အခန်း(၁၀) နှလုံးသားရဲ့အမိန့်တော်အတိုင်း
ခကမိန်းကလေးအချင်းချင်းပဲသဘောကျတဲ့ lesbians လား ဘာလား ခမသိခဲ့ဘူးရယ် ။သိတာက မကို ခိုးငေးရတာ မကိုမြင်နေရရင် အလိုလို ပျော်လာတဲ့စိတ်လေးရယ်ပဲ သိတာကို။ ခတို့majorအဆောင်ဘက် မကြာခဏလာတတ်တဲ့မကြောင့် ခမှာပျော်ခဲ့ရတာလေ နောက်မှသိခဲ့ရတာက သူမကကိုယ့်ကို ပညာပေးဖို့အတွက် ခအကြောင်းသိရအောင်လာလေ့လာခဲ့တာတဲ့ ။ ရယ်ရသားနော် ....ဘာတဲ့ခ သူငယ်ချင်း စင်ဒီတို့ ဝေယံတို့ က ခနဲ့သူမကို ယှဉ်ပြောတဲ့အခါ ခမှာ တကယ်ပဲ
စိတ်ထဲက ကျေနပ်ပီးပြုံးနေခဲ့ရတာကိုနော်။
"ခ နင်ကလေ အဲ့ final ကlaw queen နဲ့type ချင်းတော်တော်ဆင်တာနော် သူကသူ့နောက်လိုက်တဲ့ကောင်တွေကို အတော်လက်သံပြောင်တာဟ အခုfinal ရောက်တဲ့အထိပဲ နင်လဲအခုမှ first year ပဲရှိသေး နင်ကလဲ နာမည်အတော်ထွက်နေပီနော် နင်တို့နှစ်ယောက်ကို ညီအမတွေလားလို့မေးတဲ့သူတောင်ရှိတယ်... ...ပြသနာမရှာချင်စမ်းပါနဲ့ခရယ် ဟိုနေ့က တစ်
ယောက်ကို နင်ကားနဲ့ဖြတ်တိုက်တာ ဟိုကအရှောင်မြန်လို့ဆို ..ကြည့်ကောင်းအောင်လုပ်
စမ်းပါ ငါတို့သွေးသံတရဲရဲ မမြင်ရဲဘူးနော် ကြည့်လုပ်ဟေ့ရောင်"
တကယ်ပါ ခကလေ ကိုယ့်နောက်လိုက်ခဲ့တဲ့ကောင်တွေကို ချေခဲ့သမျှ မိန်းကလေးတစ်
ယောက်နဲ့တွေ့မှပဲ လူတွေရှေ့အရှက်တကွဲ ဖြစ်ခဲ့ရသတဲ့လေ .. အဖြစ်အပျက်တွေက လျက်တပျက်ဆန် မြန်ဆန်လွန်းခဲ့ပေမယ့် ခအတွက်တော့ အချိန်အတော်ကြာတဲ့ ယနေ့ထိမေ့လို့မရခဲ့ပါဘူး ။
မှတ်မှတ်ရရ အဲ့နေ့က စာမေးပွဲနောက်ဆုံးနေ့ စာမေးပွဲနေ့ဆိုတော့သိတဲ့အတိုင်း ကျောင်းသား အားလုံးလဲရှိတဲ့အချိန် ဖြစ်တဲ့နေရာကလည်း မိန်းကလေးအိမ်သာရှေ့မှာရယ် ခလက်နဲ့သူမတင်ပါးထိမိလိုက်တာကိုသိတယ် အဲ့အတွက် sorry လို့ပြောဖို့ သူမဘက်ကိုအလှည့် သူမရဲ့အတော်အားပါတဲ့ လက်က ခရဲ့ပါးပေါ် ဖြောင်းခနဲရယ် " ကဲဟယ် တဏှာရူး မိန်းကလေးအချင်းချင်းကို တောင်အလွတ်မပေးဘူး ဘာလဲနင်က မိန်းကလေးချင်းကြိုက်တဲ့သူလား အမလေး ရွံ့စရာလေးတော့ "
သူမရိုက်ချက်ကြောင့် နားထဲဘာမှမကြားတာထက် ခကိုရိုက်တဲ့သူက မ ဖြစ်နေတာကရုတ်တရက် ဘာမှမတုံ့ပြန်နိုင်တဲ့အထိ အငိုက်မိသွားခဲ့တာ ။ ဘေးနားကဝိုင်းကြည့်နေတဲ့ ကျောင်းသူတွေရဲ့အကြည့်တွေရော တီးတိုးပြောနေကြတဲ့စကားသံတွေရယ် စင်ဒီ ဝေယံနဲ့ မင်းထက်တို့ကအနားရောက်လာပီး "ဘယ်လိုဖြစ်တာလဲခ သွားမယ်လေ နင်ဒီအတိုင်းရပ်နေမှာလား " " ဘာဖြစ်တာလဲခ နင်ပြောငါအဲ့မိန်းမကို သွားပြန်ရိုက်ပစ်မယ် ဘာလို့နင့်ပါးရိုက်သွားရတာလဲ "တကယ်ပါဘေးနားက သူငယ်ချင်းတွေ ပြောတဲ့စကားတွေရော ပတ်ဝန်းကျင်ရဲ့အသံတွေပါ မကြားရပဲ လူကထုံနေခဲ့တာ စာမေးပွဲဖြေပီးတဲ့အချိန်မှာဖြစ်ခဲ့လို့ မဖြေခင်အချိန်ဆို ခ စာမေးပွဲဖြေနိုင်ခဲ့မှာတောင်မဟုတ်။
အဲ့နေ့ က သူငယ်ချင်းတွေနဲ့ အမူးသောက်ခဲ့ကာ သူမရိုက်ခဲ့တဲ့ပါး ထက် ရင်ဘတ်ထဲကဘာလို့ပိုနာနေမှန်းမသိ လူတွေအများကြီးရှေ့မှာအပြောခံရလို့ ရှက်တဲ့စိတ်ထက် ခကိုရိုက်တဲ့သူက မ ဖြစ်နေတာကပိုနာကျင်ရတာ ။နောက်မှပြန်သိခဲ့ရတာက မကလေအဲ့လိုဖြစ်
အောင်တမင်ကြံစည်ခဲ့တာတဲ့ ခကသွားထိခဲ့တာမဟုတ် ဇာတ်လမ်းအစအဆုံးက သူမရဲ့အကြံအစည်တွေ ခကိုပြန်ခံစားစေချင်တဲ့အကြံအစည်တဲ့ရယ် .....အဲ့နောက်ပိုင်းတော့ဩစီမှာ ခကျောင်းသွားတက်ခဲ့တယ် တစ်ခြားသူတွေရဲ့အမြင် အဲ့နေ့ကခတို့နှစ်ယောက်ရဲ့အဖြစ်အပျက်တွေကိုမြင်ခဲ့ကြားခဲ့သူတွေကတော့ ခက ရှက်လို့ကျောင်းတောင်ထွက်သွားတယ်ပေါ့ တကယ်တော့ ခက နိုင်ငံရပ်ခြားမှာကျောင်းသွားဆက်တတ်ဖို့ စီစဉ်ထားပီးသားရယ် ။အဲ့အချိန်ကစလို့ ခရည်းစားတွေထည်လဲတွဲခဲ့ပါတယ် ယောက်ကျားလေးရော မိန်းကလေးရော မြန်မာရော နိုင်ငံခြားသား လူမျိုးခြားပါမကျန် သူမနဲ့တွေ့ရင် သူမကိုမြင်နေရရင် ခံစားရသလိုများ အနည်းငယ်
လောက်များဖြစ်မလားရယ်လို့ပေါ့ ။ရည်းစားတွေတစ်ယောက်ပီးတစ်ယောက်ပြောင်းသွားခဲ့တယ်။ အဲ့ခံစားမှုမျိုးမတွေ့ခဲ့ဘူးရယ် နောက်ဆုံးတော့ ခမြန်မာပြည်ကိုပြန်ဖို့အကြောင်းပေါ်လာခဲ့တယ် ။ ပြန်ရတော့မယ်အချိန် သူမနဲ့သာတွေ့ရင် သူမနဲ့သာပြန်ဆုံခဲ့ရင် ခဆီမှာ အဲ့ခံစားချက်တွေပေါ်လာခဲ့ရင် သူမကို ခအပိုင်ဖြစ်စေရမယ်လို့ ခတွေးခဲ့ပီးသား အဲ့အတွက်ဘယ်သူ့ကြောင့်နဲ့မှ သူမနဲ့လက်ထပ်ဖို့ကို နောက်ဆုတ်မပေးနိုင်ဘူးရယ်။မြမိုးသွယ်ဆိုတဲ့မက ခအပိုင်ပဲ ဖြစ်လာစေရမယ် ဒါဟာကျောင်းတုန်းက ကိစ္စကိုလက်စားချေတာလို့ မကိုယ်တိုင်ကထင်နေလဲ ခဖြေရှင်းမှာမဟုတ်ပါ ခကိုယ်တိုင်လဲ မနဲ့ပက်သတ်ရင်ဖြစ်လာတဲ့ဒီခံစားချက်တွေအတွက် ခေါင်းစဉ်တခုခုတပ်ဖို့မသေချာသေးတာဆိုတော့ ထင်ချင်သလိုထင်နိုင်ပါတယ် မည်သူမဆိုလေ ခအတွက်တော့ မကို အပိုင်ရဖို့သာအဓိကရယ်။
။။။။။။။ ။။။။။။ ။။။။။။။ ။။။။။။။။။ ။။။။။။။။။
ဖေဖေ့ကို ဆေးခန်းရက်ချိန်းပြဖို့မေမေရော မောင်လေးတိုးရော ဖေဖေနဲ့ အတူလိုက်သွားတော့အိမ်မှာ မိုးသွယ်တစ်ယောက်ထဲ ကျန်နေရစ်သည်။ အလုပ်ပိတ်ရက်ဆိုတော့အိမ်မှာသိမ်းစရာတွေ ရှင်းစရာတွေရှင်းလင်းဖို့ မိုးသွယ်နေခဲ့လိုက်တာပါ ။အိမ်ရှေ့ကကားဟွန်းသံကြောင့် ခေါက်လက်စ အဝတ်တွေကို ထားခဲ့ကာ ခြံထဲဆင်းကာတံခါးဖွင့်ပေးဖို့ထွက်လာခဲ့လိုက်သည်။
ဖေဖေတို့ပြန်လာတာစောတယ်ထင်နေတာ ခြံထဲဝင်လာတဲ့ကားက taxi ဟုတ်မနေ အိမ်စီးကား အိမ်စီးကားတောင် model မြင့်ကားတစ်စီး ဖေဖေ့ ဧည့်သည်လား ဘယ်သူ့ဧည့်သည်မှန်း မခန့်မှန်းမိခင် ကားပေါ်ကနေ ဆင်းလာတဲ့အမျိုးသမီးတစ်ယောက် "ဒီအိမ်က မြမိုးသွယ်တို့အိမ်လား ...မြမိုးသွယ် ဆိုတာမင်းလား "
"ဟုတ်ပါတယ် ကျွန်မက မြမိုးသွယ်ပါ အန်တီက " ပုံမှန်အတိုင်းအန်တီလို့သာခေါ်လိုက်ရတာ တကယ်ကသူမရုပ်ရည်က အတော်ကိုနုပျိုချောမောနေတာ တော်တော်လဲအကုန်ကျခံအချိန်ပေးပီး ပြင်ထားတဲ့ပုံမျိုး
" ခရဲ့mommy မင်းနဲ့လက်ထပ်မယ်ဆိုတဲ့ကြယ်စင်လင်းခရဲ့အမေပဲ"
"ခက လက်ထပ်မယ့်သူဆိုလို့ ဘာများထူးခြားနေမလဲလို့ ဟက် ... ထင်သလောက်လဲဟုတ်မနေဘူး ကဲ တို့အချိန်တွေကုန်တယ် လိုရင်းပဲပြောမယ် မင်းဘယ်လောက်လိုချင်လဲ မင်းလိုတဲ့ငွေ ပမာဏပြော ငါထုပ်ပေးမယ် ငါ့သမီးနဲ့ လက်ထပ်မယ်ဆိုတဲ့ကိစ္စ ဖျက်သိမ်းပေး "
"ဘယ်လို အန်တီ ခနဲ့လက်ထပ်ပွဲဖျက်ပေးဟုတ်လား မိုးသွယ်လိုသလောက်ငွေပေးမယ်ဟုတ်လား ....ဟက် ဟက် အတော်ရယ်ရတယ်နော် ကြယ်စင်လင်းခကဘယ်သူနဲ့တူသလဲမှတ်တယ် အမေနဲ့တူတာကိုး အန်တီတို့သားအမိနှစ်ယောက်ပါးစပ်ကထွက်တဲ့စကားတွေကအကြောင်းအရာပဲကွဲတာ ပုံစံကတော့တစ်ပုံစံထဲရယ် "
"ဒီမှာ ဒီအကြောင်းအရာနဲ့ပက်သက်ပီး အန်တီလာတဲ့နေရာ ပြောတဲ့နေရာမှားနေပီ လက်မထပ်ဖို့ အန်တီသမီး ခကိုပြောရမှာ ကျွန်မကိုမဟုတ်ဘူး ဘာလို့လဲဆိုတော့ သူနဲ့လက်ထပ်ဖို့ ဘယ်လောက်ပေးရမလဲ ပြောခဲ့တာ အန်တီ့သမီးခကိုယ်တိုင်ပဲ ကျွန်မမဟုတ်ဘူး
ဒီလက်ထပ်ပွဲကိုလည်း ဆန္ဒရှိလွန်းလို့မဟုတ်ဘူး ရှင့်သမီးက ကျွန်မမငြင်းနိုင်လောက်တဲ့အားနည်းချက်နဲ့ အကျပ်ကိုင်ထားတာ အဲ့တော့ အိမ်ပြန်ပီး ကိုယ့်သမီးကိုပဲ အရင်သွားမေးလိုက်ပါ ဟုတပီလား ... ရှင်တို့စိတ်နဲ့နှိုင်းပီး လူတိုင်းက ပိုက်ဆံမျက်နှာတစ်ခုပဲကြည့်နေတာလို့ထင်မနေနဲ့"
"ဒါဆို မင်းဆန္ဒပါမနေဘူးဆိုပါတော့ " " အသေအချာပဲ အိမ်ပြန်ပီး အန်တီသမီးနဲ့သာ ဆက်ပြောကြပါ ကျွန်မမိဘတွေပြန်ရောက်လာတော့မှာ ကျေးဇူးပြုပီးမြန်မြန်ထွက်သွားပေးပါ"
" ခဘက်က အရမ်းတွေလိုလားနေတာဆိုတော့ မင်းကဘဝင်တွေမြင့်နေတာပေါ့ဟုတ်လား လိင်တူလက်ထပ်တာ တရားမဝင်တဲ့အတွက် မင်းကဘာပိုင်ဆိုင်မှုမှရမှာမဟုတ်ဘူးနော် ခဘက်ကကြာလာလို့ရိုးသွားရင် မင်းကလက်ဗလာနဲ့ ထွက်သွားရမှာလဲ တွေးထားဉီး ...အဲ့အချိန်မရောက်ခင်တောင် မိန်းကလေးချင်းလက်ထပ်လို့ ပတ်ဝန်းကျင်က အတင်းအဖျင်းတွေလဲ တော်တော်ရင်ဆိုင်ရမှာ ငါပေးတဲ့ပိုက်ဆံယူပီး အေးအေးဆေးဆေးနေလို့ရမှာကို မင်းကဘဝင်မြင့်ပြနေတယ် ဟေ့မင်းမှတ်ထားလိုက်ဉီး မဂ်လာပွဲဖြစ်ခဲ့ရင်တောင် ငါကမင်းနဲ့ခကို သဘောမတူဘူးဆိုတာ အလကားဟာတွေ ပိုက်ဆံကမရှိပဲ ဘဝင်ကမြင့်နေတယ် ခကိုဘယ်ချိန်ထိ စွဲဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့ "
ခရဲ့အမေဆိုတဲ့အမျိုးသမီးထွက်သွားပီးသိပ်မကြာ ဖေဖေဆေးခန်းပြပီးပြန်ရောက်လာသည်။ထိပ်တိုက်မတွေ့သွားတာပဲတော်သေးသည်။ သက်ပြင်းခိုးချကာ ခဆီကို phone ခေါ်ဖို့ အတွက် မိုးသွယ်အခန်းရှိရာအပေါ်ထပ်ကိုတက်လာခဲ့သည်။ တကယ်ပါပဲ မိုးသွယ်နေရာ မှာ တစ်ခြားမိန်းကလေးတစ်ယောက်ဆို မတော်ရသေးတဲ့ယောက်ခမရဲ့အပြောခံရလို့မျက်ရည်ကျနေလောက်ပီရယ် ....မိုးသွယ်ကတော့ဘယ်လိုမှမနေ မနေဆို မိုးသွယ်က သူ့သမီးနဲ့ချစ်ကြိုက်နေကြတာမဟုတ် စကားပြောတာမောက်မာတဲ့ဘွားတော်အကြောင်းကို သူ့သမီးကိုပြောပြပီး ဖေဖေတို့နဲ့ထိပ်တိုက်မဆုံမိဖို့ အိမ်ကမိသားစုတွေရှေ့ စကားပြောဆင်ခြင်ဖို့တော့ သတိပေးထားမှပါ ။ရယ်စရာကောင်းလိုက်တာ ခကစိတ်ကုန်သွားရင် မိုးသွယ်က လက်ဗလာနဲ့ ဆင်းဖို့အတွက်ပြင်ဆင်ထားဆိုပဲ အဲ့လိုခဘက်ကစိတ်ကုန်အောင် လုပ်မယ့်သူကမိုးသွယ်ကိုယ်တိုင်ပဲကို ...စိတ်ချ အန်တီ အန်တီသမီးမိုးသွယ်ကို စိတ်ကုန်အောင်ရော အန်တီ့သမီး စိတ်အနှောင့်အယှက်ဖြစ်အောင်ရော နည်းမျိုးစုံနဲ့ လုပ်ဖို့ မိုးသွယ်ဘက်က အဆင်သင့်ရယ် .....ရှင်တို့က လာမရှုတ်သင့်တဲ့သူနဲ့မှလာရှုတ်ကြတာလေ .....စောင့်ကြည့်လိုက် ခ ငါ့ဆီနင်ယူလာတဲ့ပြသဒါးနေ့ရက်တွေက နင့်ဆီကိုလဲ ရောက်လာတော့မှာကို ...
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...