ဒေါ်မူယာဆေးရုံမှဆင်းလာသည်မှာ ယနေ့နှင့်ဆို 3ရက်ပင်ရှိပေသည်။မိုး၏စကားအတိုင်း အန်တီအားအိမ်သို့ခေါ်လာခြင်းပင်။တီလေးကိုလည်း အကြောင်းစုံပြောပြထားခြင်းကြောင့် မိုးကောင်းသလိုသာလုပ်ဟုဆိုကာ မည်သည်မျှဝင်စွပ်ဖက်ခြင်းမရှိပေ။အရင်တွေ့တာမိုးနဲ့ဆိုပေလို့ အသက်အရွယ်ခြင်းမတိမ်းမယိမ်းဖြစ်သော တီလေးနှင့်ပို၍ခင်ကာ အတိုင်အဖောက်ညီပေသည်။တီလေးသည် အထည်ဆိုင်သေးသေးလေးဖွင့်ထားပေသည်။ဒါတောင် မိုးကိုဇွတ်ပြောလို့ လုပ်ရတဲ့ဆိုင်လေးပင်။မိုးမှာ တီလေးအားမည်သည့်လုပ်ငန်းမှလုပ်စေချင်သည်မဟုတ် အေးအေးဆေးဆေး အိမ်မှာသာနေစေချင်သည်။တီလေးမှ ဇွတ်အတင်းပြောတော့လဲ အိမ်မယနှင့်အရမ်းမဝေးသောနေရာလေးတွင်သာဖွင့်စေသည်။ အိမ်နှင့်ဆိုင်သည် အရမ်းမဝေးသည်မို့ကော ယခုတလောမိုးအလုပ်ပျက်ထားတာများသောကြောင့် အလုပ်သာအာရုံစိုက်နေသည်မို့ အန်တီမူယာမှာ တီလေးနှင့်သာအနေများသည်။အနေအေးကာ စိတ်မရှည်သည့်မိုးနှင့် အတိတ်မေ့ကာ ကလေးတစ်ယောက်လို ရစ်တတ်သည့်ဒေါ်မူယာနှင့်တော့ သိပ်အဆင်မပြေလှပေ။ဆေးရုံဆင်းသည့်ရက်ကလဲထိုသို့ပင်။
"သူနဲ့မလိုက်ချင်ပါဘူး ငါမှသူ့မသိတာ ပြီးတော့သူကစိတ်မရှည်ဘူး"
ဒေါက်တာအား မိုးအကြောင်းဖောက်သည်ချနေသောသူအားကြည့်ကာ မျက်မှောင်ကျုံ့မိပေမယ့် ဒေါက်တာကတော့ပြုံးပုံးရွှင်ရွှင်ပင်။ မိုးကလဲအိမ်သို့ခေါ်မည်ဟုစကားလွန်ထားသောကြောင့်ကော ဒေါက်တာမှ အဆင်ပြေမှာပါဟု ပြောသည်ကြောင့်ပါ အိမ်သို့ခေါ်လာခြင်းပင်။ မဟုတ်ရင် ဘယ်တစ်စိမ်းတစ်ယောက်ကိုမှ မိုးမခမောင်အိမ်ပေါ်သို့ခေါ်မတင်ချေ။
" အဲ့တာဆိုဘယ်မှာနေမလို့လဲ ဒီမှာလဲနေလို့ရမယ်မထင်နဲ့"
"ငါ့အိမ်ငါပြန်မယ်...."
"အဲ့တာဆိုပိုကောင်းတာပေါ့ လိုက်ပါပို့လိုက်မယ် ပြောကြည့်ဘယ်မှာနေလဲ"
"........."
"ကဲတော်ကြပါတော့ဗျာ မမိုးမခမောင်လဲ စိတ်လျော့ပါ သိရဲ့သားနဲ့"ဟုတိုးကပ်ပြောလာသော ဒေါက်တာ့ကြောင့် ဒေါ်မူယာ့အားမျက်စောင်းထိုးကာ

YOU ARE READING
"ငှက်"
Storie d'amore"မုန်တိုင်းတိုက်ချိန်မို့ ဘေးကင်းရာလာခိုနားတဲ့ ငှက်ကလေးကို မင်းစွန့်ခွာပျံသန်းသွားရင်လဲ ကိုယ်မတားပါဘူး မင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်အချစ် ကိုယ်ကမင်းရဲ့ ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့အချစ်ရယ်"