အခန်း(၂)
ပြန်လာပီလား ခ လေး . .... အမလေး ကြီးငယ်သမီးလေးကပိုချောလာတယ် ဒီမှာပဲနေပါတော့သမီးရယ် သမီးdaddy လည်းအသက်ကြီးလာပီ ပြန်မသွားပါနဲ့တော့ ခ လေးရယ်
အိမ်ထဲဝင်တာနဲ့ ကိုယ့်ကိုပြေးလာဖက်ပီး စကားတွေအဆက်မပြတ်ပြောနေတဲ့ကြီးငယ်က ဒီအိမ်မှာ daddy ပီးရင် ကိုယ့်ကိုအချစ်ဆုံးသောသူ ကြီးငယ် အမေးတွေအပြောတွေကိုဘာမှ ပြန်မပြောမိပဲ ခမျက်ဝန်းတွေက မဖြစ်နိုင်မှန်းသိပေမယ့် တစ်ယောက်သောသူရဲ့ ပုံရိပ်ကိုလိုက်ရှာမိတယ် '"သမီးမာမီလား ပြန်မရောက်သေးဘူးလေ ခလေးရဲ့ သမီးအတွက် သမီးကြိုက်တဲ့ဟင်းတွေချက်ထားဖို့ ကြီးငယ်ကိုမနက်ထဲကမှာထားတာ သမီးဗိုက်စာနေပီလား ကြီးငယ် ကလေးမလေးတွေကိုပြင်ခိုင်းလိုက်တော့မလား ဒါမှမဟုတ် အနားယူပီးမှစားချင်လားသမီး" " daddy ပြန်လာမှပဲအတူတူစားတော့မယ် ကြီးငယ် ခအနားယူလိုက်ဉီးမယ် " အေးပါ သမီးရယ် နားနား ခdaddy ပြန်လာမှ ခလေးမလေးတွေကို အခေါ်လွတ်လိုက်မယ် " ကြီးငယ်ထွက်သွားတော့ ခတစ်ယောက် ၈ နှစ်ကျော် ခွဲခွါခဲ့ရတဲ့ကိုယ့်အခန်းလေးထဲ ဝင်လာခဲ့လိုက်တယ် အခန်းလေးက ကိုယ်ထွက်သွားခဲ့တဲ့အချိန်တုန်းကအတိုင်းတစ်ခုမှမပြောင်းလဲ ပါ ။ အိပ်ရာပေါ်ပစ်လှဲလိုက်ရင်း အလုပ်အကြောင်းတွေတွေးမိတော့ သူမမျက်နှာ ဒေါ်မြမိုးသွယ်ရဲ့မျက်နှာကို ပြန်မြင်ယောင်ရငိး ခနှုတ်ခမ်းကအလိုလိုပြုံးမိလျက်သား ။
သူမနဲ့အခုလိုပြန်တွေ့လိမ့်မယ်လို့မမျှော်လင့်ခဲ့ daddy နဲ့နာမည်ထွက်နေတဲ့ သူက သူမဖြစ်နေလိမ့်မယ်လို့ ထင်မထား daddy ကိုမယုံတာမဟုတ်ပေမယ့် daddy ရဲ့ညီမ
ဝမ်းကွဲတီလေးက မကြာခဏph ဆက်ပီးပြောနေတာတွေကြောင့် သာ Myanmar ပြည်ပြန်လာခဲ့ရတာ ဖြစ်ချင်တော့ တီလေးdaddyနဲ့စွတ်စွဲနေတဲ့သူက သူမတဲ့လား မတွေ့ရတဲ့ ၈ နှစ်ကျော်ကာလမှာဘာတွေပြောင်းလဲသွားပီလဲ သူမက တကယ်ပဲ daddyနဲ့ က.....တီလေးတို့ပြောတာတွေကအတင်းအဖျင်းတွေလား တစ်
ကယ်လားဆိုတာ အဖြေရှာရတော့မှာပေါ့ ဒေါ်မြမိုးသွယ် ရေ။
။ ။ ။ ။ ။ ။ ။ ။ ။ ။ ။ ။မြမိုးသွယ်
ညကအလုပ်ထွက်ဖို့နဲ့ အိမ်ရဲ့ရှေ့ရေးကိုတွေး ပီး ညဉ့်နက်မှအိပ်ပျော်သွားတဲ့မိုးသွယ်တစ်ယောက် အလုပ်သွားဖို့နောက်ကျနေတာကြောင့် ပြာယာခတ်ကာပြင်ဆင်နေရသည်။ " တိုးရေ မေမေ ရော မနေ့က ဘယ်ချိန်ပြန်ရောက်လဲ ဘာမှလဲမပြင်ထားဘူး " "အပြင်မှာပဲဝယ်စားလိုက်တော့ မေမေက ဘာအရေးကြီးနေလဲမသိဘူး မနက်စောစောထဲကအပြင်ထွက်သွားတယ် ဖေဖေဆေးခန်းပြဖို့တောင် တိုးလိုက်ပို့ပေးရမှာ "ဩအဲ့ကြောင့်ဒီကလေး ဒီအချိန်နိုးနေတာကိုး စောစောထရတာကြောင့် စူပုတ်ပုတ်မျက်နှာနဲ့ ဖြစ်နေတဲ့မောင်ဖြစ်သူရဲ့ ခေါင်းလေးကိုချစ်စနိုးနဲ့ရိုက်ရင်း "တစ်ခါတလေပဲ တိုးရယ် ကလေးလိုလုပ်မနေနဲ့တော့ ဖေဖေ့ကိုလိုက်ပို့ပေးလိုက် ဆရာဝန်ပြောတာတွေသေချာမှတ်ခဲ့ မမပြန်လာရင်ပြန်ပြောပြနော် မမနောက်ကျနေလို့သွားပီနော် " တိုးတစ်ယောက်စူပုတ်ပုတ်နဲ့ကျန်ခဲ့ပီးမျက်ခြယ်လည်းစောင့်နေကျ ရုံးဖယ်ရီ ကိုခြံရှေ့ထွက်စောင့်နေမိသည်။ လက်မှာပတ်ထားတဲ့နာရီလေးကိုလည်းတစ်ချက်ကြည့်ရင်း ဖယ်ရီပဲထွက်သွားပီလား ဖုန်းခေါ်ကြည့်ဖို့ အိတ်ထဲကဖုန်းကိုအထုပ် တီ တီ ကားဟွန်းသံကြောင့် ဖယ်ရီအထင်နဲ့မိုးသွယ်လှည့်အကြည့် ' ဟင် " ဒါမနေ့က မိုးသွယ်ကိုလိုက်ပို့တဲ့ ကြယ်စင်လင်းခရဲ့ကား ။
' တက်လေ ဘာကြည့်နေတာလဲ ဖယ်ရီကထွက်သွားတာကြာပီ အချိန်ဖြုန်းနေတာလား ရုံးနောက်ကျနေပီ ' ခရဲ့ ခပ်တည်တည်နဲ့အပြောကြောင့် မိုးသွယ်တစ်ယောက် သူမကားပေါ်ဒုတိယအကြိမ်ရောက်ရှိသွားပြန်ပါသည်။ ခြယ်တစ်ယောက်သူမကားပေါ်ရောက်မှ ငါကဘာလို့သူ့စကားနားထောင်ပီးတက် မိပါလိမ့် သူမကရော ဘာလို့ကိုယ့်ခြံရှေ့ရောက်နေရတာလဲ ဖယ်ရီထွက်သွားတာလဲသိတယ်ဆိုတော့ သူမအစောကြီးထဲက ကိုယ့်ခြံရှေ့ရောက်နေခဲ့တာပေါ့
သူမကဘာလဲ ဘာလို့ဒီလိုတွေလုပ်နေရတာလဲ ဒီလိုတွေလုပ်နေရတဲ့သူမရဲ့ရည်ရွယ်ချက်က "ဘာလို့အဲ့လောက်စိုက်ကြည့်နေရတာလဲ ဘာလဲ ခကိုရိုက်ခဲ့တဲ့ပါးတစ်ဖက်က ဘယ်လား ညာလား စဉ်းစားနေတာလား ကြာပီဆိုတော့မေ့လောက်ပီပေါ့နော် ဒေါ်မြမိုးသွယ်"ကားမောင်းနေရင်း ခနဲ့လိုက်တဲ့ ခရဲ့စကားကြောင့် မိုးသွယ် ရင်ထဲရုတ်တရက်မိုးကြိုးပစ်ချလိုက်သလိုအလန့်တကြားနဲ့ သူမကိုပြန်ပြောဖို့အတွက် စကားတို့ကထွက်မလာခဲ့ "အဲ့လောက်လဲမကြောက်သွားပါနဲ့ဉီး အခုမှအစပဲရှိသေးတာကို " "အိုး .... No ပါနော် ဘာလို့ u ကိုကြောက်နေရမှာလဲ အဓိပါယ်မရှိလိုက်တာ " မြမိုးသွယ်က
သူမကို စိန်ခေါ်သလို မာနရောင်လက်ဖြာနေတဲ့မျက်ဝန်းတွေနဲ့ခကိုကြည့်ရင်းပြန်ပြောလိုက်သည်။ ခကဘာမှဆက်မပြောပဲသူမမျက်နှာကိုပြုံးပီးကြည့်ကာကားဆက်မောင်းနေလိုကသည်။ဟုတ်တယ်လေ သူမကဒေါ်မမြမိုးသွယ်ရဲ့ အဲ့လိုမာနရောင်လဲ့နေတဲ့သူမရဲ့မျက်ဝန်းလေးတွေ ရန်လိုတတ်တဲ့သူမရဲ့နှုတ်ခမ်းတွေတွေ သူမကိုမမေ့နိုင်တဲ့ ခရဲ့စိတ်တွေကပိုလို့တောင်သူမအပေါ်တိမ်းညွန့်လာသေးတယ် ။daddyကိုအရမ်းချစ်ပေမယ့်် ခရဲ့ မြမိုးသွယ်ကိုတော့မပေးနိုင်ဘူး ခရဲ့သူမအပေါ်ရှိနေတဲ့ခံစားချက်ကို ခသေချာသိချင်သေးသည်။
ကျေးဇူးပြုပီး တီလေးပြောတဲ့Daddy နဲ့မိုးသွယ် ရဲ့အကြောင်းက မနာလိုလို့ပြောကြတဲ့ သတင်းမှားတွေပဲဖြစ်ပါစေ ။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...