Episode 9
မိုးဦးတို့ကားဖြင့်ထွက်လာလိုက်ကြပြီးနောက် ကွင်းပြင်ကျယ်ကြီးတစ်ခုတွင်ရပ်လိုက်သည်၊၊
"ဟင် မာန....ဒီနေရာမှာဘာလုပ်ဖို့လဲ"
မာနကမိုးဦးကိုဟန်ပါပါကြည့်ကာ
"ဘာလုပ်မယ်လို့ထင်လဲ"
မာနရဲ့အကြည့်တွေကိုနားလည်သွားတဲ့မိုးဦးက ထိတ်လန့်တကြားဖြင့်
"ဒီ....ဒီနေရာမှာအိပ်ဖို့တော့....မ....မဟုတ်ပါဘူးနော်...."
မိုးဦး"မဟုတ်ဘူး"ဟူသောအဖြေကိုစောင့်မျှော်နေမိသောငြား မာနဆီမှ"အင်း"ဟူသောအဖြေကိုသာရရှိလိုက်သည်၊၊
"F**k your mother!!!"
"ကလေး မရိုင်းရဘူးလေကွာ ဒီမှာအိပ်လဲဘာဖြစ်လဲ ဒီနေရာကကိုယ်အမြဲလာနေကျနေရာလေ လာပါ ကားအမိုးပေါ်တက်ရအောင်"
မာနကအနည်းငယ်စိတ်ဆိုးသွားပေါ်ပုံသော်လည်း ချက်ချင်းပြန်ထိန်းလိုက်သည့်ပုံ၊၊မိုးဦးလည်းကားအမိုးပေါ်ရောက်မှပြန်ချော့မည်ဟုတေးထားလိုက်သည်၊၊
"လာ ကိုယ်ချီတင်မယ်"
မာနကမိုးဦးကိုချိုင်း(ဂျိုင်း)နှစ်ဖက်မှမြှောက်တင်ကာ ကားအမိုးပေါ်တင်ပေးသည်၊၊
"မာန တက်လေ"
မိုးဦးပြောတော့မာနကရယ်ကာ
"ကိုယ့်ကိုယ်လုံးကြီးနဲ့ဘယ်လိုတက်ရမှာလဲ ကားကြီးပြိုကျသွားလိမ့်မယ် ကလေးကကိုယ်လုံးသေးသေးလေးလေကွာ"
"ခများဒါသက်သက်ယုတ်မာတာ"
"ဟောဗျာ ခေါ်ပြန်ပြီ ခများတဲ့ ကိုကိုလို့ခေါ်ပါဆို"
"မခေါ်ဘူး မာနဆိုမာနပဲ"
"အင်းပါအင်းပါ အောက်ဆင်းချင်လား"
"အင်း ဆင်းမယ်ဆင်းမယ်"
မာနကမိုးဦးကိုတဖန်အောက်ကိုချီချသည်၊၊ထို့နောက်မြေပြင်ပေါ်ထိုင်ချလိုက်သည်၊၊
"ကလေး ဟိုးမှာကြည့် ကြယ်လေးတွေ"
မိုးဦးကြည့်လိုက်တော့ကောင်းကင်အနှံ့ကြယ်များဖြင့် ပြည့်နှက်နေသည်၊၊ထိုမြင်ကွင်းဟာအမှန်တကယ်လှပါသည်၊၊မိုးဦးသတိလက်လွတ်ငေးနေမိရင်း သတိပြန်ဝင်လာသည့်အခါမာန၏ရင်ခွင်ထဲသူ့ကိုယ်လေးရောက်နေတော့သည်၊၊
YOU ARE READING
ကိုကိုနဲ့တွေ့ဆုံမှုကဆန်းကြယ်သား(ongoing)