"ကောင်းပြီလေ ငါမင်းနဲ့တွဲမယ် ဒါပေမယ့်တစ်ခုတော့ ရှိတယ်"
"ဘာလဲ"
"မင်းငါနဲ့တွဲနေစဥ္တခြားတစ်ယောက်ထပ်မထားရဘူး"
"ဟက် ဘာလဲ သဝန်တိုလို့လား"
"တိုစရာအကြောင်းမရှိဘူး ငါလည်းမင်းအပြင်ထပ်မထားမှာမို့....."
"ထားလို့လည်း မရပါဘူး ထားခဲ့ရင်ခင်ဗျားကိုတော့ ဘာမှလုပ်မှာမဟုတ်ဘူး ဟိုကောင်ကိုေတာ့ ကျုပ်အသေသတ်မှာ!"
ဂျင်တကယ် ထိုကောင်လေးကို ကြောက်နေမိပြီ အခုလည်းကြည့်ပါအုံး ရည်းစားထားခဲ့ရင်တောင် တစ်ဖက်သူကိုသတ်မယ်တဲ့လေ သူ့ကြည့်ရတာ တကယ်လုပ်မယ့်ရုပ်
"ခင်ဗျားနောက်အခါ ရည်းစားထားမယ်ဆိုတဲ့အကြောင်း ကျုပ်ရှေ့ထပ်မပြောမိစေနဲ့"
"အဲ့ဒါဆို မင်းလဲ "
"ကျုပ်လည်း ခင်ဗျားအြပင်ထပ်မရှိစေရဘူး"
"okလေ"
"ပြီးတော့ ရှိသေးတယ် မင်း မင်းနဲ့ ကျုပ်ကိုထပ်မပြောနဲ့"
"ငါကဘယ်လိုပြော..."
"ကိုကိုလို့ ခေါ်"
"ဘာကွ မင်းကငါ့ညီမနဲ့ရွယ်တူ ငါ့ထက်၅နှစ်တောင်ငယ်တယ်လေ"
"အစ်ကိုလို့ခေါ်ခိုင်းနေတာမှမဟုတ်တာ ကိုကိုလို့ခေါ်ခိုင်းတာလေ"
".........."
"ကိုကိုလို့တစ်ခါခေါ်ရင် ခင်ဗျားကြိုက်တာ ဝယ်ပေးမယ်"
"အဲ့ဒါဆို မင်းလဲငါ့ကို အစ်ကိုလို့ပြန်ခေါ်လေ"
"ခင်ဗျားက ကျုပ်အစ်ကိုမှမဟုတ်တာ မခေါ်နိုင်ပါဘူး "
"မင်းတောင်မခေါ်တာ ငါလဲ....."
"ခင်ဗျားအမေရဲ့အထည်ဆိုင်ကို မီးရှို့ပစ်ရမလား ဒါမှမဟုတ် ကျုပ်ကို ကိုကိုလို့ခေါ်မှာလား ကြိုက်တာရွေး"
"မင်း !"
"ဖုန်းတစ်ချက်ဆက်ရုံနော်"
"........"
"ခေါ်လေ!"
"ကို...ကိုကို"
"ဗျာ့"
ဒီလိုနဲ့ သူနဲ့ကျနော့်ရဲ့ ဇာတ်လမ်းလေးက သူရဲ့ခြိမ်းခြောက်မှုတွေနဲ့ စတင်လာခဲ့တော့သည် ဂျောင်ဂုတို့မိသားစုက လူသတ်ပြီးဘယ်သူမှမသိနိုင်အောင်တောင် လုပ်နိုင်တဲ့ အသိုင်းအဝိုင်းကြီးထဲကဆိုတော့ ကျနော့်ကို ခြိမ်းခြောက်နေတာတွေကလည်း သူ့အတွက်ပမွှားလေးပင်