Episode 6
"ဟင် ငါ့ကိုခေါ်တာဘာကိစ္စလဲ"
"မင်းငါနဲ့ခနလိုက်ခဲ့"
"ဘယ်သွားမလို့လဲ"
"ငါ့အိမ်ကို မင်းနဲ့ရှင်းစရာရှိတယ်"
နီရောင်ရင့်ကမိုးဦးရဲ့ကားထဲဝင်ထိုင်သည်၊၊
"နီရောင်ရင့် မင်းကိုဘယ်သူကားထဲထိုင်ခိုင်းလဲ"
"ဒါပေမဲ့....."
"ငါကကားမောင်းမယ် မင်းကလမ်းလျှောက်ပြီးလိုက်လာခဲ့"
"ဟမ်"
မိုးဦး၏စကားကြောင့် အနီးနားရှိအိမ်အလုပ်သမားများမှာမိုးဦးကိုအတိုက်အခံလုပ်တော့သည်၊၊
"ဒီမှာအကိုလေး အကိုလေးကနီရောင်လေးကိုမကြည်တာသိပေမဲ့ ဒီလိုတော့မနှိပ်ဆက်သင့်ပါဘူး နီရောင်ကသနားစရာကလေးလေးပါ"
ထိုအခါနီရောင်ရင့်ကပိုငိုပြလာသည်၊၊
"အဟင့်ဟင့် ရ....ရပါတယ် ကျွန်တော့်ကြောင့်အမုန်းမခံကြပါနဲ့ ဟင့် ဒီမှာမိုးဦးတိမ်စိုင် မင်းလိုက်စေချင်ရင်ငါလိုက်ပါ့မယ်"
နီရောင်ရင့်ထိုသို့ပြောလိုက်သည်ကြောင့် အကုန်လုံးမှာမိုးဦးကိုဝိုင်းအမြင်ကပ်ကြတော့သည်၊၊သို့သော်မိုးဦးတို့ကတော့ဂရုမစိုက်၊၊သူတို့လိုအပေါ်ယံဆုံးဖြတ်တတ်သည့်လူတွေရဲ့ အမြင်ကပ်ခြင်းကိုခံရလို့လဲဘာမှဖြစ်မသွားပေ၊၊အဓိကကတော့ မာနမင်းခိုက်ကလောလောဆယ် သူ့ဘက်မှာရှိနေသည်လေ၊၊
"ဟုတ်ပြီလေ မင်းလိုက်ခဲ့နော် လမ်းလျှောက်ပြီးပဲလိုက်လာခဲ့နော်"
ထို့နောက်ကားပေါ်တက်ကာခပ်နှေးနှေးမောင်းနေလိုက်သည်၊၊အနောက်မှနီရောင်ရင့်ကလမ်းလျှောက်ပြီးလိုက်လာသည်ကိုမြင်သောအခါ မဲ့ပြုံးပြုံးလိုက်ပြီးကားကိုအရှိန်တင်ကာမောင်းလိုက်သည်၊၊အနောက်ကနီရောင်ရင့်ခွေးလိုဝက်လိုပြေးလိုက်လာသည့်မြင်ကွင်းက ကျေနပ်စရာကောင်းသည်၊၊ထို့နောက်အိမ်ပြန်သည့်လမ်းမဟုတ်ဘဲတခြားလမ်းကိုမောင်းပစ်လိုက်သည်၊၊ဒီနေ့တော့နီရောင်ရင့်ကိုနှိပ်ဆက်ရမှကျေနပ်မည်၊၊
___________________________________________
YOU ARE READING
ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)