part -12(ပထမပိုင်း)

466 48 10
                                    

"နင် ငါ့ကိုမရွဲ့နဲ့ဂျွန်အီရန်"

"အားးးး"

ထိုအခိုက် Toiletအခန်းထဲမှ အားဆိုတဲ့အသံကြီးကဟိန်းခနဲ ဆော့ဂျင်သည် သူ့ကိုဖမ်းထားတဲ့တဲ့လူတွေသတိလက်လွှတ်ဖြစ်နေစဥ္မှာပင် ပါးစပ်ကိုပိတ်ထားတဲ့သူရဲ့လက်ကို အသားကုန်ဆွဲကိုက်လိုက်ခြင်းပင်ဖြစ်သည်

"ဟဲ့ အထဲမှာလူရှိတာလား"

ဆရာမကပြောလည်းပြော toiletအခန်းထဲသို့ ဝင်လာခဲ့သည် ဝင်လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူမထိတ်လန့်မိသွားတော့သည်

"ဂျွန်အီရန် ကျောင်းအုပ်ကြီးကိုသွားခေါ်"

သူမဆရာမလုပ်လာတဲ့သက်တမ်းအတွင်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ တစ်ခါမှမကြုံဖူးခဲ့ပါ ကတုန်ကယင်နဲ့ပဲ အီရန်လေးကို ကျောင်းအုပ်ကြီးကိုခေါ်ခိုင်းမိသည် အလယ်တန်းကျောင်းသားမို့ ဒီလိုမြင်ကွင်းမျိုးကိုမမြင်သင့်ဘူးလို့လည်းသူမထင်ပါသည် ကလေးကငယ်လွန်းတယ်လေ အတုမြင်အတတ်သင်တဲ့အဖြစ်မျိုးသူမလက်မခံနိုင်ပေ

"ဟုတ်"

ဆော့ဂျင်သည် ဟိုတစ်ယောက်ကိုအသားကုန်ကိုက်ပြီးတော့ ရှိသမျှအားအင်များကုန်ခမ်းလျက် မျက်လုံးလေးများမှေးစင်းနေလေသည် ဆရာမရဲ့ဟိုကောင်လေးရဲ့နာမည်ခေါ်လိုက်သောအသံကြောင့်မျက်လုံးလေးများဖွင့်ကြည့်မိတော့ ကျောခိုင်းသွားတဲ့ကျောပြင်လေးကိုပဲ မြင်လိုက်ရပါတော့သည် ခဏအကြာမှာတော့ သူဟာလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတော့သည်

သူသတိရလာတဲ့အချိန်မှာတော့ ဆေးရုံကိုရောက်ရှိနေပြီ မေမေကတော့ ဘာမှမဖြစ်တော့တဲ့အကြောင်းတဖွဖွပြောနေပေမယ့် သူ့အတွေးထဲဂျွန်အီရန်ဆိုတဲ့ကောင်လေးကိုသာကျေးဇူးတင်ကြောင်း ပြောချင်နေမိသည်

"မေမေ ဟိုအပေါ်ကအင်္ကျီကဘယ်သူ့ဟာလဲ"

ဟိုကောင်လေးရဲ့ အင်္ကျီများလားဆိုတဲ့ အထင်နဲ့မေးလိုက်ပေမယ့်လည်းပြန်ကြားလိုက်ရတဲ့အဖြေကြောင့် ဝမ်းနည်းမိသွားသည်

"ဆရာမပေးတာပဲ သားကျောင်းအင်္ကျီတွေကပြဲနေလို့လေ "

ကင်မ်မင်ဟေး သားဖြစ်သူနိုးနိုးချင်းပြောတဲ့စကားကြောင့် ကြောင်အသွားမိတာအမှန်ပင် သူကသာ စိတ်မပူဖို့ပြောနေပေမယ့်လည်း သားဖြစ်သူကတော့ စားပွဲပေါ်က အင်္ကျီလောက် စိတ်မဝင်းစားဟန်

Você leu todos os capítulos publicados.

⏰ Última atualização: Jul 24 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

အတ္တများနဲ့အချစ် (ongoing)Onde histórias criam vida. Descubra agora