Part - 8 ( U )

53 5 0
                                    

"ဒုန်း"

ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသောအသံသည် သူမရှေ့ မလှမ်းမကမ်းတွင်ဖြစ်ပျက်သွားသည်မို့ မူယာ့မျက်လုံးများပြာသွားကာ ခြေသည်လဲမခိုင်ချင်တော့ပေ။မျက်လုံးအားစုံမှီတ်ကာ လက်နှစ်ဖက်ဖြင့်နားကိုအုပ်၍သာထိုင်ချမိလေသည်။ ဤသည်မှာလမ်းတစ်ဖက်ရှိ မိုးအရှေ့တွင် ဖြတ်သွားသောကားမှ ထွက်ပေါ်လာသောအသံပင်။ ချက်ချင်းဆိုသလို အတွေးထဲဝင်ရောက်လာသူက ထိုကလေးပင်။ မိုးဘာဖြစ်သွားသလဲ ထိုကလေးအဆင်ရောပြေရဲ့လား အတွေးပေါင်းစုံဖြင့်။ ထို့နောက်မူယာ့ခြေလှမ်းများသည် ကားလမ်းကိုပင်သတိမမူနိုင်တော့ တစ်ဖက်ရှိထိုကလေးဆီရောက်ချင်ဇောသာရှိသည်။

ထိုအသံကြောင့် မိုးလန့်ကာ ကော်ဖီခွက်လေးတသ်ခွက်သည် လွတ်ကျသွားလေသည်။ ကိုယ့်အရှေ့မှ ဖြတ်သွားသောကားမှ ဘီးပေါက်သွားခြင်းကြောင့် ရုတ်တရက်မို့လန့်သွားခြင်းဖြစ်သည်။ ကျ‌သွားသော ကော်ဖီခွက်လေးအားကောက်ကာ အနားရှိအမှိုက်ပုံးထဲအားထည့်အပြီးတွင် မိုးရဲ့ကိုယ်လေးအားဆွဲလှည့်ခြင်းခံလိုက်ရခြင်းကြောင့် ခြေပင်ခွင်သွားသယောင်။ ထို့နောက်ဆွဲလှည့်လိုက်သောသူအား ကြည့်မိရာ မျက်ဝန်းတွင်စိုးရိမ်မှုများဖြင့် မိုးအားမော့ကြည့်နေသောအမျိုးသမီး မိုးလက်အားဆွဲကာ ကြည့်လိုက် ခန္ဓာကိုယ်အားဆွဲလှည့်လိုက် ကြည့်လိုက် မေးခွန်းများစွာမေးလိုက်ဖြင့်အလှုပ်ရှုပ်နေသော အမျိုးသမီးအား ကြည့်ကာမိုးသူမမေးတာကိုပင် ဘာမှနားသို့မဝင်တော့ပေ။ မိုးရင်ဘတ်လောက်သာရှိသော အရပ်ကြောင့် မိုးကိုမော့ကြည့်နေရသော မျက်ဝန်းနက်နက် ထိုမျက်ဝန်းနက်နက်လေးများထက်ဝယ် ရှည်လျားသောမျက်တောင်လေးနှင့်  မျက်ခုံးနက်နက်ဆို့သည် သည်အရာလေးနှင့်တင် လူတစ်ယောက်အားကောင်းကောင်းကြီး ညို့ယူနိုင်အောင်ပင်။ မိတ်ကပ်ပါးပါးလေးလိမ်းကာ ဆိုးဆေးပါးပါးလေးသာတင်ထားသော နှုတ်ခမ်းပါးလေးသည် ဆွဲမက်ချင်စရာအတိပင်။ ထပ်ကာ ထပ်ကာ မမောနိုင်မပန်းနိုင် သူမအလှအား တစ်ဖန်ပြန်ပြောရရင်ဖြင့် ဝိုင်းဆက်လှသည်ဟုလဲ မဆိုနိုင်သော မျက်နှာလေးထက် ညို့ယူအားပြင်းသောမျက်ဝန်းလဲ့လဲ့လေး ရှည်လျားသော မျက်တောင်ထက်ဝယ် မဲနက်နက်မျက်ခုံး ဖြောင့်တန်းသောနှာတံရှည်ရှည်လေးနှင့် ဆွဲမက်ဖွယ်ပန်းနုရောင်နှုတ်ခမ်းတစ်စုံ သည်နေ့အဖို့ ဖြူလှသောသူမ၏အသားအရောင်ဖြင့် လိုက်ဖက်စွာဝတ်ဆင်ထားသော အဝါရောင်မြန်မာဝမ်းဆက်လေးသည် သူမကိုယ်တွင်ချပ်ရပ်စွာဖြင့်လိုက်ဖက်လှသည် ခြေဖဝါးနုနုအောက်ဝယ် ဆင်မြန်းထားသောကတီဗာဖိနပ်အဝါရောင်လေးမှအစ သပ်ရပ်စွာထုံးဖွဲ့ထားသော ဆံနွယ်များအဆုံး သူမ၏အလှအားပို၍ပံ့ပိုးနေသယောင်။ ရုတ်တရက်မိုးပါးအားလာကိုင်သော လက်နုနုကလေးကြောင့် သူမထံသို့လွင့်စင်နေသောစိတ်အစုံသည် ပိုင်ရှင်ထံသို့ပြေးကပ်လာပေသည်။

"ငှက်"Where stories live. Discover now