Chapter (9)

454 40 3
                                    

(Unicode)

ဖန်းယိဟာအလုပ်ကိစ္စနဲ့ခရီးထွက်သွားခဲ့ပြီး ဟန်ချန်းဖန်ကိုမမြင်ရတာကြာပြီမို့ သူ့မျက်နှာပေါ်ကအပြောင်းအလဲတွေကိုသတိထားမိတာ ပုံမှန်ပင်ဖြစ်သည်။ဟန်ချန်းဖန်က တည်ငြိမ်စွာတွေးတောလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ၊ ကျွန်တော် တိုင်းရင်းရေး‌ဆရာဝန်တစ်ယောက်နဲ့ တွေ့ပြီး ဆေးသောက်နေလို့"

ဟန်ချန်းဖန်ဟာ ရုပ်တည်ကြီးနဲ့ လိမ်ညာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ သူဟာ အောင်မြင်စွာလှည့်ဖျားနိုင်ခဲ့သည်။

"အခုဒဏ်ရာတွေက သက်သာသွားပြီဆိုတော့ အိမ်မှာပဲနေ ၊ အရူးလုပ်ရပ်တွေ ထပ်မလုပ်နဲ့တော့"

အိုက်လင်းဟာ သူမရဲ့သားက ဘာကြောင့်အခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်သွားရသည်ကို သိနေသဖြင့် သူမဟာ သူ့ကိုရွံရှာကာ လေသံမှာလည်း အနည်းငယ်ကြမ်းတမ်းလေသည်။

"ကျွန်တော် နားလည်ပါပြီ"

ဟန်ချန်းဖန်က မူလပိုင်ရှင်ဖြေရမယ့်စကားတွေကို တိတ်ဆိတ်စွာပင် ပြန်ဖြေလိုက်သည်။

“ဟုတ်ပါပြီ ၊ ကလေးတွေကခန့်မှန်းလို့မရဘူးလေ ၊သူတို့ကအမှားကိုသိတယ်ဆိုယုံနဲ့တင်ရပြီ ”

အိုက်လင်းဟာ တုံ့ပြန်မှုမရှိတဲ့ဟန်ချန်းဖန်ကို ကြိမ်းမောင်းဖို့ပြင်လိုက်ပေမဲ့ ဖန်းယိဟာသူ့မျက်ခုံးကိုပင့်လိုက်ပြီး အိုက်လင်းရဲ့စကားကို ဖြတ်ပြောလိုက်သည်။

"ကျွန်မက..ဒီတိုင်း သားကိုဂရုစိုက်လို့ပါ"

အိုကိလင်းဟာ အနေရခက်စွာနဲ့စကားကိုရပ်လိုက်ပြီး သူမဘာသာ ဆင်ခြေများပေးလိုက်သည်။သို့သော်လည်း ထို‌‌နေရာမှာထိုင်နေတဲ့လူနှစ်ယောက်ကမူ သူမရဲ့စကားတွေကိုဂရုမစိုက်ပေ။

အိုက်လင်းဟာ အရှက်ကွဲသလိုခံစားလိုက်ရသောကြောင့် သူမရဲ့မျက်နှာဟာအနည်းငယ်နီမြန်းလာခဲ့သည်။သူမဟာ အစာအနည်းငယ်စားလိုက်ပြီးနောက် စိတ်ထဲကနေ ဖန်းယိရဲ့အပြုအမူအပေါ်စောဒကတက်လိုက်ရင်းနဲ့ စားပွဲမှထွက်ခွာလာခဲ့သည်။သူမ‌အတွေးထဲမှာ‌တော့ ဖန်းယိကမတောင်းပန်လာဘူးဆို ဒီညအခန်းတံခါးကိုမဖွင့်ပေးဘူးလို့တွေးလိုက်သည်။

အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ် /အမြှောက်စာဇာတ်ကောင်ရဲ့ နေ့စဉ်အလုပ်Where stories live. Discover now