"လမ်းခွဲရအောင် ဂျောင်ဂု"
"ဘာပြောတယ် ပြန်ပြောစမ်း"
"လမ်းခွဲမယ်လို့ ပြောနေတာ"
"ဘာဖြစ်လို့ လမ်းခွဲချင်ရတာလဲ ဟိုကောင်ကြောင့်လား"
"နင်သိနေတယ်"
"ငါ့ကို ငတုံးများမှတ်နေလား ကင်မ်ဆိုယောင်း"
"နင့်ကို ငါမချစ်ခဲ့ဘူး ဂျောင်ဂု"
"ဟက် ဟိုကောင့်ကိုတော့ချစ်တယ်ပေါ့ ဟုတ်လား ပြောစမ်း"
"ဟုတ်တယ် ငါသူ့ကိုချစ်တယ် နင်လဲငါ့ကိုတကယ်မချစ်ခဲ့ပါဘူး ဂျောင်ဂုရာ"
"ပြောစမ်းပါအုံး ငါမချစ်ဖူးလို့ထင်ရတဲ့အကြောင်းအရင်းလေး"
"နင့်ရဲ့ အကြည့်တွေ ပြီးတော့ နင် ငါအပေါ်ဘာတုန်းကများ စိတ်ရှည်ဖူးလို့လဲ ပြီးတော့ ငါ နင်နဲ့ရှိနေတဲ့အချိန်တွေ ဘယ်တုန်းကမှ မပျော်ခဲ့ဖူး"
" ဟိုကောင်နဲ့တော့ပျော်တယ်ပေါ့ ဟုတ်လား!"
"ဟုတ်တယ် သူနဲ့တွေ့ရင် ငါပျော်တယ် ပြီးတော့သူက ငါ့ကို တကယ်ချစ်တယ်လို့လည်း ခံစားမိတယ် နင် ငါ့ကိုလိုက်မနှောင့်ယှက်ပါနဲ့ ဂျောင်ဂု ငါတို့နှစ်ယောက်ဇာတ်လမ်း ဒီမှာပြီးပြီ"
"ဟက် မင်းကိုငါက လိုက်နှောင့်ယှက်မယ်များထင်နေတာလား sorryပဲ မင်းကိုတော့ လိုက်မနှောင့်ယှက်ဘူး မင်းအစ်ကိုကိုနှောင့်ယှက်ပြီး မင်းတို့မိသားစုတခုလုံး စိတ်ဆင်းရဲအောင်လုပ်ပြမယ် "
ကင်မ်ဆော့ဂျင်ဆိုတာ သူတို့တစ်မိသားစုလုံးရဲ့ သည်းသည်းလှုပ် ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ကို ပစ်ပြမယ် ကင်ဆော့ဂျင်ကိုလဲ အနိုင်ကျင့်လို့ရမယ် သူတို့မိသားစုလဲ စိတ်ဆင်းရဲရမယ် အဲ့ဒါငါ့ကို မင်းဘက်က အရင်စဖြတ်ခဲ့လို့
"ငါ့အစ်ကိုတော့ မလုပ်ပါနဲ့ဂျောင်ဂုရာ ငါတောင်းပန်ပါတယ် ငါ့အစ်ကိုကရည်းစားတောင် ထားဖူးတာ မဟုတ်ဘူး"
"ဟက် ရည်းစားမထားဖူးတဲ့လူကို ရည်းစားထားရတာ ဘယ်လောက်ကောင်းကြောင်းပါ သင်ပေးလိုက်မယ်"
"နင်!"
"နားငြီးတယ် လာအော်မနေနဲ့ ငါ့မျက်စိရှေ့ကနေ နင်သွားတော့ အော် တစ်ခုတော့မှတ်ထား"