Episode 5
အခြေအနေသည်တင်းမာနေဆဲဖြစ်ကာ မိုးဦးအသက်ကိုတောင်ရဲရဲမရှူရဲပေ၊၊
နောက်ဆုံးတွင်နီနီကပဲအလျှော့ပေးကာ နီရောင်ရင့်ကိုပြန်ခေါ်ထုတ်သွားသည်၊၊
"ကလေး ကိုယ်Companyသွားတော့မယ်နော်"
"အင်း.....ဟင် ကိုကိုကCompanyကိုမဦးစီးရသေးဘူးမလား"
မိုးဦးစကားကြောင့် မာနခပ်ဟဟရယ်ကာ ခေါင်းကိုပုတ်သည်၊၊
"ကလေး အခုတလောဘာတွေဖြစ်နေတာလဲ ကိုယ့်ဖေဖေမရှိတော့ဘူးဆိုတော့ ကိုယ်ကပဲCompanyကိုဦးစီးရတော့မှာပေါ့"
"အော်....ဟုတ်....ဟုတ်သားပဲ သွားတော့လေ"
"အင်း မွ"
နဖူးကိုနမ်းကာ ခြေလှမ်းမှန်မှန်ဖြင့်ထွက်သွားသည့်မာနကိုကြည့်ပြီးမိုးဦးအတွေးများရပြန်သည်၊၊
"Ok ok အခုသေချာဆက်စပ်ပြီးတွေးကြည့်ကြမယ်....ဆိုတော့ကဇာတ်ကြောင်းက...."
နံပါတ်တစ်အချက်သည်ခုနကမာနပြောသည့်အဖေသေသွားခြင်း၊အမေကမတရားကျင့်ခံရခြင်း၊မိုးဦးကြည့်ခဲ့သောဇာတ်ကြောင်းမှာ မာန၏အဖေနှင့်အမေသည်အဆင်ပြေပြေပဲရှိနေကြသည်၊၊ထိုမိဘနှစ်ပါးစလုံးသည်ဇာတ်လမ်းတစ်လျှောက်အသက်ရှည်စွာနေထိုင်သွားကြရသူများဖြစ်သည်၊၊
နံပါတ်နှစ်အချက်သည်မာန၏မိခင်ဖြစ်သူကို မတရားကျင့်သူမှာနီရောင်ရင့်၏အဖေဖြစ်ခြင်း၊ထိုအချက်သည်ဘယ်လိုမှမဖြစ်နိုင်ပေ၊၊ကြောင်းမှာနီရောင်ရင့်၏အဖေသည်အလွန်တရာစိတ်သဘောထားကောင်းသူဖြစ်ပြီး အလှူအတန်းရက်ရောသည်၊၊သူများသားမယားကိုတော့မပြစ်မှားနိုင်ပေ၊၊သို့သော်နီရောင်ရင့်၏အဖေသည်ကံမကောင်းစွာဖြင့်ကားအက်စီးဒန့်ဖြစ်ပြီး သေဆုံးသွားခဲ့ရလေသည်၊၊
နံပါတ်သုံးအချက်မှာနီရောင်ရင့်၏စိတ်ထား၊၊ဇာတ်ကြောင်းအရနီရောင်ရင့်သည်အလွန်ခွင့်လွှတ်တတ်သူဖြစ်လေရာ မိုးဦးတိမ်စိုင်ကချောက်တွန်းရင်တောင်စိတ်မဆိုးတတ်သူဖြစ်သည်၊၊သို့သော်ယခုကထိုသို့မဟုတ်ဘဲ မိုးဦးကိုတောင်သူကတစ်ပြန်ချောက်ချကာ သူကတော့ပန်းနုသွေးသည်၊၊
YOU ARE READING
ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)