အိမ်သို့ရောက်သည်နှင့်အရင်ဆုံး ရှာရသည်မှာ မိုးကိုပင်။ အစ်မနှင်းဆီမှာလဲ ဖြစ်ကတည်းကအခုချိန်ထိစကားမပြောသေးပေ။ မျက်နှာသည်တင်းမာ မနေဘဲဖျော့တော့ကာဖြင့်။
"မောင်လူအေး မိုးအိမ်ပြန်ရောက်ပြီလား"
"ရောက်ပြီလေ အန်တီနှင်းဆီရဲ့ ကြာလှပေါ့"
"ဪ အေးအေး မင်းကားသိမ်းလိုက်တော့ "
"ဟုတ်ဟုတ်"
ပြောပြောဆိုဆိုနဲ့ ကားပေါ်မှဆင်းကာအပေါ်ထက်သို့ပြေးတတ်သွားသောသူအားကြည့်ကာ မူယာသက်ပြင်းပင်ချမိလေသည်။
"မောင်လူအေး"
"ခင်ဗျာ"
ကားသိမ်းကာ ပြန်လာသောသူအား မူယာစောင့်ကာ သိချင်တာများမေးရန်ခေါ်မိလေသည်။ သည်လူငယ်သည် နာမည်နှင့်လူနဲ့တော့ လိုက်ရှာသည် လူရိုးလူအေးကလေးဖြစ်ကာ လိမ္မာယဉ်ကျေးလှသည်။
" မိုးနဲ့ အစ်မနှင်းဆီ စကားများတာတို့ဘာတို့ရှိသလား"
"ဗျာ အဲ့လိုတွေမရှိဘူးဗျ ဒါပေမယ့်..."
"ဒါပေမယ့်ဘာဖြစ်သလဲ"
"လူအေးရယ် နင့်မလဲလိုက်ရှာလိုက်တာရ နင့်အဖေခေါ်နေတယ်ကွယ့် သွားလိုက်အုံး"
ပြောရန်တွန့်ဆုပ်နေသောသူအားကြည့်ကာ သိချင်စိတ်လောကာ မေးမိတော့ အနောက်ဘက်မှကြားလိုက်ရသော ကြီးငွေအသံကြောင့် နှစ်ယောက်လုံး၏အကြည့်သည်ကြီးငွေထံတွင် ထို့နောက် လူအေးလဲသူ့အမေစကားကြောင့် မူယာ့အားနှုတ်ဆက်ကာ အခန်းထဲသို့ဝင်သွားလေသည်။
"ဘာဖြစ်လို့လဲ မူယာရဲ့"
"ဒီလိုကြီးငွေရဲ့......"
မူယာလဲ ပါတီမှာဖြစ်တဲ့အကြောင်းအားပြောလိုက်တော့
"ဟယ်တော် အဲ့ဆိုမဖြစ်သေးပါဘူးအေ"
"ဘာလို့လဲကြီးငွေရဲ့"
"မိုးကအရမ်းစိတ်ဆိုးကြီးတာ တစ်ခါတစ်လေဆိုသောင်းကျန်းတာ အရင်က ပစ္စည်းတွေလွင့်ပစ်လိုက် ဘာတွေလုပ်လိုက်နဲ့လုပ်ရင်း တူမကြီးနှင်းဆီကိုတောင် ထိသွားသေးတယ် အိပ်လို့မဖြစ်သေးပါဘူးအေ"

YOU ARE READING
"ငှက်"
Romance"မုန်တိုင်းတိုက်ချိန်မို့ ဘေးကင်းရာလာခိုနားတဲ့ ငှက်ကလေးကို မင်းစွန့်ခွာပျံသန်းသွားရင်လဲ ကိုယ်မတားပါဘူး မင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်အချစ် ကိုယ်ကမင်းရဲ့ ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့အချစ်ရယ်"