Part - 12 ( U )

46 0 0
                                    

တစ်ယောက်ထဲ စာဖတ်ခန်းထဲတွင် အလုပ်ရှုပ်နေသောသူသည် အစားအသောက်အငတ်ခံကာ အလုပ်လုပ်နေသော မိုးမခမောင်ပင်။သူ့အဒေါ်ကြတော့ အလုပ်တွေအရမ်းမလုပ်နဲ့ဆိုပြီး အမြဲပွစိပွစိပြောတတ်သူက သူကိုယ်တိုင်ကြတော့မဆင်ခြင်‌ပင်။ ဘယ်လောက်ထိအလုပ်ထဲ အာရုံစိုက်နေသလဲဆိုလျှင် တံခါးခေါက်သံပင် မကြားသည်အထိပင်။ ည7နာရီလောက်မှပြန်လာကာ ရေမိုးချိုးမယ်ဆိုတတ်သွားပြီး ရေချိုးပြီးသည်နှင့်စာဖတ်ခန်းထဲဝင်သွားသည်မှာ ယခု11နာရီပင်ရှိချေပြီ ထွက်မလာသေးချေ။ ထမင်းဝိုင်းသို့မလာသောကြောင့် ကြီးငွေမှာစားရန်သွားခေါ်တော့လဲ အလုပ်လေးပြီးမှ စားမယ်တဲ့လေ။ယခုလိုပုံစံနှင့်ဆိုလျှင် အလုပ်ပြီးမှစားမည်ဆို ထိုကလေးစားဖြစ်မှာမဟုတ်တော့ချေ။ ဒါကြောင့် မူယာကိုယ်တိုင်နွားနို့နှင့်မုန့်သွားပေးရန် ဆုံးဖြတ်လိုက်လေသည်။

" အင်းဒါဆိုလဲ ငါပို့ထားတာတွေနဲ့တိုက်ကြည့် "

".........."

"အင်းဒီထက်သေချာမှဖြစ်မှာနော်"

".........."

"ဖိုင်တွေပါပို့ပေးမယ်"

တံခါးခေါက်တာကိုပြန်မထူးသည်မို့ ကိုယ့်ဘာသာကိုယ်ဘဲတံခါးဖွင့်ကာဝင်သွားခိုက် နားတင်နားကျပ်အားတတ်ကာ မျက်လုံးနှင့်လက်သည် လက်တော့ပ်ပေါ်တွင်ပြေးလွှားနေသည်မှာ အလုပ်အရမ်းရှုပ်နေသည်ထင်ပါရဲ့ ဒါကြောင့်သူတံခါးခေါက်သည်ကိုမကြားရခြင်းပင်။

"မိုး!!"

ရက်တရက်ခေါ်ခံလိုက်ရသည်မို့ ကာယကံရှင်ဖြစ်သောမိုးအပြင် အပေါက်ဝတွင်ရပ်နေသောမူယာပင် လန့်သွားလေသည်။လှည့်ကြည့်လိုက်ရာ အမနှင်းဆီပင်။

"လျှပ်စီးတွေလျှပ်နေရင် နားကျပ်မတတပ်နဲ့လို့ပြောထားတယ်မဟုတ်လား နောက်ပြီးကြည့်စမ်း မင်းကိုမူယာကမုန့်ယူလာပေးရတဲ့အထိ ဘာမှမစားဘဲနေပြန်ပြီလား အားနာတတ်စမ်းပါ"

"အ အ နာတယ်တီလေးရဲ့ ဆိုင်က ဖိုင်..."

"တိတ်စမ်း နာအောင်လုပ်မှတော့ နာမှာပေါ့ နင့်အဒေါ်လက်သံကိုမသိတာလား"

"ငှက်"Where stories live. Discover now