အတ္တများနဲ့အချစ် part-6

371 47 27
                                    

"ကင်မ်ဆော့ဂျင် ခင်ဗျားဒီမှာဘာလုပ်နေတာလဲ"

ဂျောင်ဂု ဘီယာသောက်နေရင်း ဂျင်နဲ့တူတဲ့ကျောပြင်လေးကို တွေ့လိုက်ရသည် ဂျင့်အရှေ့က ပန်းဆိုင်မှာတွေ့ခဲ့တဲ့ သူ့သူငယ်ချင်းကိုတွေ့တော့မှာ ဂျင်မှန်းသေချာသွားတော့သည် သူ့သူငယ်ချင်းထွက်သွားတော့ ဂျောင်ဂု ဂျင်တို့ဝိုင်းဆီသွားနေတုန်း ဂျင်ပုခုံးပေါ်လက်တင်ပြီး နားအနားကပ်ပြီးစကားပြောနဲ့တဲ့ အကောင်တစ်ကောင်ကို တွေ့လိုက်ရသည်

"မောင် ငါ ငါလေ"

မောင်တဲ့ ဟိုတစ်ခါခေါ်ပြီးထဲက မခေါ်တော့တဲ့နာမ်စားလေး ကိုကိုဘာတွေကိုကြောက်နေလို့ ဒီလောက်တုန်ရီနေရတာလဲ အရှေ့က ကောင်နဲ့ကရော ဘာတွေလဲ

"မင်းက ဘာကောင်လဲ"

"baby ကိုမေးကြည့်လေ ငါဘာကောင်လဲသိချင်ရင် ဟက်"

"တောက်!"

"ဟင်း babyကိုယ်သွားတော့မယ်နော် မကြာမီပြန်တွေ့မယ်"

ဂျောင်ဂု အရှေ့ကအကောင်ကို သေချာမှတ်ထားလိုက်သည် ဂျွန်ဂျောင်ဂုကို အဲ့လိုလာလုပ်လို့မရဘူး ကင်မ်ဆော့ဂျင်နဲ့ခင်ဗျား ဇာတ်လမ်းရှိခဲ့ရင် ခင်ဗျားကို ကျုပ်ကိုယ်တိုင်ငရဲပို့ပစ်မယ်

"ဟင့် မောင်...ငါကြောက်တယ်...ခုနက လူကလေ.."

"တော်ပြီ အဲ့အကောင်ကြောင်းမကြားချင်တော့ဘူး..barကို ဘာလိုရောက်လာတာလဲ"

ဂျောင်ဂု စကားလမ်းကြောင်းလွဲလိုက်​ေတာ့သည် ဘယ်တွေဖြစ်ပျက်ခဲ့လို့ ဒီလူအဲ့လောက်ထိကြောက်နေရတာလဲ သူ့မျက်ရည်တွေ မြင်ရင် ဒီကကောင်ရဲ့ရင်ဘတ်ထဲကနာတယ် ဘယ်လိုကြောင့်ပါလိမ့်

"ကင်မ်ထယ် ခေါ်လာတာ"

"ကိုကိုကအရမ်းဆိုးနေတာမဟုတ်လား "

"ဟင်"

မောင်ကလူကိုအရမ်းခြွေတာပဲ မောင့်ရဲ့အသံချိုချိုလေးနဲ့ ကိုကိုလို့ခေါ်ခံရတာ ဂျင်အရင်ဘဝက ကုသိုလ်တွေအများကြီးလုပ်ခဲ့လို့ ထင်ပါရဲ့

"ကိုကို့ကို မောင်ဘယ်လိုအပြစ်ပေးရမလဲ"

"ဂျောင်ဂု..."

အတ္တများနဲ့အချစ် (ongoing)Where stories live. Discover now