အတ္တများနဲ့အချစ် part-7

427 48 15
                                    

"သား ဘယ်ကပြန်လာတာလဲ"

"ဟို သား ပန်းပန်းဆိုင်ကပါ"

ဂျင်ညကအိမ်မပြန်လာလို့ အိုမားကမေးနေခြင်းပင် အိုမားကိုပထမဆုံးလိမ်ညာပြောလိုက်မိသည် ဂျင်ရည်းစားထားရင် ဘာမှပြောမှာမဟုတ်ပေမယ့် အိုမားကိုဂျင့်ကြောင့်စိတ်မပူစေချင်ဘူး

ကျောင်းတုန်းကအဖြစ်ပျက်ပြီးကတည်းက ဂျင် ကင်မ်ထယ်မှလွဲ၍တခြားသူတွေနဲ့အတက်နိုင်ဆုံးကင်းကင်းနေခဲ့သည် ထိုအဖြစ်ပျက်က ဂျင့်အတွက်တော့အိမ်မက်ဆိုးလိုပင် အပါးရောအိုမားရော အဲ့အဖြစ်ပျက်ပြီးကတည်း ဂျင့်ကိုမျက်စိအောက်ကအပျောက်မခံတော့ပေ

"အိုမားသားလေးက တခြားသာမာန်
ယောကျင်္ားလေးတွေနဲ့မတူတာ သိတယ်မဟုတ်လား"

"ဟုတ်ကဲ့ သားသိပါတယ်"

"ပင်ပန်းနေရောပေါ့ အပေါ်တက်ပြီးနားတော့နော်"

"ဟုတ်"

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

"ကိုကို"

"ဟင်"

"ဂျောင်ဂုနဲ့အဆင်ပြေရဲ့လားဟင်"

"အွန်း ဒီလိုပါပဲ ငယ်လေးရဲ့"

"ဂျောင်ဂုတော့ တော်တော်ကိုပြောင်းလဲသွားတာ ကိုကိုသိလား"

ငယ်လေးက ဂျင့်အခန်းထဲမှာ လာစကားပြောနေခြင်းပင်

"ဘယ်လိုပြောင်းလဲသွားတာတုန်း"

"ဒီလိုလေ ကိုကိုရ"

"အွန်း"

"အရင်ကဆိုသူနဲ့တွဲဖို့ပြောတဲ့သူတိုင်းကို အကုန်တွဲပေးတာကိုကိုရ"

"ဘယ်လို"

"ဟုတ်တယ်ကိုကိုရ ညီမလေးနဲ့တွဲနေတုန်းကလည်း ကျန်တဲ့သူတွေနဲ့တွဲတာ"

"အခုရောဟင်"

"အခုတော့သူ့ကိုတွဲဖို့လာ​ပြောတဲ့မိန်းကလေးတိုင်းကို ကျုပ်မှာကောင်လေးရှိတယ်ဆိုပြီး ငြင်းလွှတ်တယ်တဲ့"

ဂျင့်ရင်ထဲကြည်နူးမိသွားသည် ဒီကောင်လေးဂျင့်ကိုပေးထားတဲ့ကတိတော့ တည်သားပဲ

"ကိုကို"

"ဟင်"

"ဟော ဘာတွေပြုံးနေတာလဲ"

အတ္တများနဲ့အချစ် (ongoing)حيث تعيش القصص. اكتشف الآن