Chapter (5)

520 33 0
                                    

(Unicode)

တံခါးလာခေါက်နေသူသည် ဟန်ချန်းဖန်ရဲ့ မွေးမိခင် အိုက်လင်း ဖြစ်ပြီး ဖန်းလန်ရှင်းရဲ့ မိထွေးလဲဖြစ်သည်။ ဟန်ချန်းဖန်ဟာ ရှုပ်ပွနေတဲ့အခန်းကို ကြည့်လိုက်ပြီး တံခါးဖွင့်ပေးဖို့ တွန့်ဆုတ်နေမိသည်။

"ဘာကိစ္စရှိလို့လဲဗျ"

အိုက်လင်းဟာ ဟန်ချန်းဖန် တံခါးလာဖွင့်ပေးတာကို စောင့်နေတာမဟုတ်သောကြောင့် တံခါးခေါက်တာကို ရပ်လိုက်သည်။ သူမဟာ ဟန်ချန်းဖန်ကို တွေ့ဖို့လာခြင်းမဟုတ်ပေ။

"မင်းရှောင်ရှင်းကို မြင်မိသေးလား? ငါသူ့ကိုပြောစရာလေးရှိလို့"

ဖန်းလန်ရှင်းသည် စောင်ထဲတွင် ခွေနေပြီး သူ့ရဲ့ ဗာဒံစေ့လို ဝိုင်းစက်တဲ့ မျက်လုံးဝိုင်းဝိုင်းများဟာ ရှိုးကြည့်ရတာကို နှစ်သက်နေသကဲ့သို့ လိမ္မာပါးနပ်သော အရိပ်အငွေ့လေးများပင် ထုတ်ဖော်ထားလေသည်။ ဟန်ချန်းဖန်ဟာ သွေးဆောင်ခံလိုက်ရပြီး အသဲယားလာကာ ဖန်းလန်ရှင်းရဲ့ နူးညံ့တဲ့ မျက်နှာလေးကိုညှစ်ဖို့ လက်လှမ်းလိုက်သည်။

"မမြင်မိဘူး၊ သူအပြင်ထွက်သွားတာ ထင်တယ်"
ဟန်ချန်းဖန် ပြန်ဖြေလိုက်သည်။

အိုက်လင်းဟာ သက်ပြင်းချလိုက်ပြီး ဟန်ချန်းဖန်အတွက် သူမမှာ ဘာမျှော်လင့်ချက်မှ မရှိပေ။ ထို့နောက် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။

"ငါမင်းကို စကားပြောနေတာကို ဘာလို့တံခါးမဖွင့်ပေးတာတုန်း?"

"ကျွန်တော် အခုလေးတင် ရေချိုးပြီးလို့ ဘာမှမဝတ်ရသေးဘူးဗျ"

ဟန်ချန်းဖန်ဟာ ပေါ့‌ပေါ့တန်တန်ဆင်‌ခြေတစ်ခုပေးလိုက်ပေမယ့် ကံကောင်းစွာဖြင့် အိုက်လင်းဟာ အလျင်လိုနေသောကြောင့် ထပ်မမေးတော့ဘဲ  ထွက်သွားခဲ့သည်။

"ကျွန်တော့်ပါးကိုညှစ်ဖို့ ကောကိုဘယ်သူခွင့်ပြုလို့လဲ?"

ဖန်းလန်ရှင်းဟာ စိတ်တိုလာခဲ့သည်။ သူ့ပါးကို တစ်ယောက်ယောက်က လာညှစ်ရင် သူမကြိုက်ပေ။ ဟန်ချန်းဖန်က ကျီစယ်ချင်သလိုမျိုး ရယ်မောလိုက်ပြီး ခပ်မိုက်မိုက် ကောင်လေးလို ပြုမူနေသဖြင့် သူ့ရဲ့လက်ရှိအသွင်အပြင်ကို မေ့နေပုံရသည်။

အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ် /အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ်Where stories live. Discover now