အခန်း ၄
လာတုန်းကတော့ သွယ်အလုပ်ထွက်မယ့်အကြောင်းမေမေ့ကိုပြောဖို့လာခဲ့တာ သွယ်မပြောခင်မေမေပြောလိုက်တဲ့စကားတွေကြောင့် အလုပ်ထွက်မယ့်အကြောင်းပြောဖို့ပါမေ့သွားရတဲ့အထိ "ဘယ်လို မေမေအိမ်နဲ့ခြံကိုပေါင်ထားတာ အပေါင်ဆုံးတော့မယ် ဟုတ်လား " ဘာတွေလုပ်ထားတာလဲမေမေ မေမေ ဖဲရူံးပီးပေါင်ထားတာမဟုတ်လား ဘယ်တုန်းထဲကလည်းမေမေရယ် သမီးကတော့ ဖေဖေအခုလိုတွေဖြစ်နေတော့ မေမေအဲ့အလုပ်တွေ မလုပ်လောက်တော့ဘူးထင်နေတာ အခုဘယ်လိုလုပ်ကြမလဲ ဖေဖေ့ကိုမသနားဘူးလား မေမေရယ် " "မေမေလဲ အဲ့လောက်ဖြစ်မယ်မထင်ထားဘူးသွယ်ရယ် မေမေယူတာနည်းနည်းလေးပါသွယ် အခုသူကအတိုးနဲ့အိမ်ကိုသိမ်းဖို့လုပ်နေပီ သွယ်ရယ် မေမေ့ကိုကူညီပါအုန်းသွယ် သမီးသူငယ်ချင်း ခင်လေး ဆိုတဲ့တစ်ယောက်လေ US မှာရှိတဲ့တစ်ယောက် အဲ့တစ်ယောက်ဆီက အကူအညီတောင်းကြည့်ပါလားသွယ်ရယ် လုပ်ပါ သမီးရယ် ဒီတစ်ခါနောက်ဆုံးပါ မေမေနောက်မလုပ်တော့ဘူးသွယ် မေမေဂတိပေးပါတယ်သမီးရယ် " မေမေကသွယ်ကိုလာဖက်ပီးငိုနေတော့ သွယ် လည်းပြောစရာစကားဆွံအ ကာ ဖေဖေမျက်နှာကိုသာမြင်ယောင်နေမိသည်။ဒီအိမ်ပေါ်ကနေပါဆင်းပေးရရင် ဖေဖေခံနိုင်ရည်ရှိပါတော့မလား ဒီအိမ်နဲ့ခြံလေးကဖေဖေ့မိဘတွေရဲ့အမွေ ဖေဖေငယ်ငယ်ထဲကနေလာခဲ့တဲ့အိမ်လေ မေမေ လုပ်ရက်လိုက်တာ ပါးပေါ်ကျလာတဲ့မျက်ရည်ကိုသုတ်ပစ်ပီးသွယ် ထရပ်လိုက်သည် ။ "သွယ်ကြိုးစားကြည့်မယ်မေမေ ဒီအတောအတွင်းဖေဖေ့ကိုဘာမှသွားမပြောပါနဲ့ မေမေလဲကတိတည်ပီးအဲ့အလုပ်တွေထပ်မလုပ်ပါနဲ့တော့ မေမေပေါင်ထားတဲ့သူရဲ့ ph number သွယ့်ကိုပေးပါ "
" အဲ့ဒါပါပဲ နှင်းရယ် ကြယ်စင်လင်းခ ကြောင့် အလုပ်ထွက်ပါမယ်ဆိုမှ မေမေလုပ်ထားတဲ့ပြသနာကို အရင်ရှင်းမှဖြစ်တော့မယ် အလုပ်ထွက်ဖို့ကိုတော့ ပြန်စဉ်းစားရတော့မယ်နဲ့တူတယ် ချက်ချင်းအလုပ်ထွက်ဖို့တော့မဖြစ်နိုင်တော့ဘူး နှင်းရေ " ဒီညနေ မေမေအိမ်ပေါင်ထားတဲ့
သူနဲ့တွေ့ဖို့ချိန်းထားတယ် နင်ကလည်း Yangonမှာမရှိတော့ ငါတစ်ယောက်တည်းပဲသွားတွေ့လိုက်တော့မယ် မေမေနင့်ဆီphဆက်ရင် နင်ပါအတူပါတယ်လို့ပြောပေးနော် နှင်း ငါမေမေ့ကိုစိတ်မပူစေချင်လို့"သူငယ်ချင်းဖြစ်သူ နှင်းကို ph ဆက် လိုအပ်တာပြောပီး ချိန်းထားတဲ့နေရာကို သွားဖို့အတွက် မြမိုးသွယ်တစ်ယောက်ပြင်ဆင်ရတော့သည်။ ကိုယ့်ဘက်ကစချိန်းပီးနောက်ကျနေလို့မဖြစ်ဘူးလေ သူဘက်ကလက်ခံတွေ့ပေးမယ်ဆိုတော့ ကိုယ့်ဘက်ကကြိုရောက်နေမှ အတတ်နိုင်ဆုံးတော့ ညှိကြည့်ရမှာပဲ ကိုယ်စုထားတဲ့bank accounts ထဲကငွေသားနဲ့မှမလောက်ရင် Us ရောက်နေတဲ့ သူငယ်ချင်း ခင်လေးကိုအကူအညီတောင်းရတော့မည် တစ်ခါမှသူများဆီကအကူအညီမယူခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ဖေဖေ့အိမ်လေးကို ဘယ်သူ့ဆီမှအပါမခံနိုင် ရတဲ့နည်းနဲ့အဆင်ပြေအောင်လုပ်ရမှာပဲလေ ။
နှင်းရယ် ခင်လေးရယ် မြမိုးသွယ်ရယ်က law first year စတက်တည်းကခင်ခဲ့ကြတဲ့သူငယ်ချင်းတွေပါ ခင်လေးက US မှာမို့ အမြဲph မပြောဖြစ်ပေမယ့် Yangon မှာရှိတဲ့ နှင်းနဲ့မိုးသွယ်ကတော့ ph အဆက်အသွယ် မပြတ်ခဲ့ မိသားစုအတွင်းရေးတွေဖွင့်ပြောတိုင်ပင်ရလာက်တဲ့အထိ အရမ်းကိုရင်းနှီးချစ်ခင်ရတဲ့မိုးသွယ်ရဲ့ သူငယ်ချင်းနှစ်ယောက်ပါ နှင်းအမျိုးသားရဲ့အမေ နှင်းရဲ့mother in law ကနေမကောင်းဖြစ်နေလို့ နှင်းတစ်ယောက်သူ့အမျိုးသားနဲ့ အတူ ပဲခူးက သူ့ယောက်ခမအိမ်ရောက်နေလို့သာ ဒီညနေ ချိန်းထားတဲ့ဆီ မိုးသွယ် တစ်ယောက်တည်း သွားတွေ့ရမှာ နှင်းသာရှိရင် အတူလိုက်ခဲဲ့ပေးမှာ အခုတောင်ပဲခူးကနေထွက်လာမယ် လုပ်နေလို့ မိုးသွယ်မနည်းတားထားရတာ ကျောင်းတက်နေတဲ့ အချိန်တုန်းက မိုးသွယ်က ဖေဖေ့ကျေးဇူးကြောင့် သူဌေးသမီးတစ်ယောက်လို လိုတရရခဲ့တာ သူငယ်ချင်းတွေအပေါ်လည်း မိုးသွယ်အများကြီးထောက်ပံ့ပေးခဲ့တာ ခင်လေးတို့မိသားစု Us မှာအဆင်ပြေပြေနဲ့အခြေချဖို့ မိုးသွယ်ဖေဖေသာမကူခဲ့ရင် ဘယ်လိုမှလွယ်ကူခဲ့မှာမဟုတ် အခုလို မိုးသွယ် လိုအပ်နေချိန်မှာ ခင်လေးဘက်က ငြင်းမည်လို့မထင်ပါ နှင်းကလည်းသူတက်နိုင်သလောက်ကူညီမယ် ခင်လေးကိုလည်းသူပြောပေးမယ် ပိုက်ဆံကိစ္စမိုးသွယ်စိတ်မပူဖို့ ဒီညနေတွေ့ပီးညှိနိုင်းတာသာ အဆင်ပြေအောင်လုပ်ဖို့ နဲ့ သူအတူမလိုက်ပေးနိုင်တဲ့အတွက် ဂရုစိုက်ပီးသွားဖို့သာ တဖွဖွမှာနေသော မိုးသွယ်ရဲ့ချစ်စရာသူငယ်ချင်းများပင်။အဲ့နေ့ညနေ မိုးသွယ်မေမေရဲ့ အကြွေးရှင်နဲ့အိမ်နဲ့ခြံကိစ္စဖြေရှင်းဖို့သွားခဲ့ခြင်းက မိုးသွယ်ရဲ့ဘဝ ကိုအပြာင်းအလဲ ကြီးပြောင်းလဲစေခဲ့မယ်ဆိုတာသာ ကြိုသိခဲ့ရင်.....
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...