အခန်း၃
"ဒေါက်ဒေါက် "ဒေါက်ဒေါက်" daddy သမီးဝင်လာပီနော်
ဒီနေ့ Sunday လဲဖြစ် daddy လဲအပြင်မသွား သေးပဲ စာကြည့်ခန်းထဲမှာ ရှိနေတယ်လို့ ကြီးငယ်ရဲ့အပြောကြောင့် ခ တစ်ယောက်daddy နဲ့စကားပြောဖို့ရောက်လာခြင်းပင်။(တကယ်တော့ပြောဖို့ထက်မေးစရာတွေ ကပိုများနေလို့ daddy အလုပ်ကိစ္စတွေနဲ့အပြင်မသွားခင်အမိဖမ်းရခြင်းပင်)
"ဝင်လာလေ ခ " "ရော့ ဒါ ခအတွက် daddy ရဲ့ လက်ဆောင် " ခဘာမှတောင်မမေးမပြောရသေးပဲ daddy ကမ်းပေးလာတဲ့ စာချုပ်စာတမ်းတွေလှမ်းယူကာ နားမလည်ခြင်းများစွာနဲ့ daddy ကိုမေးလိုက်သည် "ဒါတွေက ဘာစာချုပ်တွေလဲdaddy "
"ဒီစာချုပ်တွေက မြမိုးသွယ်ဆိုတဲ့ကလေးမ နေတဲ့အိမ်နဲ့ခြံရဲ့စာချုပ်တွေလေသမီး "
"ဘယ်လို daddy ဒါတွေက daddy ဆီမှာဘယ်လိုရောက် ပီးတော့ ဒီဟာတွေက ခအတွက်လက်ဆောင်ဆိုတော့ ခနားမလည်တော့ဘူး daddy ခ Yangon ကိုပြန်လာတာက daddy မှာ mommy အပြင်နောက်တစ်ယောက်ရှိနေပီလို့ daddy ညီမဝမ်းကွဲတီလေးရဲ့အပြောကြောင့် ပြန်လာခဲ့တာ အခုတော့ဒါတွေက ဘယ်လိုတွေလဲ daddy "
"ရှင်းပြပါ့မယ်ခရယ် daddy ပြောချင်လို့ကို အပြင်မသွားသေးပဲသမီးကိုစောင့်နေတာ "
Daddy ကခ ပခုံးပေါ်လက်တစ်ဖက်တင်ရင်းခကိုပြုံးပီးကြည့်ကာ စကားဆိုလိုက်တော့ ဘာရယ်မဟုတ်ခစိတ်ထဲရှိနေတဲ့အလံုးကြီးကျသွားသလိုမျိုးခံစားလိုက်ရသည်။ daddyနဲ့ မြမိုးသွယ်နဲ့က ခစိုးရိမ်နေသလိုမဟုတ်နိုင်ဘူးဆိုတာ သေချာနေပီလေ ။ခ တစ်ယောက်သက်ပြင်းခိုးချကာ daddy ဆီကထွက်လာမယ့်စကားတွေကိုပဲစိတ်ဝင်တစားနားစွင့်မိပါရဲ့။
"သမီး first year exam နောက်ဆုံးနေ့ကိုမှတ်မိလား ခ " ခမမေ့ပါ အဲ့နေ့က အဖြစ်အပျက်တွေ
ခံစားချက်တွေကအခုထိလတ်ဆတ်ဆဲလေ ဘယ်လိုမှမေ့မရတဲ့ အတိတ်နေ့လေး ရုတ်တရက်ခရဲ့လက်က ညာဘက်ပါးဆီထိကိုင်ကာ ပြံုးမိသွားသည် ။
"သူငယ်ချင်းတွေနဲ့အဲ့နေ့ ကအမူးသောက်လာတာပါမှတ်မိတယ် daddy "ဟုတ်ပီ အဲ့နေ့ညက
Daddyကို ခ ငိုပီးဘာပြောခဲ့လဲဆိုတာရောမှတ်မိသေးလားသမီး "ခစဉ်းစားလိုက်ရသည်အဲ့နေ့ကအဖြစ်အပျက်အားလုံးမှတ်မိပါသည် but မူးပီးအိပ်ပြန်ရောက်လာသည်အထိ ပဲလေ ခငိုခဲ့သည်လား daddy ကိုငိုပီးစကားပြောခဲ့သေးသလား ခ မမှတ်မိတော့ပါ မမှတ်မိတော့ဘူးမဟုတ်လားသမီး အဲ့ဆို daddy ပြောပြမယ်အဲ့နေ့က daddy သမီးလေးက daddy ကိုအရင်လိုပဲလိုချင်တာကို ပူစာနေခဲ့တာ " ဘာလဲ daddy ခက ဘာပူစာခဲ့တာလဲ " Daddy ပြောတာကိုစိတ်မရှည်စွာ ခ ဖြတ်မေးလိုက်ပေမယ့် Daddy ရဲ့ပြန်ဖြေလိုက်တဲ့ စကားက ခကို အတော်လေးစွံ့အသွားစေသည်။
YOU ARE READING
နှလုံးသားရဲ့အမိန့်တော်အတိုင်း
Romanceမ ဟာ ခရဲ့အပိုင်ပဲ ခတစ်ယောက်တည်းရဲ့ အပိုင်ပဲ ဖြစ်စေချင်တယ် *ကြယ်စင်လင်းခ * မင်းနင်းချေဖျက်ဆီးခဲ့တဲ့ ငါ့ဘဝနဲ့ငါ့ရဲ့သိက္ခာ အတွက် ..မင်းနှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်ပီး ....ဘယ်တော့မှ အချစ်ဆိုတာကိုပြန်မတွေး ရဲအောင်....တို့က မင်းကစားချင်တိုင်းကစားလိ...