Chapter (1)

606 34 0
                                    

( Unicode )

"ငါ့ကိုလာနောက်နေတာလား?"

ဟန်ချန်းဖန်က အနည်းငယ်စိတ်မရှည်ဖြစ်နေသည်။ သူကလမ်းလျှောက်နေရင်း စနစ် ဆိုတဲ့တစ်စုံတစ်ခုက ဒီနေရာကို ဆွဲသွင်းလိုက်တာ ခံလိုက်ရသည်။

"ဟန်ချန်းဖန် ၊ အသက် 27 နှစ် ၊ အမျိုးသား ၊ 2030 ခုနှစ် ညနေ 4:10 တွင် ကားမတော်တဆမှုဖြင့် သေဆုံး"

"ငါ့ကို ပြန်ခေါ်သွားပေး ၊ငါ့မှာ မင်းရဲ့အဓိပ္ပာယ်မရှိတာတွေကို နားထောင်ဖို့ အချိန်မရှိဘူး"

ဟန်ချန်းဖန် မျက်နှာမှုန်ကုပ်ကုပ်ဖြင့် ခေါင်းကိုငုံ့ချလိုက်သည်။ သူက စနစ်ရဲ့ သောက်ရေးမပါတာတွေကို မယုံကြည်ပေ။ စနစ်ကလည်း ထွေထွေထူးထူးပြောမနေဘဲ သူသေဆုံးသွားတဲ့ပုံစံကိုသာ ထုတ်ပြလာသည်။

ဟန်ချန်းဖန်ဟာ ဗီဒီယိုထဲက သူက ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတာကိုကြည့်‌နေပြီး နောက်တစ်စက္ကန့်မှာပဲ ကုန်တင်ထရပ်ကားတစ်စီးဟာ အထိန်းအချုပ်မဲ့စွာနဲ့ သူ့ကိုလာတိုက်တာကိုမြင်လိုက်ရတော့သည်။ သူဟာ ‌အဝေးကိုလွင့်ထွက်သွားပြီး သွေးတွေနဲ့အသားစတွေအိုင်ထွန်းကာ မြေကြီးပေါ်၌ လဲလျောင်းနေလေတော့သည်။

ဟန်ချန်းဖန်ဟာ သူ့ရဲ့စိတ်မချမ်းမြေ့ဖွယ်အခြေအနေကို တောင့်တင်းစွာနဲ့ကြည့်နေရသည်။ ထိုအချိန် သူ့နံဘေး၌ စနစ်က စက်ရုပ်ဆန်လှတဲ့အသံကို ပြုလုပ်လာသည်။

"Host ဟန်ချန်းဖန်ရေ ၊ မင်းရဲ့ရွေးချယ်မှုက သေချာပြီလား ?"

ဟန်ချန်းဖန်ဟာ အနိမ့်အမြင့်မရှိတဲ့စနစ်ရဲ့အသံထဲမှာလှောင်ပြောင်သံရိပ်ရိပ်ကို ကြားလိုက်ရသည်။သူကချဉ်သွားသော်လည်း ဘာမှတော့ပြောမလာပေ။ ဘယ်လိုလုပ် သူကပြန်သွားပြီး နောက်တစ်ကြိမ် ကားနဲ့ထပ်အတိုက်ခံနိုင်ပါ့မလဲ?

"ငါဘာလုပ်ရမှာလဲ"

"ဒီနှစ်တွေထဲမှာ ဝတ္ထုတွေကိုအခြေခံပြီး ကမ္ဘာ‌ခွဲတွေ အများကြီးပေါ်ပေါက်လာတယ် ၊ ဒါပေမဲ့ မပြီးဆုံးသေးတဲ့ဝတ္ထုတွေကြောင့် ကမ္ဘာခွဲတွေဟာ မဖွံ့ဖြိုးတော့ဘဲ ပျက်စီးကုန်တယ် ၊ မင်းအနေနဲ့ ကမ္ဘာခွဲတွေကို ကယ်တင်ရမယ် ၊ အောင်မြင်ရင် အဲဒီကမ္ဘာခွဲမှာ ဘဝအသစ်ကိုရလိမ့်မယ်"

အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ် /အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ်Where stories live. Discover now