ထိုလူသားကြောင့် part 15

1.4K 24 0
                                    

      ဒီရေ ရောက်လာတော​့ဘေးက အမက နောက်ဆုတ်သွားတယ် ဒီရေ သူမ ဘေးနားမှာ ထိုင်လိုက်တယ် သူမ ခြေထောက်ကိုကြည့်ပြီး
"မင်းခြေထောက်က ဒဏ်ရာ ရထားတာလေ မင်း ဘာလို့ ဒေါက်မြင့်စီးတာလဲ"
     သူမ တကယ်ကို အံ့သြမိပါတယ် ဟိုတယ်ထဲကလူတွေကလည်း အကုန်အံ့သြ တကြီးနဲ့ ကြည့်နေတယ် ထိုအချိန် ဘော့စ်က ရောက်လာပြီး
"မောင်ရင် နဲ့ စမ်းရေကြည်နဲ့က သိနေတာလား"
"အသိထက် ပိုပါတယ်"
      ဒီရေ ခပ်အေးအေးပဲ ဖြေလိုက်တယ် ဘော့စ်က နည်းနည်း စဥ်းစားနေတယ်
"လင်းသန့်"
"ဗျာ ဘော့စ်"
"မင်း မမလေးကို ဆေးခန်းပြဖို့ ကားထုတ်လိုက်"
"ဟုကဲ့ ဘော့စ်"
"ဒီရေလှိုင်း ရှင်ဘာလုပ်နေတာလဲ"
"မင်းကို ဆေးခန်းပြမို့လေ"
"အခုက အစည်းအဝေးရှိတယ်လေ"
"အစည်း အဝေးက မင်းလောက် အရေးမကြီးဘူး"
      သူ့ပြောတာကို အကုန်လုံးကြားကြပါတယ် သူကတော့ ဂရုမစိုက်ပါ သူမဘာလုပ်ရမှန်းပင်မသိတော့ ကိုယ်ချစ်တဲ့သူက ဂရုစိုက်တာတော့ မပျော်ပဲနဲ့တော့ ဘယ်ရှိမလဲ သူမ ကြည်နူးမိတာပေါ့။
"ဘော့စ်"
"ကားရောက်ပြီလား"
"ဟုကဲ့ ဘော့စ် ကျွန်တော် မမလေးကို တွဲလိုက်ရမလား"
"ရတယ် ငါ့ဘာသာ လုပ်မယ်"
       သူမကို ပွေ့ချီလိုက်တယ်
"ဒီရေလှိုင်း လူကြားထဲမှာနော်"
"ဘာဖြစ်လဲ"
"ရှက်စရာကြီး"
"ရှက်ရင် ကိုယ့် ရင်ခွင်ထဲ ဝင်နေလေ"
       သူမ နှုတ်ခမ်း ဆူလိုက်တယ် ဒီရေက တော့ပြုံးလိုက်တယ် ဘေးက ဟိုတယ် ဝန်ထမ်းတွေကတော့ ဓာတ်ပုံတွေ လုရိုက်နေကြတယ် သူမ သူတကယ်ကြီးအဲ့လိုချီလိမ့်မယ် မထင်ထားပါ။
"လူတွေကြည့်နေတယ်"
"မျက်လုံးပါလို့ကြည့်တာပဲ"
"အမယ် ကျမကို ရည်းစား ရှိတယ်ထင်သွားအုံးမယ်"
"မင်းက အဲ့လို မထင်စေချင်ဘူးလား"
"ဒါပေါ့"
"ဘာလို့လဲ"
"အော် ဒီလိုပါပဲ သိတယ်မလား ရည်းစားမရှိတော့ ပိုးပန်းတဲ့သူများတာပေါ့"
        သူမ ကို ချီပြီး ကားရှိတဲ့ဘက်ကိုလျှောက်သွားရင်း  စကားပြောနေကျတာပါ သူမက စ နောက်ပြီးပြောလိုက်ပေမဲ့ ဒီရေကတော့ အတည်ကြီး ထင်ပြီး မျက်မှောင်ကြုတ်လိုက်တယ် ဒီရေခြေလှမ်းတွေ ရပ်တန့်သွားတယ် သူက ကြည့်နေတဲ့ လူတွေဘက်လှည့်ပြီး
"စမ်းရေကြည်က ငါ့မိန်းမပဲ"
        သူမ တကယ်ကို မျက်လုံးတွေ ပြူးကျယ်ပါပြီ ဒီလူ ရူးများနေလား
"ဒီရေလှိုင်း ရှင်ဘာတွေလျှောက်ပြောနေတာတုန်း"
     ဒီရေလှိုင်း က ခေါင်းစောင်းပြီး ပြုံးပြလိုက်တယ်
"မင်းကို ဘယ်သူက ပိုးပန်းရဲလဲကြည့်မယ်"
"အဲ့လိုကြီး လူကြားထဲ ပြောရလား"
"ဘာဖြစ်လဲ မင်းက ငါ့မိန်းမပဲ"
"ဘာကိုရှင့် မိန်းမလဲ ဖြစ်စရာလား"
"ဖြစ်ပြီးသွားပြီ"
       သူမ သူ့မျက်နှာကို တကယ်ကိုပင် ကုပ်ဆွဲပြစ်ချင်မိတယ် လူအုပ်ကတော့ နည်းနည်း ဆူသွားတယ် ရှယ်ယာရှင် တစ်ယောက်နဲ့ဟိုတယ် တစ်ခုက မန်နေဂျာမလေးရဲ့ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသွားတယ် စီးပွားရေ နယ်ပယ်မှာ သတင်းက တော်တော်ပြန့်သွားတယ် အဲ့တာအပြင်သားလေးရဲ့ သတင်းပါပေါက်ကြားသွားတယ် သူမ အဲ့လောက်ထိ သက်ရောက်မှုရှိမယ်မထင်ခဲ့ပါ ရှယ်ယာရှင် အစည်းအဝေးပြီးတော့ သူဋ္ဌေးက ပါ သူ့ကို ခေါ်တွေ့တယ် သူမကို ပုံမှန်အတိုင်းပဲ ဆက်ဆံပါတယ် ရှယ်ယာရှင် တစ်ဦးနဲ့ပက်သက်တဲ့သူဆိုပြီး မျက်နှာလိုမျက်နှာရမလုပ်ပါဘူး ပုံမှန်ထက်ပိုနေတာကတော့ ဟိုတယ်က လူတွေ သူမကို ပိုလို့ပင် နှုတ်ဆက်နေကြတယ် အဲ့သတင်းက social mediaမှာပါ ပြန့်သွားတယ် သူမ အိမ်ရောက်တော့ ဂျူလီနဲ့ နှိုင်းက ရောက်တယ်
"စမ်းရေ"
"အေး"
"ဒီရေလှိုင်း တကယ်အဲ့လိုပြောသွားတာလား"
"အေး"
"အဲ့ဆို နင်တို့က အခု အကြင်လင်မယားတွေပေါ့"
      ဂျူလီက မေးတာကို စမ်းရေကတော့ အေးပဲ ဖြေနိုင်တော့တယ် နှိုင်းက ဂျူလီကို စိတ်မရှည်တော့ပဲ
"ဟဲ့ဂျူလီ သူတို့က စာချုပ်တာ မရှိတာ တကယ်က လင်မယားလိုပဲဟ"
"မဟုပါဘူး နှိုင်းကလဲ"
"ဘာနှိုင်းကလဲ လုပ်မနေနဲ့ ညည်းအဲ့ဟာကြီးကိုစိတ်ဝင်စားနေတာ သိတယ် အပိုတွေလုပ်မနေနဲ့"
"ဟယ်ဟုလား စမ်းရေ"
"အေး"
"အဲ့တာကို ငါတို့ကို မပြောပဲနေတယ်ပေါ့"
"မဟုပါဘူး မပြောဖြစ်တာပါ"
        ထိုအချိန် စမ်းရေ ဖုန်းက မြည်လာတယ် သူမ ဖုန်းနံပါတ်ကိုမကြည့်ပဲ ကောက်ကိုင်လိုက်တယ်
"စမ်းရေ"
"ဘာကိစ္စလဲ"
     နှိုင်းကမျက်ခုံးပင့်ပြီး ဘယ်သူလဲဆိုတဲ့အဓိပ္ပါယ်နဲ့ မေးတယ် စမ်းရေ က စိတ်ပျက်တဲ့အမူအရာပြတော့ သူ့အချစ်ဦးမှန်းသိသွားပါပြီ
"အဲ့တာ တကယ်ပဲလား"
"ဘာလဲ"
"အခုတက်လာတဲ့ သတင်းလေ"
"အင်း ဟုတယ်"
"မင်း ဘာလို့ ကိုယ့်ကို အစောကြီးမပြောပြတာလဲ"
"နင့်ကိုပြောပြပြီး ငါဘာလုပ်ရမှာလဲ"
"ကိုယ် မင်းကို တာဝန်ယူနိုင်..."
"နင် အပိုတွေ မပြောစမ်းပါနဲ့ အခု ဘာကိစ္စ ဆက်တာလဲ"
"ကိုယ်က ဒီတိုင်း... "
"ဘာကိစ္စ မှ မရှိဘူးဆို ချတော့မယ်"
"နေပါအုံး ကိုယ် မင်းနဲ့စကားပြောချင်သေးတယ်"
"နင်...."
      သူမ ဆုံးအောင်ပင် မပြောရသေး သူမ ဖုန်းဆွဲလုခံလိုက်ရတယ် သူမ ကြည့်လိုက်တော့ ဒီရေလှိုင်း သူမ သူ့ကို အံ့သြကြီး ကြည့်လိုက်တယ်
"မင်းက ငါ့မိန်းမနဲ့ ဘာပြောစရာရှိလို့လဲ"
"ငါစမ်းရေနဲ့ပဲ ပြောချင်တာ မင်းနဲ့ပြောစရာမရှိဘူး"
"ငါ့မိန်းမနဲ့ ပက်သက်တာက ငါနဲ့ ပက်သက်တာပဲ မင်းငါ့ကိုမပြောရင် သူ့ကို ပြောလို့ မရဘူး"
"နေပါအုံး.."
"အခု မင်းဖုန်းချလိုက်တာကောင်းမယ်"
       ဒီရေ ဒေါသ သံ နည်းနည်းထွက်ပြီးပြောလိုက်တယ် ဖုန်းက ကျသွားတယ်
"မင်းဖုန်းနံပါတ်သူ့မှာ ဘာလို့ ရှိနေတာလဲ"
"ဘယ်သိမလဲ"
       စမ်းရေကတော့ ဂရုမစိုက်တဲ့ပုံစံနဲ့ဖြေလိုက်တယ် နှိုင်းက ပြန်ဖို့ ပြင်လိုက်တယ်
"စမ်းရေ ငါပြန်တော့မယ် စနေနေ့ကျ တွေ့မယ်နော်"
"အင်း အဲ့နေ့ကျ လူစုံတာပေါ့"
      နှိုင်းနဲ့ စမ်းရေက လွမ်းဆွတ် ရိပ်သန်းနေတယ် ဂျူလီ ကတော့ မျက်ရည်ဝဲနေပြီ သူမတို့ သူငယ်ချင်းထဲမှာ အငို အသန်ဆုံးထဲသူတစ်ယောက်ပေါ့
"မင်း အဲ့နေ့ ဘာကိစ္စ ရှိလို့လဲ"
"လုပ်စရာရှိလို့ပေါ့"
"ဘာလုပ်စရာလဲ"
"ကောင်လေးတွေနဲ့date မလို့ ပေး ကျမ ဖုန်း"
        သူမ အဲ့လိုပြောပြီး သူ့ဖုန်းတောင်းတော့ ဟိုက မိုးမှောင်ကျနေပြီ
"ဘာပြောလိုက်တယ်"
"ဖုန်းပေးလို့"
"အဲ့တာ မဟုဘူး အဲ့ရှေ့က ဟာ"
      ဒီရေ အဲ့လိုပြောရင်း သူမ ရှေ့ တိုးတိုးလာတယ် သူမက နောက်ဆုတ်လေ သူက ရှေ့ တိုးလာတယ် သူမ နံရံကို မှီမိသွားတော့ သူမ ဘေးကို လက်ထောက်လိုက်တယ်
"ပြော ဘာပြောလိုက်တာလဲ"
"ကောင်လေးတွေနဲ့dateမလို့"
"လင် ငုတ်တုတ်ရှိတာတောင် မင်းက အဲ့ဟာတွေ နဲ့ တွေ့မလို့လား"
"နေပါအုံး လင်လို့ ပြောရအောင် ရှင်နဲ့ကျမက တရားဝင်လင်မယားတွေလား"
"ဟုတယ်လေ"
"ဘယ်မှာလဲ စာချုပ်"
"ငါက စာချုပ်ထက် လက်တွေ့ကိုပဲ လက်ခံတယ်
မင်းကြည့်ရတာ အဲ့တာကို မေ့သွားပုံပဲ"
     သူမ ဆံပင်လေးကို သူကစားရင်ပြောနေတယ်
သူမ မျက်နှာရှေ့ကို ဖြေးဖြေးချင်း တိုးလာတယ်
"ဒီရေလှိုင်း ရှင်.."
    သူမ ကို ဘာမှမလုပ်ပဲ ကြည့်ပဲ ကြည့်နေတယ်
"စမ်းရေကြည်"
    သူမ နုညံ့စွာ ခေါ်လိုက်တယ်
"မင်းကိုချစ်တယ် စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် ချစ်တယ် ငါ့ကိုယ်ငါ ဘာတွေလုပ်နေမိတာလဲ မသိအောင်ချစ်တယ်"
      သူမ ပါးတွေ နီလာတယ် လူကို မျက်နှာချင်းဆိုင်ပြီး ချစ်တယ် တတွတ်တွတ်ပြောနေတာ ရင်မခုန်ပဲ နေမလား
"အင်း"
"အင်း ပဲလား"
"အဲ့တော့ ဘာပြန်ပြောရမှာလဲ"
"ငါ့ကို ပျော်စေမဲ့ တစ်ခုခုပေါ့"
     သူမ စဥ်းစားလိုက်တယ်
"ရှင်က ဘာလိုချင်တာလဲ"
"မင်း က အ လိုက်တာ"
"ရှင် ဖဲ့တာပဲ"
"ဟုတယ်လေ ချစ်တယ်လို့ ဖွင့်ပြောပြီးတဲ့လူတစ်ယောက်လိုချင်တဲ့ အရာက ဘာဖြစ်မလဲ"
    သူမ နားလည်ပါပြီ သူမ ခေါင်းငြိမ့်လိုက်တယ်
"ပြော"
"ခေါင်းငြိမ့်ရုံနဲ့ မရဘူးလား"
"မင်းပါးစပ်က ပြောတာ ကြားချင်တာ"
     သူမ ဘယ်လိုပင် နေရမှန်းကိုမသိတော့ပါ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတယ်
"ချစ်တယ်"
     သူမ ခပ်တိုးတိုးလေး ပြောလိုက်တယ်"
"ဘာပြောတာ"
"ရှင်နော် ကြားရဲ့သားနဲ့"
"ဘော့စ်ရေ မမလေးက ချစ်တယ်လို့ပြောတာ ကျတော်တောင်ကြားတယ်"
      လင်းသန့်က အလိုက်ကန်းဆိုးမသိ ဝင်ပြောလိုက်တယ် ဒီရေ မျက်နှာ တကယ်ကို မဲ ကျသွားတယ် စမ်းရေလဲ လင်းသန့်ကို သတိမထားမိ သူမ နဖူးကို လက်တစ်ဖက်နဲ့ပွတ်လိုက်တယ်
"လင်းသန့်"
"ဗျာ ဘော့စ်"
"မင်း ဘယ်အချိန်ကတည်းကရောက်နေတာလဲ"
"ကျနော် ဘော့စ်နောက်မှာ အမြဲပါတယ်လေ"
"မင်း ဘယ်အချိန် က ရောက်နေတာလဲ"
      ဒီရေ အသံကို ခပ်ဖိဖိပြောလိုက်တယ် လင်းသန့် သဘောပေါက်သွားပါပြီ
"ကျတော် အခုမှရောက်တာပါ"
"ဘာတွေကြားလဲ"
"ချစ်တယ်တဲ့"
       စမ်းရေ တကယ်ကို မျက်နှာ ဘယ်နားထားရမယ်မှန်းမသိတော့ဘူး
"ဘာပြောတယ်"
"ဘာမှ မကြားပါဘူး"
"ကောင်းပြီ မင်း အလုပ် မင်းသွားလုပ်"
"ဟုကဲ့"
       လင်းသန့်လဲ မယောင်မလည်နဲ့ထွက်သွားတယ်
    တစ်ကောင့်သားကြောင့် feeling ငုတ်သွားတယ် သူမလေးကိုကြည့်ရတာလဲ ရှက်နေပုံပဲ ပါးက နီနေပြီ သူ သူမကို ကြည့်ပြီး ဆက်ပြောဖို့ပြင်လိုက်တယ်
"နောက်မှပြောတော့ ကျမ ရေချိုးတော့မယ်"
"နေပါအုံး စမ်းရေကလဲ ခနလေးပဲဟာကို"
"မနေတော့ဘူး ချိုးတော့မယ် ဖယ်"
      သူမ သူ့ကို ဖယ်ပြီး ထွက်သွားတယ် ဒီရေ တော်တော်ကို ဒေါသထွက်သွားတယ်
"လင်းသန့်"
      ထူးသံမကြားရတော့ပါ။
"လင်းသန့် ဟျောင့် ခွေးသား"
      ဒီရေ ရှာမတွေ့ ခြံရှေ့က အစောင့်ကိုမေးတော့ အပြင် ထွက်သွားတယ်တဲ့ ပြဿနာရှာတုန်းက ရှာပြီး အခုတော့ ပြေးပြီ အဲ့ကောင်လာရင် သေဖို့သာပြင်ထား
    လင်းသန့် ဒီရေဆီ မသွားရဲသေး နောက်နေ့စိတ်ပြေမှ အေးဆေး ပြန်သွားကပ်ဖို့ လုပ်ထားတယ် ဒီနေ့ကိုယ်က သူ့ဂွင်ကို ဝင်နှောက်ထားတာကို
     စမ်းရေကတော့ ရင်ခုန်တာကို ထိန်းလို့မရပါ သူမ အခန်းထဲမှာ ရင်ဘတ်ဖိရင်း 'စမ်းရေ ထိန်းထား ထိန်းထား ဘယ်လို လုပ်ရမလဲ' သူမ ပါးနှစ်ဖက်ကို စမ်းရင်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတယ် သူမ ရင်ဘတ်တွေ တကယ်ကို ပေါက်ထွက်တော့မလိုပါ သူ့အကြည့်တွေ သူ့အပြောချိုချိုတွေ သူမကို ချစ်တယ်လို့ ပြောတဲ့အချိန်သူမ တကယ်ကို အိပ်မက်မက် နေသလို ခံစားနေရတယ် ကိုယ်ချစ်တဲ့သူက ကိုယ့်ကို ချစ်နေတဲ့ခံစားချက်ကတကယ်ကို ပျော်ရွှင်စေတာပဲ။
(စာဖတ်တဲ့သူတွေကို အရေးအသားမကောင်းလဲ သည်းခံဖတ်ပေးလို့ ကျေးဇူးပါ အားမှ တင်ဖြစ်တာမို့လို့ ဖတ်တဲ့သူတွေကိုလဲ တောင်းပန်ပါတယ်)see you next part

ထိုလူသားကြောင့်Where stories live. Discover now