Part - 13 ( U )

62 1 1
                                    

မိုးရွာသည်မှာ ပြင်းထန်လာပါသော်လဲ မိုးမခမောင် အခန်းထဲမဝင်ဖြစ်သေးပေ။ ခနမျှအကြာတွင် မိုးပတ်သည်ကြောင့် အဝတ်တွေလဲစိုရွဲနေပြီမို့ အခန်ူထဲသို့ဝင်ကာ အကျီများအားလှဲ၍ ခြေတွေလက်တွေသုတ်ကာ အိပ်မည့်အလုပ်တွင် သည်လိုမိုးသည်းထန်စွာရွာသည့်နေ့တွင်တွေ့ဆုံခဲ့သော အမျိုးသမီးအားသတိရကာ ပြုံးမိပြန်သည်။ သည်အချိန်ဆိုထိုအမျိုးသမီးအိပ်နေပြီလား အိပ်ပျော်ရဲ့လား လန့်နိုးလာမလား။ ထိုသို့အတွေးများပျံ့လွင့်နေခိုက် မိုးသံလေသံနှင့်အတူ အပြင်ဘက်မှခက်သဲ့သဲ့ကြားလိုက်ရသောအသံကြောင့် ချက်ချင်းပင်ထကာ လက်တစ်ဖက်တွင် ဖုန်းအားကောက်ကိုင်လျက် ကျန်တစ်ဖက်တွင် ဗီရိုအံဆွဲအောက်မှ ပစ္စည်းတစ်ခုခုယူကာ သတိနှင့်ထွက်လာခဲ့လေသည်။ မစဲသောမိုးသံနှင့်အတူ အပြင်ဘက်မှ အသံခက်သဲ့သဲ့ဟာပေါင်းစပ်နေတော့ ထိတ်လန့်ဖွယ်ရာပင်ဖြစ်လို့နေသယောင်။ သတိနှင့်ထွက်လာ‌ရာ မိုးရွာကာမီးပျက်နေ၍အမှောင်ထုဟာ ပို၍မှောင်နေသယောင်။

" နားကြားမှားတာတော့မဖြစ်နိုင်လောက်ပါဘူးနော်"

ဒုန်းးး မိုးချိန်းသံမတိုင်မှီထွက်ပေါ်လာသော လျှပ်စီးအလင်းနှင့်အတူ လျှပ်တစ်ပြတ်မြင်လိုက်ရသော မြင်ကွင်းကြောင့် ရင်တွင်းဝယ်စိုးရိမ်မှုဟာ မိုးခြိမ်းသံကိုပင် လွှမ်းခြုံနိုင်လျှင် လွှမ်းခြုံနေအုံးမည်။ မှားယွင်းမည်စိုးသောကြောင့် ဖုန်းမီးအား အသုံးပြုကာ သေချာကြည့်မိခိုက်။ ပြတ်သားထင်ရှားစွာမြင်လိုက်ရသည့်မြင်ကွင်းကြောင့် ထိုနေရာအားအပြေးအလွှားသွားကာ အန်တီ့ပုခုံးအား စိုးရိမ်ကြီးစွာစုပ်ကိုင်မိလေသည်။ တစ်ယောက်ထဲရုန်းရင်းဆန်ခတ်ဖြစ်ကာ အော်နေသောကိုယ်လေးမှာ မိုး၏အတွေ့ကြောင့် ခတ္တမျှငြိမ်သက်သွားလေသည် မော်ကြည့်ကာ ချက်ချင်းပင် ရင်ခွင်ထဲသို့ဝင်လာသော ကိုယ်လေးဟာ အေးစက်နေသော်လည်း ချွေးများဟာဆို့၍ပင်။ စကားတစ်ခွန်းအားထပ်တလဲလဲပြောကာ မျက်လုံးအားစုံမှိတ်ကာ တစ်နေရာသို့လက်ညိုးထိုးကာညွှန်ပြနေလေသည်။ဘေးတွင်ဖန်ပုလင်းစများနှင့်အတူ တွေ့လိုက်ရသောသွေးစများကြောင့် ခန္ဓာကိုယ်အနှံ့သေချာကြည့်မိတော့နားနှစ်ဖက်အားအုပ်ထားသောလက်တွင် သွေးများဟာအဆက်မပြတ် စီးကျ၍နေသည်။ ပါးပြင်နှင့်အတူ အဝတ်များသည်လဲ သွေးများပေကျံနေသည်။
"အန်တီထ လာခဲ့"

"ငှက်"Where stories live. Discover now