Episode 4(Uni+ZW)

53 1 0
                                    

Episode 4

မိုးဦးတစ်ယောက်အခန်းထဲမှာစပျစ်သီးလေးစားရင်း အတွေးတစ်ချို့ကိုတွေးနေသည်၊၊

*စပျစ်သီးလေးကကောင်းလိုက်တာ*

ထိုအချိန်အခန်းထဲသို့နီနီမြင့်အိမ်ဝင်လာသည်၊၊

"အာ ငါအခန်းတံခါးလော့မချမိဘူးပဲ"

နီနီကမိုးဦးရှေ့ကိုရောက်လာပြီး

ဖြန်း!

"အ့"

နာကျင်သွားသည့်ပါးကိုအုပ်ကိုင်ကာ မိုးဦးကြောင်အသွားတော့သည်၊၊နီနီကဒေါသတကြီးအော်ဟစ်ပြောဆိုလာသည်၊၊

"နင်ကများငါ့မောင်လေးကိုရိုက်ရဲတယ်ပေါ့ အနီလေးကနင့်ကိုဘာလုပ်နေလို့လဲဟဲ့ နင့်လိုကောင်မျိုးလောကကြီးမှာရှိမနေသင့်တဲ့အကောင်!!"

"ဟမ် ခန ကျွန်တော်နားမလည်ဘူး ဘယ်သူကဘယ်သူ့ကိုရိုက်တာ?"

"ကောင်းတယ် နင်အခုတော့မသိချင်ယောင်ဆောင်နေပြီပေါ့ ခုနကပဲအနီလေးငါ့ကိုပြောပြတယ်"

မိုးဦးခေါင်းထဲချာချာလည်သွားတော့သည်၊၊မိုးဦးမှတ်မိရသလောက် ဒီနေ့အိပ်ရာကနိုးကတည်းကအခန်းထဲမှမထွက်ရသေးပေ၊၊မနက်စာကိုတောင်အခန်းထဲမှာပဲစားခဲ့တာဖြစ်သည်၊၊

"မ....မဟုတ်ဘူး ကျွန်တော်...."

"နင့်ပါးစပ်ကိုပိတ်ထား!!"

"xီးပဲ!!ကောင်မကြီး နင့်မောင်လေးကိုငါကဘာလုပ်နေလို့လဲ တက်xိုးနေလို့လား xီး xီး အကုန်လုံးကိုxီး နင့်ကိုလည်းxီး!!"

စိတ်ပေါက်လာသည့်အဆုံးတွင် စိတ်ထဲရှိရာဆဲမိသည်၊၊နီနီကတော့အကြောင်သားရပ်နေသည်၊၊ထိုစဥ်ရှိုက်သံသဲ့သဲ့လေးကြားရသည့်အခါ လှည့်ကြည့်မိတော့အခန်းဝမှာရပ်နေသည့်နီရောင်ရင့်၊၊

"ဟင့် မမ....ပြန်လာခဲ့ပါ...."

နီရောင်ရင့်ပါးပေါ်မှာရှိနေသည့်လက်ဝါးရာရဲရဲကြီးက မိုးဦးကိုစိတ်အာရုံထွေပြားသွားစေသည်၊၊

"နင်မြင်လား အနီလေးပါးပေါ်ကလက်ဝါးရာက နင်လုပ်တာမဟုတ်လို့ဘယ်သူလဲ"

"ဒီမှာမနီနီ ကျွန်တော့်ကိုစွပ်စွပ်စွဲစွဲမပြောနဲ့ တခြားသူရိုက်တာလည်းဖြစ်နိုင်တာပဲလေ ဥပမာ မာနမင်းခိုက်ပေါ့"

ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)Where stories live. Discover now