"ဂျွန်ဂျောင်ဂု မင်းဒီကိစ္စရှင်းစမ်း"
ဂျောင်ဂု ကြည့်လိုက်တော့ စာပွဲခုံပေါ်မှာ ဂျင်နဲ့သူနဲ့လက်ချင်းကိုင်ပြီး လမ်းလျှောက်နေတဲ့ပုံတွေ ၊ လမ်းမှာ မုန့်လုစားနေတဲ့ပုံတွေ ၊ တစ်ယောက်နဲ့တစ်ယောက်ပြုံးပြီးတော့ကြည့်နေတဲ့ပုံတွေ
"ရှင်းစရာမလိုဘူး ဒယ်ဒီ အကုန်အမှန်တွေကြီးပဲ"
"ဘာကွ ! ငါ့သားကဂေးလို့တော့ အပြောမခံနိုင်ဘူး မင်းအခုအဲ့ကောင်လေးကို အရင်ကကောင်မလေးတွေလိုပဲ ဖြတ်လိုက်"
"ကျနော် သူ့ကိုတွဲခဲ့တာ ဖြတ်ဖို့မဟုတ်ဘူး အရင်ကဟာတွေနဲ့လည်း သူနဲ့မတူဘူး ကျနော်သူ့ကို လက်ထပ်ဖို့အထိရည်ရွယ်ထားတာ"
" ဘာကွ မင်းကငါ့ကို အာခံနေတာလား မရဘူးဂျွန်ဂျောင်ဂု ငါလုပ်လို့လူဖြစ်လာတာ မင်းက "
"ဒယ်ဒီကျနော့်တို့နှစ်ယောက်ကိစ္စထဲ ဝင်မါပါနဲ့ "
"မင်းပြောနေကြ မင်းကိုရွေးချယ်စရာနှစ်ခုပေးမယ်"
"......"
"ချွဲလေးနဲ့စေ့စပ်မလား နိုင်ငံခြားမှာကျောင်းသွားတတ်မလား"
"နှစ်ခုလုံးမလုပ်ဘူး ဒယ်ဒီ"
"ဘာပြောတယ်"
"ဒယ်ဒီတောင်မာမီကိုပြစ်ပြီး နောက်မိန်းမယူခဲ့သေးပဲ"
"မင်း !! ငါဆွဲမထိုးခင်သွားလိုက်တော့"
"သွားမှာပါ ကျနော်ကလဲဒီအိမ်အရိပ်မနင်းချင်လို့ တစ်ယောက်ထဲကွန်ဒိုမှာနေနေတာ ဒယ်ဒီလှမ်းခေါ်လို့သာ လာရတာ နောက်တစ်ခါမခေါ်ပါနဲ့"
"တောက်!!"
🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹
ဂျောင်ဂုဘဝသည် ငယ်စဥ္ကတည်းက မိတစ်ခွဲဖတစ်ခွဲနဲ့နေခဲ့ရခြင်းပင် ဒယ်ဒီနဲ့မာမီသည် မိဘတွေပေးစားလို့ယူခဲ့ခြင်းမဟုတ် အိမ်ကသဘောမတူတာတောင် ချစ်လို့ခိုးပြေးခဲ့ခြင်း
သို့သော်လည်း သူ့အသက်၅နှစ်အရွယ်မှာပင်မာမီနဲ့ဒယ်ဒီသည် တရားဝင်ကွာရှင်းခဲ့ကြသည်*ချစ်တယ်ဆိုပြီး ဘာကြောင့်ကွာရှင်းကြလည်း နားမလည်နိုင်ပါ*