "

"ခင်ဗျားသိပ်အော်မနေပါနဲ့ အသံတွေဝင်ကုန်လိမ့်မယ် အော်ဟစ်ပြီး အသံဝင်ရမယ့်အချိန်က သက်သက်ရှိတယ်"

အသံဝင်တဲ့အထိ အော်ဟစ်ရမယ်ဆိုတာကသူငါ့ကို သတ်မယ့်အချိန်များလား ကောင်လေးကြည့်ရတာ တကယ်လုပ်မယ့်ရုပ်ကြီး

"..........."

"အဲ့ခေါင်းသေးသေးလေးက ဘာတွေတွေးနေပြန်တာတုန်း ဟူးးး အစ်ကိုနဲ့ညီမတခြားဆီ"

"ငါ့ဘာသာငါဘာတွေးတွေးပေါ့ မင်းအပူလား"

ဂျင်အရှေ့ကလူကို မျက်စောင်းထိုးလိုက်လေသည် ကိုယ့်ဘာသာဘာတွေးတွေးပေါ့ ဂျင့်ခေါင်းကိုများသေးသေးလေးတဲ့ ပြီးတော့ပွစိပွစိနဲ့ဘာတွေပြောနေမှန်းမသိဘူး

"ထားပါတော့ ကျုပ်ကိုအကြွေးဆပ်မယ် မဟုတ်လား"

"တခြားနည်းနဲ့ဆပ်မယ် မင်းရည်းစားတော့မလုပ်ပေးနိုင်ဘူး"

အတ္တများနဲ့အချစ် (ongoing)Where stories live. Discover now