အခန်း (၅ )နှလုံးသားရဲ့အမိန့်တော်အတိုင်း
နိုးထလာတဲ့ချိန်လူကမူးနောက်နောက်နဲ့ ကိုယ့်ခါးပေါ်ရောက်နေတဲ့လက်တစ်ဖက်ကိုဖယ်ရင်း ငါဘယ်ရောက်နေတာလဲ ငါ့အခန်းမဟုတ်ဘူးဆိုတဲ့အသိက လှဲနေရာကနေ ချက်ချင်း ထထိုင်မိလိုက်သည်။ ငါဘယ်ရောက်နေတာလဲ "ဟင် နင်နင် " နိုးပီလား ဘယ်လိုနေသေးလဲ ခေါင်းမူးနေသေးလား " ငါဘယ်ကိုရောက်နေတာလဲ နင်ငါ့ကိုဘယ်ကိုခေါ်လာတာလဲ အ" လူပ်ရှားလာတဲ့စိတ်ကြောင့် ရုတ်တရတ် အိပ်ရာပေါ်ကဆင်းကာ ထရပ်လိုက်ပေမယ့် လူကအိပ်ရာပေါ်သာ ပြန်ထိုင်ချလိုက်ရသည်။ "အား မူးလိုက်တာ"နင် နင်ငါ့ကိုဘာလုပ်လိုက်တာလဲ ငါ့မနေ့က ငါ့မိတ်ဆွေတစ်ယောက်နဲ့ အလုပ်ကိစ္စပြောနေတာ ဘယ်လိုလို့ ဒီကိုရောက်နေတာလဲ ပီးတော့ အ ငါ့ခေါင်းကဘာလို့အဲ့လောက်မူးနေရတာလဲ အခုဘယ်ချိန်ရှိသွားပီလဲ နင်ငါ့ကိုဘာလုပ်လိုက်တာလဲ နင် " ခဏ ခဏလေး အဲ့လိုမေးခွန်းတွေအဆက်မပြတ်မေးနေမယ့်အစား ပြောတာလေးခဏနားထောင်ပေး ဟုတ်ပီလား " ကိုယ့်စကားမဆုံးသေးပဲဖြတ်ပြောလိုက်တဲ့ သူမစကားကြောင့် လူပ်ရှားနေတဲ့ မိုးသွယ်စိတ်ကိုထိန်းရင်း မနေ့ညကအဖြစ်အပျက်ကို ပြန်ပုံဖော်ကြည့်ဖို့ အသိဝင်လာရသည် ။ "မြမိုးသွယ်အခုရောက်နေတာ ခရဲ့ condo မှာ ဘာလို့ရောက်နေလဲဆိုတော့ မနေ့ကညက ခင်ဗျားဆေးခတ်ခံရတာတွေ့လို့ ဒီကိုခေါ်လာရတာ ဟိုဆေးခတ်တဲ့ကောင်ကလဲ ခတို့သူဆေးခတ်တာသိလို့လိုက်တဲ့အချိန်မှာ အဲ့ကောင်ကအပြင်ကိုလစ်ထွက်သွားပီ ဒီကောင့်ရုပ်ကိုလဲသေချာမမြင်လိုက်ဘူး ဘာလို့ဆို ခင်ဗျားကလုံးဝအသိလွတ်ပီးလဲနေတာမို့ ခင်ဗျားကိုပဲအရင်ဂရုစိုက်နေတော့ဟိုကောင်လစ်ပြေးဖို့အချိန်ရသွားတာ "ခရဲ့စကားမှာ ဆေးခတ်ခံရတယ် ဆိုတော့ မနေ့ကညက အမေ့အကြွေးရှင်နဲ့ သွားတွေ့ခဲ့တာ အဲ့လူနဲ့အကြွေးကိစ္စဆွေးနွေးတာ အဆင်ပြေ လို့ပြန်မယ့်အချိန် စလာထဲကဟိုလူအတင်းတိုက်နေတဲ့ ခွက်ထဲကအချိုရည် အနည်းငယ်သာသောက်ခဲ့ တာ ဒါဆိုအဲ့အချိုရည်ထဲ ဆေးခတ်ထားတာပေါ့ ။ မျက်နှာလေးရူတ်မဲ့ကာသူမခေါင်းကိုဖိရင်းစဉ်းစားနေတဲ့ မရဲ့မျက်နှာလေးကိုကြည့်ရင်း ခသူမကို အပိုင်လိုချင်တဲ့စိတ်တွေကပိုသေချာလာသည်။ "မှတ်မိပီလား ခင်ဗျား ခနဲ့တွေ့တာကံကောင်းသွားတယ်မှတ် ခသာ အဲ့အချိန်အဲ့နေရာကိုမရောက်ခဲ့ရင် အခုအချိန်ဟိုလူယုတ်မာလက်ထဲ ခင်ဗျားဘဝကတော့သွားပီပဲ နေပါဉီး ခမသိလို့ ခင်ဗျား က အဲ့လိုညဘက်တွေ night out တွေထွက်တက်တာလား အဲ့ကောင်က ခင်ဗျားရည်းစားလား ခင်ဗျားလူရွေးတာတော်တော်ညံ့တာပဲ " " ဘာ နင်နော် လူကိုဘယ်လို အတန်းစားထင်နေလဲ ဘာnight out ဘာရည်းစားလဲ အဲ့လူနဲ့အခုမှfirst time တွေ့ဖူးတာ လူတိုင်းကိုမင်းစိတ်နဲ့လိုက်နှိုင်းမနေနဲ့ ဘယ်မှာလဲငါ့phone ငါ့အိတ်ရော " မိုးသွယ်ပြောလဲပြော လူကလဲ ph နဲ့အိတ်ကိုလိုက်ရှာ ကာ ပြန်ဖို့ပြင်လိုက်သည်။ အဲ့တော့မှ သတိထားမိလိုက်တာကမိုးသွယ်ကိုယ်ပေါ်ကအဝတ်တွေက မနေ့ညကဝတ်ထားတာတွေမဟုတ် ဒါဆို " ဒီအဝတ်တွေက " ခရဲ့အဝတ်တွေမနေ့က ခကိုယ်တိုင်လဲပေးထားတာ " ခင်ဗျားအဝတ်တွေက သက်တောင့်သက်တာမဖြစ်မှာဆိုးလို့ လဲဝတ်ပေးထားတာ " မိုးသွယ်သူ့ကိုပြန်ပြောချင်စိတ်ကိုမရှိတော့ ဘာလို့ဆို သူကိုယ်တိုင်လဲပေးထားတာလို့ပြောနေတဲ့သူ့မျက်နှာကအပြုံးကြောင့်ပင် ရွံ့စရာလေး သူကူညီပေးထားတာရှိလို့သာ မဟုတ်လို့ကတော့ ဒီပြောင်ချော်ချော်မျက်နှာပေးကို အမြင်ကတ်ကာရိုက်မိမှာအသေအချာ ငါကလဲဒီဟာလေးနဲ့မှ သွားဆုံရတယ်လို့ " မင်းအဝတ်တွေမနက်ဖြန် ပြန်ပေးမယ်မနေ့ကညကအခြေအနေကို ထပ်ပီးသေချာအောင်စုံစမ်းပီးမှ မင်းကိုကျေးဇူးတင်သင့်မတင်သင့်စဉ်းစား မယ် Ok ¿
ငါအခုပြန်မယ် တံခါးလိုက်ဖွင့်ပေး "
"ခကပဲကျေးဇူးပြန်တင်ပေးရမလား အစ်မ အစ်မကို ကူညီခွင့်ရလို့ အဝတ်အစားတွေလဲခကိုလဲ ခွင့်ပေးလို့ ဟက် ဟက် " ဒါဘာရယ်စရာပါလဲ အဝတ်လဲပေးတဲ့ ဟာကိုပါးစပ်အရသာခံပီး ပြောမဆုံးဖြစ်နေတာက ဘာသဘောလဲ ဒါကိုယ့်ကိုအနေရခက်အောင် သက်သက်လုပ်နေတာ ဒီဟာလေးနဲ့ကတော့ကွာ ။ သူ့စကားတွေကိုလစ်လျှူရူပီး မိုးသွယ် အခန်းပြင်ထွက်လာလိုက်သည်။ "နေဉီးလေ ခလိုက်ပို့မယ် " သူမရှက်နေတာကိုခသိမှာစိုးလို့ လှည့်ထွက်သွားတဲ့ မ နောက်ကို လိုက်ရင်း ခတစ်ယောက်ပြုံးမိသည် ။ မ အနားမှာရှိတိုင်း ခ ပြုံးမိနေတာ အကြိမ်များစွာဘာလို့များ မနဲ့တွေ့ရင် စိတ်တွေကအလိုလိုပျော်မြူးနေပါလိမ့် တစ်ကယ်ပါပဲ မနဲ့တွေ့ရင် ဖြစ်လာတဲ့ခံစားချက်တွေက ထူးဆန်းလွန်းပါဘိ ဒီအရာတွေကို ဘယ်လိုခေါင်းစဉ်တက်ရပါ့ ။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...