Part 21

1.6K 74 0
                                    

အပိုင်း(၂၁)
      
       အိမ်ကထွက်လာတည်းက...မကြည်လင်တဲ့စိတ်ဟာ ခပေးတဲ့နွားနို့နဲ့ဆေးကြောင့် နည်းနည်းလေးတော့ နေသာထိုင်သာရှိသွားသလို ....ခနဲ့သူ့သူငယ်ချင်းတွေ မိုးသွယ်နဲ့ ခန့်ပိုင်သွားတဲ့နေရာတိုင်း နောက်ကပါလာတာကိုသိတော့ ......လူကပိုပီးသွက်လက်လန်းဆန်းလို့ ..အဟက်...ဒင်းတို့ပါလာမှန်းသိလို့ကို ပြင်ဉီးလွင်မြို့ ထဲနေရာစုံကိုလျောက်သွားနေခဲ့တာ ...ခန့်ပိုင်ကတော့ ဘယ်လိုတွေးလဲမသိ..သူ့ဉီးလေးအကြောင်းမေးတာလဲ ဟိုလိုလို..ဒီလိုလိုလှည့်ပတ်စကားလမ်းကြောင်းတွေပြောင်းနဲ့ သေချာမသိရမယ့်အတူတူ နောက်ကလိုက်နေတဲ့ဟာလေးတွေကိုပညာပေးရတာပေါ့ ......အဲ့မှာနောက်ကတချိန်လုံးလျောက်လိုက်ချောင်းနေရလို့.....ခြေထောက်ညောင်းပင်ပန်းပီးအိမ်ပြန်သွားပီလားဆိုတာ မသိမသာနဲ့သူတို့ကို ပြန်ကြည့်ရသေး.....ဟွန့် ...အဲ့မှာနေပူခံပီးလိုက်ချောင်းနေလိုက်...
        မိုးသွယ်နဲ့ခန့်ပိုင်သွားလေရာ နောက်ကိုလိုက်ချောင်းနေရတဲ့ ခတို့သူငယ်ချင်းတွေမှာတော့ ပြင်ဉီးလွင်ရဲ့ နေ့အပူချိန်အောက်မှာ .....မရယ် အိမ်ပြန်ပါတော့လို့ ခမှာစိတ်ထဲကနေဆုတောင်းရတာ အခါခါ.......ဟိုနှစ်ကောင်ကတော့ နေပူပီးခြေထောက်ညောင်းလို့တွန့်လိမ်နေပီး ခကေတော့ နေအပူချိန်ထက် အဲ့ကောင်နဲ့ မ အတူအကြာကြီးလျောက်သွားနေလို့ သဝန်တိုတဲ့စိတ်က ပိုပူလောင်စေသည်။တစ်ခါ လောက် အဲ့ ကောင်ဘက်လှည့်ပီးရယ်မောတဲ့အခါ  အဲ့ပြီတီတီကောင်ရဲ့ မျက်ခွက်ကို ဆုတ်ပြတ်သတ်သွားအောင် ဆွဲထိုးပစ်ချင်စိတ်တွေ မနည်းထိန်းထားရသည်။ပြန်ပါတော့ မရယ် ....
         နောက်ဆုံးတော့ ခ ဆန္ဒပြည့်ဝသွားခဲ့သည် ။မ လိုက်ပါသွားတဲ့ကားလေးက ခရဲ့ မြို့ပြင်က အပန်းဖြေအိမ်ရှိရာလမ်းပေါ်ဉီးတည်နေတဲ့အခါ ဟိုကောင်ဝေယံနဲ့ စင်ဒီကတော့နောက်ခုံမှာအိပ်ရက်လိုက်ပါလာခဲ့ပီး ခကတော့ မတို့ကားနောက်ကို မျက်ချည်မပြတ်နောက်က အမှီလိုက်မောင်းလာခဲ့သည်။
          "နောက်လထဲ ရန်ကုန်လာဖို့ရှိတယ် မိုးသွယ် .....အဲ့ကျရင် ကျွန်တော်ph ဆက်လိုက်မယ် ထပ်တွေ့မယ်နော်"
       "Ok လေ ခန့်ပိုင် ရောက်ရင်ခေါ်လိုက်လေ ဖေဖေကလည်း တွေ့ချင်နေတာနဲ့အတော်ပဲပေါ့"
           သူ့ဉီးလေးအကြောင်းသိချင်လို့သူ့ နားခဏရှိနေတာကို ....တလွဲတွေးချင်နေတဲ့ဟာ ...ဖေဖေကတွေ့ချင်တယ်ပြောလိုက်တာနဲ့ မျက်နှာကဟန်ဆောင်ထားထာတောင်သိသိသာသာပျက်ရွင်းပီး ချက်ချင်းပြန်မယ်ပြောပီးအိမ်ထဲတောင်မဝင်နိုင်ပဲ ပြန်ထွက်သွားတဲ့ခန့်ပိုင်ကားနောက်ကိုကြည့်ကာ မိုးသွယ် သဘောကျစွာပြုံးမိပါရဲ့ ...
           ခန့်ပိုင်ကားထွက်သွားပီးသိပ်မကြာခင်မှာပဲ.....မိုးသွယ် နောက်ကနေတနေ့လုံးလျောက်လိုက်နေတဲ့ ဟိုဟာတွေရဲ့ကားကလည်း ခြံထဲသို့မောင်းဝင်လာတော့သည်။ဒင်းအရင်မဝင်ခင် မိုးသွယ်အရင်ဆုံး ရေချိုးခန်းထဲဝင်ထားမှ တနေ့လုံး လျောက်သွားထားတာဆိုတော့ ရေနွေးနွေးနဲ့စိမ်ပီးရေချိုးအနားယူရမည် ။ခအရင်ဝင်ရင်တော်တော်ကြာတဲ့အထိရေစိမ်နေပီးထွက်လာမှာ မဟုတ်ဘူး။မိုးသွယ်ကို အနိုင်ကျင့်တဲ့ ခကို တနေ့လုံး အိပ်တဲ့အထိပါ စိတ်အနှောင့်ပေးပစ်မှာပါ။မိုးသွယ် ရေချိုးခန်းထဲဝင်နေတော့ ဒင်းသူငယ်ချင်းတွေကိုလဲ လူမှုရေးအရနှုတ်ဆက်စရာလဲမလိုတော့ ...ဒင်းထက်အရင်လဲရေချိုးခန်းကိုသုံးရ.....ကြည့်နေ အချိန်ကြာကြာယူပီးရေချိုးခန်းထဲနေပစ်ဉီးမယ် ....အဲ့မှဒင်းနောက်ကျမှရေချိုးရမှာ.....စောင့်ရတဲ့ဒုက္ခကိုလည်းနားလည်မှာ မစောင့်နိုင်တော့လို့ ပိတ်ထားတဲ့တစ်ခြားအခန်းတွေက ရေချိုးခန်းကိုသုံးရင်တော့ ...သူ့ဆီမှာ အခန်းသော့တွေရှိတာသိရမှာပဲ အဲ့ကျရင် သူအိပ်မှ အဲ့သော့တွေရှာယူပီးနောက်နေ့တွေတစ်ခြားအခန်းမှာသွားအိပ်ပစ်မယ် ...ဒင်းနဲ့အတူတူတခန်းထဲအိပ်စရာမလိုတော့ ...ကဲမိုးသွယ်အကြံဘယ်လောက်ကောင်းလဲ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။
        မိုးသွယ်ရေချိုးခန်းထဲဝင်သွားတဲ့အချိန် ခနဲ့သူငယ်ချင်းတွေက ညောင်းညာတဲ့ခြေထောက်တွေနဲ့ဧည့်ခန်း ထဲသို့ဝင်လာကြသည်။သုံးယောက်လုံးမျက်နှာတွေက မသာမယာ ကျန်နှစ်ယောက်က ပင်ပန်းလို့မသာယာတာ ခကတော့ ဟိုကောင့်ကားထွက်သွားတောင် အဲ့ကောင်ကားကို ကြည့်ပီးပြုံးနေတဲ့ မ ကြောင့် ....ဟွန်း အဲ့ပြီတီတီကောင်မှာ ဘာတွေအဲ့လောက်သဘောကျစရာတွေရှိနေလို့လဲ ...ထွက်သွားတာတောင်ပြုံးပီးကြည့်နေရအောင် ခနဲ့ဆိုရင် တော့ အမြဲရန်တွေ့တတ်တဲ့ နှုတ်ခမ်းတွေက အဲ့ကောင်နဲ့ကျတော့ ပြုံးနေတာ ဘာသဘောလဲ ...မနော် ...မ ချစ်လို့ ချစ်လွန်းလို့ အလျော့ပေး အလိုလိုက်နေတာကို .....ဝေယံbar မှာကြုံသလိုအဖြစ်မျိုးထပ်ကြုံမှာ စိုးလို့ ခကတော့အပင်ပန်းခံပီးနောက်ကနေ လိုက်စောင့်ရှောက်ပေးနေတာကို ဒင်းကတော့ ပြင်ဉီးလွင်မြို့ကိုပတ်နေတာ တနေကုန် ...
       ဟိုနှစ်ယောက်ပင်ပန်းနေတော့ ကားမမောင်းခိုင်းတော့ပဲကိုထွန်းကို ph call ပီး သူတို့တည်းတဲ့hotel ကိုလိုက်ပို့ခိုင်းလိုက်ကာ ခနဲ့မိုးသွယ်အတွက် ညစာအတွက်ပါ ပါတခါတည်းမှာလိုက်သည်။ဝုင်ပုလင်းကောင်းကောင်းလေးပါယူလာဖို့ မှာလိုက်သည်။ မနက်တည်းက မရဲ့နောက်ကနေတနေကုန်လျောက်လိုက်နေရတော့lunch ကိုကောင်းကောင်းမစားလိုက်ရ။ညစာအတွက်အားလုံး စီမံပီးတော့ ခြံတံခါးအိမ်တံခါးတွေပိတ်ကာ မရှိရာ အိပ်ခန်းဆီသို့ ဝင်လာခဲ့လေသည်။ပင်ပန်းတယ်ကွာ ရေစိမ်ပီးတော့ မှညစာကိုအေးအေးဆေးဆေးစားမယ် ပီးတော့ မနဲ့အတူဝိုင်သောက်မယ်။
          အခန်းထဲ ခရောက်တော့ မကရေချိုးခန်းထဲကထွက်မလာသေး ...
    
     ရေချိုးတာအဲ့လောက်ကြာလား...အရင်ကအဲ့လောက်မကြာပါဘူး ...အအေးပတ်တော့မှာပဲကွာ မတစ်ယောက်တော့ နေရာဒေသအပြောင်းအလဲကို ရေအကြာကြီးချိုးနေရင်ဖျားတော့မှာပဲ။
          "ဒေါက်..ဒေါက်" "မရေ....မ မြန်မြန်ချိုးလေကွာ အခန်းထဲဝင်သွားတာကာနေပီကို ...ချိုးလို့မပီးသေးဘူးလား  နောက်သုံးမိနစ်ပဲနော် ထွက်မလာရင် ရေချိုးခန်းတံခါးသော့ဖွင့်ပီး ဝင်လာတော့မှာ မြန်မြန်လုပ် ဖျားမယ်"
    သုံးမိနစ်ပင် မကြာလိုက် မ ရေချိုးခန်းထဲကထွက် လာတော့သည်။
ဖျားမယ် ဘာမယ် သူများကိုစိတ်ပူသလိုလျောက်ပြောနေ တကယ်တော့ သူရေချိုးခန်းသုံးချင်နေတာကို သက်သက်အနိုင်ကျင့်တာ ..ဟွန်း မုန်းစရာကောင်းလိုက်တာ။
      "ခေါင်းပါလျော်တာလား မြန်မြန်ရေသုတ်လေ မ အကြာကြီးလုပ်နေရင် ဖျားလိမ့်မယ် ...ခ လုပ်ပေးမယ်"
       "မလုပ်နဲ့ရတယ် ....ကိုယ့်ဘာသာလုပ်လို့ရတယ် ...ရေသာအရင်သွားချိုးပါ ညစာစားပီးရင် အန်ကယ်က ph callဖို့ massageပို့ထားတယ် ...video call ခေါ်ရမှာရေအမြန်သွားချိုးပါ မင်းနောက်ကျနေရင် သူတို့ကစောင့်နေရမှာ လူကြီးတွေက အိပ်ရာဝင်နောက်ကျနေမယ် မြန်မြန်သွား"
     Daddy က video call တောင်ခေါ်ခိုင်းတာလား ခကိုလဲ ph မဆက်ပဲနဲ့ driver ကိုထွန်းကများ မနက်ကအခြေအနေကို daddyကို ပြောလိုက်တာများလား ...မပြောပါနဲ့လို့ ဒီလောက်မှာထားတာကို ကိုထွန်းဟာလေ daddy လူယုံပီသပါပေတယ် ။
       "မ ...ကိုထွန်း ကိုမှာလိုက်တဲ့ညစာတွေထမင်းစားပွဲပေါ်မှာအကုန်ပြင်ပေးထားတယ် မဗိုက်စာရင်အရင်စားနှင့်နော် ...ခနောက်မှစားမယ်"
    "မစားဘူး ...မင်းကိုစောင့်မယ် မင်းသာမြန်မြန်လုပ် အန်ကယ် တို့နဲ့ထမင်းစားနေတုန်း video call ပြောမယ်  ...အဲ့တော့မြန်မြန်သွားချိုး"
   မ လည်းအနက်ကကိစ္စ daddy ဆီရောက်သွားတာကိုရိပ်မိတယ်နဲ့တူတယ် အဲ့ကြောင့်အတူတူထမင်းစားတာကိုပြချင်တာ ....အင်း ရေမြန်မြန်ချိုး daddy ကိုph call မှပဲ ..ပီးမှ မနဲ့အတူ ဝိုင် time လုပ်ရမည် ။honeymoon က နည်းနည်းတော့ honeymoon ဆန်ဖို့လိုတယ်လေ ခလည်း မနဲ့အတူ ဝိုင်ကိုအရသာခံသောက်ပီး မနဲ့အတူ ပြင်ဉီးလွင်ရဲ့ညကို ဖြတ်သန်းချင်သည်။
        
   ။။။။။။။။။။။           ။။။။။။။။။။။။။           ။။။။။။။။။။။။။။။
    အန်ကယ်ကvideo callခေါ်ဖို့စောင့်နေတယ်ပြောတဲ့ ဒင်းရေချိုးတာမကြာတော့ဘူးလေ။မိုးသွယ်လဲ ခေါင်းကိုသေချာ ခြောက်အောင်လုပ်ပီး ထမင်းစားခန်းဆီသို့ပြင်စရာရှိရင်ပြင်ရအောင်အရင်ထွက်လာခဲ့လိုက်သည်။ ခလို သူဌေးသမီးတစ်ယောက်က မိုးသွယ်စားဖို့ပြင်ပေးထားတယ်ဆိုပဲ ......ဘာတွေပြင်ထားလဲကြည့်ရအောင် ... အံမယ် ပြင်ထားတော့ ဟုတ်နေတာပဲ ဒါက ဘာလဲ Wine ပုလင်း ပဲ ခကလေ wine သောက်ရတာတော်တော်ကြိုက်ပုံရသည်။ ဟိုတစ်ခါသူနဲ့ hotel သီးသန့်ခန်းမှာတွေ့တုန်းကလည်း wine သောက်နေခဲ့တာ မိုးသွယ် သူ့ခေါင်းပေါ်အကုန်လောင်းချပစ်ခဲ့တာလေ။သူပြင်ထားတာလိုအပ်တာပြင်မလို့ကို လိုအပ်ချက်ရှိမနေ ..တကယ်ဆိုနှစ်ယောက်တည်းစားတာက ဘယ်လိုပြင်ပြင်ကိစ္စမရှိပေမယ့် father in law က video call ခေါ်ပီး မိုးသွယ်တု့အခြေအနေကို စစ်ဆေးမှာဆိုတော့ သေချာပြင်မှ ခ wine ပုလင်းရှိနေတာလဲကောင်းပါသည် honey moonထွက်လာတဲ့ သူတွေနဲ့ပိုတူသွားတာပေါ့ ။
    
မကြာပါ ခ ထမင်းစားခန်းထဲရောက်လာပီးနှစ်ယောက်သား လူကြီးတွေနဲ့video call ပြောကာ ခပြင်ထားတဲ့ညစာကို နှစ်ယောက်အတူ စားဖြစ်ခဲ့သည်။အန်ကယ်တို့ စိတ်ကျေနပ်တဲ့အထိ ph ပြောပီးတော့ ခကသိပ်အများကြီးမသောက်ရန် မှာကာ ph ချသွားခဲ့သည်။
      ညစာစားပီးတော့ နှစ်ယောက်သားအတူပန်းကန်တွေဆေး  အကုန် သိမ်းဆည်းရှင်းလင်းပီတော့ ခက ဝိုင်ပုလင်းကိုတစ်ဖက်ကကိုင် တစ်ဖက်က မရဲ့ မလိုက်ချင်ဖြစ်နေတဲ့လက်လေးတစ်ဖက်ကိုဆွဲကာ အိမ်အပေါ်ထပ်က ကောင်းကင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ ဝရံတာ လေးဆီသို့ ။
      ကောင်းကင်မှာ လ ကသာမနေ တိမ်တွေဖုံးလို့နေသည်။အနားမှာ မ ရှိနေတော့ အပြင်မှာ လမသာနိုင်ပေမယ့် ခရဲ့နှလုံးသားမှာ လဆယ်ဆင်းမက သာနေလေရဲ့.....
       ညရဲ့အသံ ပတ်ဝန်းကျင်ရဲ့အသံတွေနဲ့ နှစ်ယောက်သားကြားမှာ စကားသံတွေပျောက်ဆုံး အလင်းမှိန်မှိန်အောက်မှာ မရဲ့နှုတ်ခမ်းဖူးဖူးလေးကိုငေးပီး ခတစ်ယောင်ဝိုင်ရဲ့အရသာထက် မရဲ့နှုခမ်းလေးရဲ့အရသာကိုသာ ပိုသိချင်လာမိတော့ ....ရင်ဘတ်ထဲက နှလုံးခုန်သံတွေက ထိန်းမရသိမ်းမရ ဘေးနားမှာရှိနတဲ့ မများကြားသွားမလား စိုးရိမ်စွာလက်တစ်ဖက်နဲ့ရင်ဘက်ကိုဖိထားရသည်။
      မရယ် ....ဟိုအရင်တုန်းက အဝေးကနေခိုးငေးခဲ့ရတာ အခုတော့အနီးနားလေးကနေ ရင်ခုန်သံတွေမြန်နေရတာ ......အဲ့အချိန်လေးမှာ အလိုက်သိတဲ့လေတစ်ချက်အဝေ့မှာ ုခုံးပေါ်တင်နေတဲ့မရဲ့ဆံနွယ်လေးတွေကလျောဆင်းကုန်တော့  မရဲ့ရွှေလည်တိုင်လေး ပေါ်လို့လာသည်။အရင်တည်းကလေ အဲ့နေရာလေးကို ကိုက်ပစ်ချင်ခဲ့တာ ခစိတ်တွေကို မရိုးမသားစထြစ်စေခဲ့တဲ့နေရာလေး.....ခရဲ့လက်တွေက မရဲ့ ဝင်းမွတ်နေတဲ့လည်တိုင်လေးဆီသို့ မရဲတရဲ လှမ်းထိတွေ့လိုက်သည် ။
 
  "ဘာပေနေလို့လဲ "  ကြည့်ဉီး မတစ်ယောက်ကလေ အဲ့လိုတွေ ရိုးသားတာဆိုတာ အဲ့ဒါများချစ်သူရှိတယ်ဆိုပဲ.....
     ခက  စကားတွေနဲ့ပြန်ဖြေမနေ ဝိုင်အနည်းငယ်ကို ငုံယူလိုက်ကာ မရဲ့နှင်းဆီဖူးနှုတ်ခမ်းလေးဆီ ခနှုတ်ခမ်းတွေနဲ့ထိကပ်လိုက်ပီး ......ငုံထားတဲ့ဝိုင်အားလုံး မထံလွှဲပြောင်းပေးလိုက်သည်။ အရမ်းချစ်တာပဲ ....မရယ်
  
 
     
   

       
            

နှလုံးသားရဲ့အမိန့်တော်အတိုင်းWhere stories live. Discover now