"အဟင့်"
"ဟင်အန်တီ ဘာလို့ငိုတာလဲ ဘာဖြစ်တာလဲမိုးကိုပြောပါ"
ရှိုက်သံကြား၍ကြည့်မိရာဘေးမှ အမျိုးသမီးလေးက ပါးပြင်ထက်ဝယ်မျက်ရည်များဖြင့်။ ကားအားလမ်းရှင်းသော ဘေးတစ်နေရာတွင်ချရပ်ကာ သူ့မဘက်သို့လှည့်၍မေးသော်လည်းတော်တော်နှင့်မဖြေသေး
"အန်တီမငိုပါနဲ့နော် မိုးကိုပြောပါ အန်တီမျက်ရည်တွေဆို မိုးဖြင့်သိပ်မုန်းတာဘဲ"
တစ်လမ်းလုံးမူယာ့ဘက်လဲမကြည့် စကားလဲမပြောသောထိုကလေးမသည် နွယ့်ကိုပါစိတ်ဆိုးသွားသလား။ နွယ်သည်သူ့အတွက်စိတ်အနှောက်ယှက်များဖြစ်သွားစေသလား။ထိုသို့တွေးလိုက်ရင်ဖြင့် ဘာကြောင့်မှန်းမသိငိုချင်လာသည်။ ဝမ်းနည်းစိတ်တို့ဟာမဖိတ်ခေါ်ပါဘဲ မျက်ရည်တို့ဟာမဖိတ်ခေါ်ပါဘဲရောက်ရောက်လာကြပေသည်။
"အန်တီ့ကိုစိတ်ဆိုးနေတာလားဟင် အန်တီကမိုးအတွက်ယူထားတဲ့ မိုးကြိုက်တဲ့မုန့်လေးကိုလေလုလို့ ပြန်လုရတာပါ အန်တီကလေ မိုးကိုစိတ်အေနှာက်ယှက်ပေးမိသွားသလား အန်တီမရည်ရွယ်ပါဘူးမိုးရယ် ဟင့် တကယ်ပါ"
ထိုအမျိုးသမီး၏စကားကြောင့် မိုးပြုံးလိုက်မိသည်။ မိုးစိတ်ဆိုးမှာကိုကြောက်သည်တဲ့လား။ တကယ်တော့ကိုယ့်အတွေးနဲ့ကိုယ်မို့မကြည့်မိခြင်းပါ။
"မိုးစဉ်းစားနေလို့ပါ
"......."
မိုးကိုအကြောင်သားစိုက်ကြည့်နေသော ထ်ုအမျိုးသမီးမှာချစ်စဂာအတိပင်။ပါးပြင်ပေါ်ကမျက်ရည်များအားသုတ်ပေးမိတော့ ရုတ်တရက်မို့လန့်သွားသည်ထင်တယ် ကိုယ်လုံးလေးသာ အနောက်သို့အနည်းငယ်ဆုပ်သွားလေသည်။
"နောက်ဆိုရင် ဘာကိစ္စတွေဘဲဖြစ်ဖြစ် မကြောက်ပါနဲ့ ရဲရဲဝံ့ဝံ့သာရင်ဆိုင် အန်တီ့နားမှာမိုးကအမြဲရှိနေပေးမယ် ကြားလားအန်တီ"
မိုးစကားဆုံးတော့ အန်တီမှခေါင်းညိမ့်ပြရှာသည်။
"ဒီလိုမှပေါ့ အခုတော့ဆိုင်ဝင်လိုက်အုံးမယ်နော်"
"ဟုတ်ကဲ့ပါရှင့်"
ထို့နောက်ရီသံလေးများဟာ ကားထဲတွင်ပြည့်နှံ့ကာသွားသည်။ခုနာအခြေအနေနှင့်မတူတော့ စကားသံမြိုင်မြိုင်လေးဟာလဲ ဖုံးလွှမ်းကာဖြင့်။
YOU ARE READING
"ငှက်"
Romance"မုန်တိုင်းတိုက်ချိန်မို့ ဘေးကင်းရာလာခိုနားတဲ့ ငှက်ကလေးကို မင်းစွန့်ခွာပျံသန်းသွားရင်လဲ ကိုယ်မတားပါဘူး မင်းလွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်အချစ် ကိုယ်ကမင်းရဲ့ ဆန္ဒတွေအကုန်ဖြည့်ဆည်းပေးမှာပေါ့အချစ်ရယ်"