ထိုလူသားကြောင့်part 1

3.7K 36 0
                                    

သူမ ဒီနေ့ပုဂံကို သွားရောက်လည်ပတ်မှာဖြစ်တယ် သူမ တစ်ယောက်တည်းပေါ့ သူငယ်ချင်းတွေလိုက်ဖို့ခေါ်ပေမဲ့ သူတို့က မအားသေးဘူးဆိုတော့ ကိုယ့်ဟာကိုယ်ပဲ ထွက်လာလိုက်တယ် သူမ တစ်ယောက်တည်းသွားလာနေကြဆိုတော့ ထွေထွေထူးထူးလဲ တွေးမနေတော့ပေ သူမ က ခရီးတွေထွက်ရတာကြိုက်နှစ်သက်တဲ့သူတစ်ယောက်ပေါ့ အထီးကျန်နေတဲ့ သူမ ဘဝကိုခရီးတွေထွက်ပြီး ပျော်ရွှင်မှု ရှာလေ့ရှိတယ် သူမက တစ်နှစ်ခါခရီးထွက်လေ့ရှိတယ် သူမ က အမြဲတမ်းခရီးထွက်နေတော့ သူမ ချမ်းသာတယ် မထင်ပါနဲ့ သူမက သူမ မိဘတွေ မကွယ်လွန်ခင်က ထားခဲ့တဲ့ အိမ်လေးတစ်လုံးရယ် ကားတစ်စီးရယ် ပိုင်ဆိုင်ထားခဲ့တယ် သူမ ကတစ်ယောက်တည်းနေရသူဆိုတော့သူမ အတွက်အရမ်းမကုန်ဘူးလေ သူမ အခုကားပေါ်ကနေ ရှုခင်းတွေလိုက်ကြည့်မိတယ် မိုးရွာပြီးခါစ မို့ ပတ်ဝန်းကျင်က စိမ်းစိုနေတယ် နေကလဲ အရမ်းမပူသေး အုံ့မှိုင်းမှိုင်းလေး ဖြစ်နေတယ် သူမ အကြိုက်ဆုံးရာသီဥတုလေးမို့ သူမ ပြုံးလိုက်တယ် ထိုအချိန်
" it's me hi I am problem......"
သီချင်းသံမဆုံးခင်မှာပဲ သူမ ဖုန်းကိုင်လိုက်တယ် သူမကိုင်ကိုင်ချင်း

"မဂနာမငြိမ်"
"အယ်"
"ဘာအယ် နင်မပြောမဆိုနဲ့ထွက်သွားပြန်ပြီ အတူတူသွားမယ်ဆို"
"မဟုတ်ဘူးလေ နင်တို့ပဲ မအားဘူးဆို အဲ့တော့ငါလဲ တစ်ယောက်တည်းထွက်လာတာပေါ့"
"မအားသေးဘူးပြောတာလေ ခနစောင့်တော့ နင်မြွေတက်ကိုက်မှာ စိုးလို့လား"
"ငါ့အလုပ်က ခွင့်ယူထားတာဟ အချိန်က အဲ့လောက်မှမရတာ နင်တို့ကို ငါစောစောကတည်းကမပြောထားဘူးလား အခုမှလာပြီး ငါ့လာရန်မတွေ့နဲ့"

သူမ အဲ့လိုပြောတော့ ဟိုဘက်က ငြိမ်သွားပြီ

"အေးပါဟယ် ငါတို့ပဲ မှားပါတယ် ငါဖုန်းချတော့မယ် အလုပ်ကိစ္စပေါ်လာလို့ နင်ဟိုရောက်ရင်ဖုန်းဆက်နော်"

"အေးအေး"
သူမလဲ ဖုန်းချပြီး သူမ နားကြပ်တပ်ပြီး သီချင်းတစ်ပုဒ်နားထောင်နေလိုက်တယ် ကားက မကြာခင်ပဲ ခနနားတဲ့နေရာရောက်သွားတယ် သူမလဲ ဗိုက်ဆာတော့ ဆင်းစားဖို့ပြင်လိုက်တယ် သူမ ဆင်းခါနီးပဲ သူမဘေးက လူကိုသတိထားမိသွားတယ် ထိုလူက တစ်ကိုယ်လုံးအမဲရောင်ဝတ်ထားပြီး ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားတယ်သူ့ပုံစံက ထူးဆန်းတော့ သူမ ခနတော့ကြည့်မိလိုက်တယ် အဲ့လူက သူမ ကြည့်နေတာကို သတိထားမိတော့

ထိုလူသားကြောင့်Where stories live. Discover now