အပိုင်း (၃၃)
နှလုံးသားရဲ့အမိန့်တော်အတိုင်းဖေဖေတို့ အိမ်မှာ ပိတ်ရက်နှစ်ရက်လုံး နေခဲ့ပီးတဲ့နောက် ....monday မနက်ခင်းကို ရောက်လာတဲ့အခါ ..ခရော မိုးသွယ်ပါ ရုံးတက်ဖို့အတွက် ပြင်ဆင်ရတော့သည်။
မိုးသွယ် မေမေနဲ့ မောင်လေးကို ဖေဖေ့ ကျန်းမာရေးနဲ့ပက်သက်ပီး အချိန်မရွေး ph ခေါ်ဖို့နဲ့
ဖေဖေ့ကို ဂရုစိုက်ဖို့ မှာ ပီးနောက်မှာ ခရဲ့ကားပေါ်တက်ကာ ရုံးကို နှစ်ယောက်သား ထွက်လာဖြစ်တော့သည်။
"ကျေးဇူး ပါ ခ"
" ဘာကိုလဲ ..မ "
"တို့မိဘနဲ့ မောင်လေးအပေါ် ကောင်းပေးတဲ့အတွက်"
" လိုလို့လား...မရဲ့မိသားစုက ခရဲ့မိသားစုပဲလေ ...အဲ့အတွက် ကျေးဇူးတင်ဖို့မှမလိုတာ
အရမ်းတင်ချင်ရင်လည်း ...ခကိုပဲ ပိုချစ်ပေးနော် ..မ"
စကားအကောင်းပြောနေလည်း အဲ့တစ်ယောက်ဟာ ..ရွတ်နောက်နောက်နဲ့
မင်းက ဘယ်အရာမှကို အလေးအနက်မထားတက်လား ..ခရယ် ။ဟင်းး...
မင်းကြောင့် ဒီရက်ပိုင်းတွေ သက်ပြင်း အကြိမ်ကြိမ် ချမိနေတယ် ..သိရဲ့လား
ခ ကစနောက်လိုက်ပေမယ့် ..ခကို ဘာမှပြန်လဲမပြောပဲ မတစ်ယောက်သက်ပြင်းခိုးချနေတာ
သူမအဖေ ကျန်းမာရေးအတွက် စိတ်ပူနေတယ်နဲ့တူတယ် ...မသနားပါတယ်။။။။။။။။။။။။ ။။။။။။။။။။။။
ရုံးဆင်းဖို့ သိပ်မလိုတော့တဲ့အချိန်မှာတောင် အလုပ်တွေရူပ်နေဆဲ ဖြစ်တဲ့မိုးသွယ်တစ်ယောက်
Ph miss call တွေ များတော့မှ ph အသံကို သတိထားမိတော့တယ် ။ခန့်ပိုင် ...ခန့်ပိုင်ရဲ့ miss call တွေ ..လေးကြိမ်တောင်...အလုပ်ထဲအာရုံရောက်နေတော့သတိမထားမိလုက်တာ။
နောက်ဆုံးတစ်ခါph call တုန်းက သူYangon ရောက်ရင် ph ထပ်call မယ်ဆိုတာ..ရောကနေတာလား ..Yangon ကို
နောက်ထပ်တစ်ကြိမ်ထပ်ခေါ်လာတော့ ph ကို answer အမြန်လုပ်လိုက်ရသည်။သူ့ဉီးလေးအကြောင်း ကို သိဖို့လိုတယ်လေ။
" hello အင်း ခန့်ပိုင် ...ရောက်နေပီလား...ဘယ်လို ..ရုံးအောက်မှာရောက်နေတာလား..
Ok ..Ok ခဏတော့ စောင့်နော် ...မိုးသွယ်ဆင်းလာခဲ့မယ် "
ခန့်ပိုင်နဲ့တွေ့ဖြစ်တဲ့အကြောင်း ဖေဖေ့ကိုတောင် အသိမပေးထားပါ ..သူ့ဉီးလေးနေတဲ့နေရာ အတိအကျသိမှပဲ အကြောင်းစုံ သိရမှသာ ..ဖေဖေ့ကိုပြောပြတော့မည်။ ဖေဖေတစ်ယောက်ဟာ ..သူ့မန်နေဂျာ ခန့်ပိုင်ရဲ့ ဉီးလေးကို ညီကိုရင်းချာလို သဘောထားခဲ့တာ ...အခုလို ဖေဖေစီးပွါးပျက်ရတဲ့အထိ ဖြစ်ခဲ့တာတောင် ခန့်ပိုင် ဉီးလေး ယူသွားတဲ့ ငွေတွေထက် အဲ့မန်နေဂျာ တွက်စိတ်ပူပေးနေတာ ...မိုးသွယ်ကိုတောင်မှာထားသေးတယ် ..
အမှုဖွင့်ထားတာ ပိတ်ပစ်ဖို့နဲ့ ..အကယ်၍များလမ်းမှာ အမှတ်မထင်တွေ့ခဲ့ရင် ...သူ့ဆီခေါ်လာခဲ့ပေးဖို့ ဘာကြောင့် အခုလိုလုပ်သွားသလဲ ပဲ သိချင်ပါတယ်တဲ့ ။အလုပ်သမားတွေအပေါ်မှာရော ..အဲ့မန်နေဂျာ ဉီးမောင်သောင်း အပေါ်မှာပါ ...ညီအရင်းတစ်ယောက်လို ဆက်ဆံပေးခဲ့တာ..အခုထိလည်း အဲ့လူကြောင့် စီးပွါးပျက်ခဲ့ပေမယ့် ....ပါသွားတဲ့ပိုက်ဆံတွေအစား..ဘာကြောင့် ဒီလိုလုပ်ခဲ့လဲ သိချင်ပါတယ်တဲ့။
Lift နဲ့ပဲ ခန့်ပိုင်စောင့်နေတဲ့နေရာဆီ မြန်မြန်ရောက်အောင်ဆင်းလာလိုက်တော့ကာ...ဟိုတစ်ယောက် ကို ph နဲ့massageလှမ်းပို့ထားလိုက်သည်။ခန့်ပိုင်နဲ့တွေ့တာနဲ့ပက်သက်ပီး....မဟုတ်ရင် ဒေါသအိုးက စိတ်တိုနေမှာ...ခ မျက်နှာမှာ အပြုံးတွေပဲ မြင်ချင်ပါသည်။ မိုးသွယ်ကြောင့် ဒေါသမထွက်စေချင်ပါ။
ခရဲ့ ရုံးခန်း ..
ရှေ့မှာရှိနေတဲ့ လင်းရဲ့ ph က massage ဝင်လာတဲ့ အသံကြားတော့ ဘာရယ်မဟုတ် သွန်းရဲ့အကြည့်တွေက ph ဆီအရောက်.....မဆီက massage ...နေပါဉီး ..မဆိုတာ ဟိုမိန်းမပဲ ။
အမြင်ကတ်စရာကောင်းလိုက်တာ တရုံးထဲ အတူတူရှိနေတာကို ဘာတွေ massage လာပို့နေတာလဲ ....အပိုတွေ
ပုံမှန်ဆို သွန်းက အမြင်ကတ်လဲ မသိချင်ယောင်ဆောင်လိုက်မှာ ..သို့ပေမယ့် ဟိုနေ့က အဲ့မိန်းမ သွန်းကို လုပ်ပြသွားတဲ့ မျက်နှာကို အတွေးထဲဖျောက်မရ ...အဲ့နေ့က သွန်းကို ဝမ်းနည်းအောင်လုပ်သွားတာ..သူမကိုလည်းနည်းနည်းတော့ စိတ်ဒုက္ခ ပြန်ပေးရမယ် မဟုတ်လား ..
ပေါ်လာတဲ့အတွေးကို လက်တွေ့လုပ်ဆောင်ဖို့ ....အခန်းထဲက toilet ထဲ ဝင်နေတဲ့ လင်းကို လှမ်းမေးလိုက်တော့သည်။
" လင်း...ခရဲ့ ph အား..မရှိတော့လို့..daddy ကို အရေးကြီးကိစ္စပြောစရာရှိနေတာ အခုမှသတိရတာကွာ ...အဲ့ဒါလင်း ph နဲ့ ဆက်လို့ရမလားဟင်"
" .ရတယ်လေ ....သွန်း ...ph ကpassword မခံထားဘူး...ယူပြောလေ"
အမလေး...password မသုံးထားဘူးတဲ့ ..အဲ့လိုမှန်းသိ ဒီအတိုင်းယူဖတ်ပါတယ် ..အဲ့လင်းတစ်ယောက်ကလေ..ဘာလို့ ph ကို safetyဖြစ်အောင်မထားရတာလဲ ..နောက်မှ lock ချဖို့ပြောရမယ် ...အခုတော့ အဲ့မိန်းမ ဘာပို့တာလဲ အရင်ကြည့်ရမယ် ...တွေ့ကြပီပေါ့
အလှည့်ကျရင် မနွဲ့စတမ်းပေါ့နော် .....ဒေါ်မြမိုးသွယ်ဆိုတဲ့ အမျိုးသမီးရေ
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...