"ဂွီ....ဟင့် ဗိုက်ဆာလိုက်တာ"
မူယာစအိပ်ချိန်သည်ဘယ်အချိန်ဖြစ်၍ ယခုနိုးလာတော့ဘယ်အချိန်ရှိပြီလဲလည်းမသိပေ။ ဗိုက်ဆာသောကြောင့်နိုးလာပေမယ့် ဆိုဖာပေါ်တွင်အိပ်ပျော်နေသောထိုကလေးမကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ။ ကုတက်ထက်ဝယ်ဆက်လှဲကာ ထိုကောင်မလေးနိုးသည်အထိစောင့်မည်ဆိုသော်လဲ သူမဗိုက်သည်သံစုံတီးဝိုင်းမြည်ကာ အချက်ပြနေသည်မှာ အစာအိမ်ပင်ပြုတ်ထွက်တော့မည်။ထိုကလေးကတော့ယခုအချိန်ထိ တုတ်တုတ်မှမလှုပ်သေးချေ။ဘေးဘီသို့ဝှေ့ကြည့်ကာစားစရာရှိမလားဟုဆိုသော်လည်း ရေကလွဲပြီးဘာမှမရှိပေ။ မဆီမဆိုင်ထိုကလေးမကိုပင်အပြစ်တင်နေမိသည်။ လူနာစောင့်ဖြစ်ပြီး ဒီလူနာက ဗိုက်ဆာသေတော့မယ် စောက်ကလေးက သိုးနေတုန်း။ ရုပ်ကလေးလှသလောက်အလိုက်ကန်းဆိုးကမသိ။
"နိုးနေပြီလား မိုးခနအိပ်ပျော်သွားလို့ sorry အန်တီ ဗိုက်ဆာ..."
သူ့ကိုကြည့်ကာကြိမ်ဆဲလို့ကောင်းနေတုန်း ဘယ်တုန်းကနိုးလာမှန်းမသိ မူယာ၏ကိုယ်လုံးလေးတောင်တုန်သွားလေသည်။
"အမလေးးးး"
"အင့်ဟယ်"
"ဘုရားတွေ တရားတွေ သံဃာတွေ အန်တီတွေ အယ်မဟုတ်ပါဘူး...အ့"
မိုးစကားပင်မဆုံးသေး သူ့နားမှာရှိတဲ့ပစ္စည်းတစ်ခုပြီးတစ်ခုနှင့်ကောက်ပေါက်၍နေသည်။ လူနာဖြစ်ပြီးသည်လောက်အားသန်ရသလား။ကုတင်ပေါ်ကနေ ပစ္စည်ူတစ်ခုပြီးတစ်ခုနှင့် ကောင်ပေါက်နေသူကဘယ်လိုနေမှန်းမသိပေမယ့် ရုတ်တရက်ဆော်ခံလိုက်ရသောမိုးမှာ အယောင်ယောင်အမှားမှားနှင့် ဆိုဖာပေါ်တွင် ဟိုးပြေးကပ်လိုက် သည်ပြေးရှောင်လိုက်နှင့် ပြေးလိုက်အော်လိုက်လုပ်နေရသည်မှာ မျောက်ကြီးကြလို့ပင်။ ပစ်တဲ့သူကလဲဘာလို့ပစ်မှန်းမသိ ရှောင်သူကလဲကြောင်တောင်တောင်နှင့်ရှောင် လိုက်ဖက်လှပါပေရဲ့။
"အန်တီ..."
"ဘာလဲ"
"ဘာလို့ပစ်နေတာလဲ"
"....."
"အ"
" ငါဗိုက်ဆာလို့သေတော့မယ် လူနာစောင့်ဖြစ်ပြီးသိုးအောင်အိပ်နေတာ စိတ်တိုလို့ပစ်တာ ဘာဖြစ်လဲ"
YOU ARE READING
"ငှက်"
Romance"မုန်တိုင်းတိုက်ချိန်မို့ ဘေးကင်းရာလာခိုနားတဲ့ ငှက်ကလေးကို မင်းစွန့်ခွာပျံသန်းသွားရင်လဲ ကိုယ်မတားပါဘူး မင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်အချစ် ကိုယ်ကမင်းရဲ့ ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့အချစ်ရယ်"