Episode 11(Uni+ZW)

47 0 0
                                    

Episode 11

"မင်းသမီး!!!"

"ဟင်!"

ထိုအခါမှကြည်နူးနေသောနှစ်ယောက်သားလှည့်ကြည့်လာခဲ့သည်၊၊

"မဒီ မဒီကဒီနေရာကိုဘာလို့လာတာလဲ...."

"အော် နှစ်ယောက်သားအကြည်စိုက်နေတာကိုဝင်နှောက်မိလို့ စိတ်ရှုပ်သွားကြတာပဲ ကောင်းပါပြီ ဒါဆိုကျွန်မရှောင်ပေးပါ့မယ်....အေးအေးချမ်းချမ်းနေရစ်ခဲ့ပါ"

ရှင်မဒီနိုင်ရင်ထဲတွင်ဆို့နစ်လာသောခံစားချက်အားခံစားနေရသည်၊၊ဝဲတက်လာသောမျက်ရည်များကိုလည်းမျက်တောင်ဖြင့် အသာပုတ်ခပ်ကာထိန်းလိုက်သည်၊၊ဘာလို့ဒီလိုတွေဖြစ်နေမှန်းသူသိသည်၊၊သေချာတာကတော့ သူတကယ်ပင်မင်းသမီးကိုချစ်မိနေမိပြီ၊၊တစ်နေ့ကမှအချစ်နတ်ဘုရားမဆီအလည်သွားရင်း သူမရင်ထဲမှခံစားချက်တို့ကိုသိရှိနားလည်ခဲ့သည်၊၊သို့သော်မင်းသမီးလိုကြီးမြတ်သောအမျိုးသမီးတစ်ဦးနှင့် သူမလိုသေးငယ်သောသာမာန်နတ်သမီးတို့က လိုက်ဖက်မှုတော့ရှိမည်မထင်၊၊ထို့ကြောင့်လဲခံစားချက်များကိုထိန်းချုပ်နေရခြင်းပင်ဖြစ်သည်၊၊သို့ပေမဲ့ခုနကလိုမြင်ကွင်းမျိုးမြင်ရဖို့အထိတော့သူမမခံစားနိုင်၊၊အကယ်၍သာ အနာဂတ်တွင် မင်းသမီးမှာချစ်ရသူတစ်စုံတစ်ယောက်ရှိလာခဲ့လျှင်....

ရှင်မဒီနိုင်သူမ၏ဦးခေါင်းကိုခါထုတ်လိုက်သည်၊၊ပေါက်ကရအတွေးတို့လည်းဆက်မတွေးတော့ဘဲ သူမကိုယ်ပိုင်ဆောက်လုပ်ထားသည့်ပန်းဥယျဥ်ဆီကိုသာထွက်လာခဲ့တော့သည်၊၊စိတ်ပြေလက်ပျောက်အဖြစ်သာခနနေမည်ဟူသောအတွေးဖြင့်....၊၊

သို့သော်ထိုနေရာရောက်သွားတော့တွေ့လိုက်ရသည့်သူကြောင့် အနည်းငယ်အံ့သြသွားပြီး ဝမ်းနည်းစိတ်တို့ကပြန်ပေါ်လာခဲ့သည်၊၊စိတ်ကိုတင်းထားပြီး အသံကိုထိန်းကာ

"မင်းသ...မီး..."

ဒီလောက်ထိန်းနေသည့်ကြားကပင်အသံမှာ အဖျားခတ်တုန်ခါသွားသေးသည်၊၊

"အို မဒီလာပြီလား တို့သိသားပဲမဒီကဒီကိုပဲလာမယ်ဆိုတာ"

ထို့နောက်ပန်းတစ်ပွင့်ကိုခူးဆွတ်ကာသူမဆီလျှောက်လာသည်၊၊

ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)Where stories live. Discover now