Episode 10
"ဟင် ကလေး"
မိုးဦးအနမ်းတို့ကိုလိုက်ပါစီးမျောနေရာကနေ သတိဝင်လာ၍အလန့်တကြားရုန်းလိုက်မိသည်၊၊မာနကလည်းလန့်သွားတဲ့ပုံပင်၊၊
"ဟို....ကျွန်တော်အိပ်ချင်လာပြီရယ် ကားထဲသွားအိပ်တော့မယ်"
မိုးဦးအလောတကြီးကားထဲပြေးဝင်လိုက်သည်၊၊ထို့နောက်စောင်ကိုခြုံကာမျက်လုံးများပိတ်လိုက်သည်၊၊ခနအကြာဘေးမှအိခနဲဖြစ်သွားသည်၊၊မာနရောက်လာပြီထင်သည်၊၊မာနမိုးဦးရဲ့နဖူးကိုနမ်း၍ပြောလိုက်သည်က
"မအိပ်ဘဲနဲ့ အိပ်ချင်ယောင်ဆောင်မနေနဲ့လေ"
"ခများ!!!"
"ဟားဟား ကလေးရယ် ကိုယ်ကဒီတိုင်းပြောလိုက်တာပါ ကလေးကတကယ်မအိပ်သေးဘူးကိုး"
"ခများအကျင့်မယုတ်နဲ့နော် ဖြတ်ကန်မှာ"
"ခေါ်ပြန်ပြီခများ....ကြည့်ရတာကလေးကိုအပြစ်ပေးရတော့မယ်နဲ့တူတယ်"
ထိုသို့ဆိုကာညစ်ကျယ်ကျယ်အပြုံးဖြင့်အနားကပ်လာသောမာန၊၊မိုးဦးလည်းပြာပြာသလဲဖြင့်
"အား ကိုကို ကိုကို....ရပြီလား တကယ်ဘဲ စိတ်ညစ်စရာ...."
မိုးဦးဆောင့်အောင့်ကာကိုကိုဟုခေါ်လိုက်တော့ အနောက်ပြန်ဆုတ်သွားသည်၊၊
*ဒီလူကတော့....*
"ဟင်း မောလိုက်တာ အိပ်တော့မယ် Goodnight!!"
ထို့နောက်မျက်လုံးများကိုပြန်ပိတ်လိုက်သည်၊၊သို့သော်ခနအကြာတွင် မိုးဦး၏ကိုယ်လေးသည်မာနရဲ့ရင်ခွင်ထဲသို့ဆွဲသွင်းခြင်းခံရတော့သည်၊၊
___________________________________________မာနတစ်ယောက်နမ်းနေရာမှရုန်းထွက်သွားသည့်ကလေးငယ်ကိုကြည့်ပြီး ရင်ထဲမှတဆစ်ဆစ်နာလာတော့သည်၊၊အပြင်မှာတော့အပြုံးမပျက်ပါပင်၊၊
"ဟို....ကျွန်တော်အိပ်ချင်လာပြီရယ် ကားထဲသွားအိပ်တော့မယ်"
ထိုသို့ဆိုကာကားထဲပြေးဝင်သွားသည်၊၊မာနလည်းအပြင်မှာခနလောက်နေလိုက်ပြီး ခနအကြာကားထဲလိုက်ဝင်လိုက်သည်၊၊ကားထဲရောက်တော့စောင်ခြုံကာအိပ်နေသည့်ကလေးကိုတွေ့လိုက်ရတော့သည်၊၊မဟုတ်သေး၊၊လှုပ်နေသည့်မျက်ခုံလေးကြောင့်မအိပ်သေးမှန်းသိလိုက်ရသည်၊၊ကလေးကိုစချင်သောကြောင့် နဖူးကိုနမ်းလိုက်ကာ
YOU ARE READING
ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)