Episode 3
"ကလေးကိုယ့်ကိုဘာပြောလိုက်တာ"
"ကြားတဲ့အတိုင်းပဲလေ ဟွန့်"
နောက်ဆုံးမာနကပဲအရှူံးပေးကာ waitressလေးအားမိုးဦးအတွက် Spicy noodlesနှင့်Colaကိုမှာလိုက်သည်၊၊
*အခုဆိုရင်ငါ့အသဲလေး ဘာလုပ်နေမလဲမသိ အိမ်မှာဝမ်းနည်းနေမလားမသိဘူး*
မိုးဦးအတွေးများနေတာကြောင့် ဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲမရိပ်စားမိ၊၊ခနအကြာ
"ဘာလို့အဲ့လောက်တိတ်ဆိတ်နေတာလဲ ခုနကတောင်ဆူညံနေသေးတာကို"
ထို့နောက်ခေါင်းမော့ကြည့်လိုက်သောအခါ ငြိမ်သက်နေသည့်ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရသည်၊၊မိုးဦးအလန့်တကြားမတ်တပ်ထရပ်မိလိုက်သည်၊၊
"ဟမ် ဘာတွေဖြစ်သွားတာလဲ"
စားသောက်ဆိုင်ထဲမှလူများသည်တချို့ကအစာကို ပါးစပ်ထဲထည့်ရင်းတန်းလန်း၊တချို့ကရေထည့်နေရင်းတန်းလန်းရပ်နေကြသည်၊၊ထိုစဥ်ခြေသံကြားလို့မိုးဦးလှည့်ကြည့်လိုက်ရာ ခုနကမိုးဦးတို့အစားအသောက်များမှာခဲ့သည့်waiteressကိုတွေ့လိုက်ရသည်၊၊
"မင်း....မင်းကဘယ်လိုလို့....."
"ရှင်အတွေးများနေတယ်ဆိုတာကျွန်မသိတယ် အမှန်အတိုင်းပြောရရင်ကျွန်မကရှင့်ကိုဒီဇာတ်လမ်းထဲရောက်အောင်လုပ်တဲ့သူပဲ"
"ဘာ"
"ရှင်ပြောခဲ့တယ်မလား ရှင်ဒီဇာတ်လမ်းထဲရောက်သွားရင် မာနမင်းခိုက်ကိုအမှုန့်ချေမယ်ဆို"
ထိုမိန်းကလေးကမာနကိုတစ်ချက်ကြည့်ပြီးပြောသည်၊၊
"ငါစကားအရပြောတာလေ...."
"အခုချိန်မှာရှင်းပြလို့လဲနောက်ကျသွားပြီလေ ကျွန်မကရှင့်ဆန္ဒကိုဖြည့်စည်းပေးယုံ"
"တခြားသူကိုသွားဖြည့်စည်းလိုက်ပါလား ဘာလို့ငါ့ကိုလဲ"
ထိုမိန်းကလေးကသူမရဲ့သွယ်လျတဲ့လက်တွေကိုကြည့်ရင်း
"အားနေလို့လေ"
"........"
မိုးဦးဆွံ့အသွားသည်ကိုကြည့်ပြီး ရယ်ကာ
YOU ARE READING
ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)