Part - 2 ( U )

116 6 2
                                    

" ဟင့်အင်းမလိုက်ဘူး ကျွန်မကိုခေါ်မသွားပါနဲ့ မသွားပါရစေနဲ့ "

ယခုအခါမှ အိမ်မက်ဆိုးများမှလွှတ်မြောက်လာသောလူပမာ အယောင်ယောင်အမှားမှားဖြင့် သူ၏မှတ်‌ဉာဏ်ထဲတွင် ပြဇာတ်ပမာဇာတ်ရုပ်များဟာ မြန်ဆန်စွာပျောက်ကွယ်သွားသည်။ မြင်လွှာအားဖွင့်လိုက်ချိန် မြင်လိုက်ရသော ခက်စူးစူးအလင်းရောင်ကြောင့် ဦးခေါင်းမှနာကျင်မှုဟာလည်း ခက်စူးစူးပင်။ တစ်ခနမျှအကြာတွင် ခန္ဓာကိုယ်မှ နာကျင်မှုများဟာလည်း တစ်စတစ်စ သိသာခံစားရ‌ပေသည်။ ထို့နောက် ခက်သဲ့သဲ့ကြားလိုက်ရသောအသံလေးကြောင့် အသံလာရာဘက်သို့ဝှေ့ကြည့်မိရာ မြင်လိုက်ရသည်က မိန်းကလေးတစ်ယောက်ပင် ။ ခက်ဝါးဝါးအမြင်အာရုံမှ သေချာစူးစိုက်ကြည့်မိရာ ပြတ်သားစွာမြင်လိုက်ရသည်က အသားဖြူဖြူ အရပ်ရှည်ရှည်လေးနှင့်မိန်းကလေးတစ်ဦး woman shirt အနီရောင်လေးနှင့် Style Pant အနက်ရောင်လေးအားဝတ်ဆင်ထားသည်မှာ သူမခန္ဓာကိုယ်အချိုးအစား အသားရေနှင့်လိုက်ဖက်စွာပင် သွယ်လှသောမျက်နှာထက်ဝယ် နှာတံလုံးလုံး မျက်ခုံးနက်နက် မထူမပါနှုတ်ခမ်းလေးနှင့် မျက်လုံးနက်နက်လေးသည် စွဲဆောင်မှုရှိလှပေသည်။

" အန်တီ ခနနော် မိုးဆရာဝန်သွားခေါ်လိုက်အုံးမယ် "

ပြောပြောဆိုဆိုနှင့်အခန်းထဲမှထွက်သွားသူ၏ကျောပြင်အားကြည့်ကာ သူမယခုအချိန်ထိတိတ်ဆိတ်နေဆဲပင်။ သည်အချိန်မှသတိထားမိသည်က သူမဆေးရုံရောက်နေသည်ကိုပင် အကြောင်းအရာအားစဉ်းစားနေခိုက် အခန်းထဲသို့ဝင်လာသော လူများကြောင့် သူမအတွေးများသည် ထိုနေရာ၌ပင်ရန့်တန့်သွားလေသည်။

မိုးကြောက်လန့်နေပေမယ့် သူမ၏ရွေးချယ်မှုမှန်ကန်သွားလေသည်။ ထိုအမျိုးသမီးဟာ မိုးထင်နေသောသရဲမဟုတ်ပေ ပြန်တွေးကြည့်လျှင်ကိုယ့်ကိုကိုယ်ရီလဲရီချင်မိသည်။ ထိုအမျိုးသမီးဘာမှမဖြစ်တာပင်ကံကောင်းသည်မလား။ သူမမေ့မောသွားချိန်တွင်မြူများကင်းစင်သွားသည်မို့ နီးစပ်ရာဆေးရုံအားခေါ်ဘာရပေသည်။ ဒေါက်တာပြောကြားပုံအရဆိုလျှင် သူမသည်အက်စီးဒန့်ဖြစ်သည့်အပြင် အိမ်တွင်းအကြမ်းဖက်ခံရသည့်ပုံစံမျိုးပါ ဖြစ်၍နေသည်တဲ့လေ။တစ်ညလုံးသတိလည်မလာပေမယ့် မနက်ကြမှသတိဝင်လာသောသူအားကြည့်ကာ အနည်းငယ်မျှစိတ်သက်သာရာတော့ရသွားလေသည်။ ဒေါက်တာသည်စစ်ဆေးစရာများရှိတာ သူ၏အလုပ်အတိုင်းလုပ်ကာ...

"ငှက်"Where stories live. Discover now