"ခွမ်း...."
နံရံကိုပစ်ပေါက်လိုက်တဲ့ပန်းအိုးကအစိတ်စိတ်အမွှာမွှာ ကွဲသွားတဲ့အသံနဲ့အတူ
"အားးးဘာလို့လဲ ငါဘာလို့ မလုပ်နိုင်ရတာလဲ"
ရဲဇေ ကိုယ့်ကို အပြစ်တင်ရင်းအခန်း ထဲကရှိတဲ့ပစ္စည်းတွေ ရိုက်ခွဲနေမိတယ် သူ့မျက်ရည်တွေဆက်တိုက်စီးကျနေတယ်
"ငါဘာလို့ အဲ့လောက်စိတ်ဓာတ်ပျော့ညံ့နေရတာလဲ ရဲဇေ မင်းကဘာလို့အဲ့လိုအသုံးမကျဖြစ်နေရတာလဲ"
ရဲဇေ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း နံရံကို လက်သီးနဲ့ ဆက်တိုက်ထိုးချမိတယ်
ရဲဇေ နံရံကိုမှီပြီးလျှောချ ထိုင်လိုက်တယ်
"မိုး ကိုယ်မင်းကိုသိပ်ချစ်တယ် မင်း ကို ဒီလိုဖြစ်အောင်လုပ်သွားတဲ့သူတွေကို ကိုယ်လက်စားချေပေးမယ်နော် ပြီးရင် ကိုယ် မင်းနောက်ကိုလိုက်လာခဲ့ပါ့မယ်"
ရဲဇေ လက်သီးကိုတင်းတင်းကျပ်ကျပ် ဆုပ်လိုက််တယ် သူမလေးအတွက် လက်စားချေတဲ့လမ်းမှာ သူ ပျော့ညံ့နေလို့မရဘူး သူပျော့ညံ့လို့ အခွင့်အရေးတစ်ခုကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီ နှိုင်း ကိုတိုက်မဲ့ကားမှာ သူလက်တွေက သူမနားရောက်ချိန်မှာ အရှိန်လျော့သွားခဲ့တယ် နှိုင်းချောက်ထဲကျအောင်ကိုယ်လုပ်လိုက်ပေမဲ့ သူရဲ့စိတ်ကတော့ နှိုင်းနဲ့စမ်းရေကို စိတ်ပူနေတယ်။သူ့စိတ်မှာ လက်စားချေရမဲ့ ကိစ္စကိုတော့ မေ့မနေခဲ့ပါဘူး။
............................................................................
နှိုင်း အခန်းထဲမှာ သူမဖုန်းကိုကိုင်ရင်းခေါက်တုံ့ခေါက်ပြန်လျှောက်နေတယ် သူ တစ်ခုခုကို စိတ်လှုပ်ရှားနေသလိုပင်
"သေချာပါတယ် သူမှ သူ အစစ် ငါ့မျက်လုံးမမှားနိုင်ဘူး စမ်းရေရယ် ဖုန်းကိုင်စမ်းပါ"
"တီ...တီ.."
သူမ လေးငါးခါလောက်ခေါ်ပြီးမှ ဟိုဘက်က ဖုန်းကိုင်လိုက်တယ်
"ဟယ်လို"
"နှိုင်း ဘာဖြစ်လို့လဲ"
"ငါ ရဲဇေ ကိုတွေ့ခဲ့တယ်ထင်တယ် မဟုဘူး ထင်တာမဟုဘူး တွေ့ကိုတွေ့ခဲ့တာ"
"နင်ရဲဇေကို တွေ့ခဲ့တာလား"
"ဟုတယ် စမ်းရေ ငါသူ့ကိုတွေ့ခဲ့တယ်"
နှိုင်း ဝမ်းသာအားရနဲ့ဖြေလိုက်တယ်
"သူနင့်ကိုဘာလုပ်ခဲ့လဲ"
"ဟမ် သူက ငါ့ကိုဘာလုပ်ရမှာလဲ"
နှိုင်းတကယ်ကို နားမလည် စမ်းရေ ဘာကိုပြောချင်တာလဲ
"နင် တစ်ခုခုဖြစ်သွားသေးလားလို့"
"ဟမ်.."
နှိုင်း ပြန်စဥ်းစားမိတယ် ငါ့ကို ကားတိုက်မိမလိုဖြစ်သွားတာ
"စမ်းရေ နင်မပြောနဲ့နော် ရဲဇေ က ငါတို့ကို လက်စားချေမယ်လို့"
"ဟုတယ်"
နှိုင်း နည်းနည်းတုန်သွားတယ်
"နင်မပြောနဲ့ ငါတို့ဖြစ်ခဲ့တဲ့ accidentက သူလုပ်တာလို့"
"ဟူးးသူပဲ နှိုင်း"
သူမ သွေးတွေ ဆောင့်တက်သွားတယ် မဖြစ်နိုင်တာ သူမ တို့နှစ်ပေါင်းများစွာ လိုက်ရှာနေတဲ့သူငယ်ချင်းက အခုသူမတို့ကို လက်စားချေဖို့ပြန်လာတယ်တဲ့
"နှိုင်း နင် အဆင်ပြေရဲ့လား"
"စမ်းရေ ငါတို့ဘယ်လိုလုပ်မလဲ"
သူမ မျက်ရည်စလေးတွေ ဝဲ ပြီးမေးလိုက်တယ်
"ဘယ်သိမလဲ ဇာတ်ဆရာအလိုကျပေါ့ဟာ"
"အေးပါ အဲ့ဆို ဒါပဲနော်"
နှိုင်း ဖုန်းကို မြန်မြန်ချလိုက်တယ်
သူမ ကုတင်ပေါ်ကို ရုတ်ချည်းထိုင်ချလိုက်တယ်
"ငါတောင်းပန်ပါတယ် ရဲဇေရယ် ငါတောင်းပန်ပါတယ်"
သူမ မျက်နှာနဲ့ခေါင်းအုံးကို အပ်ရင်း ရှိုက်ကြီးတငင် ငိုချမိတယ်
သက္ကရာဇ် သူမကို ကြည့်နေတာကြာပြီ အခုတစ်လော တမှိုင်မှိုင်တတွေတွေနဲ့ ဘာဖြစ်နေလဲ နားမလည်
"ခင်ဗျား အဆင်ပြေရဲ့လား"
"အင်း"
သူမေးရင် စကားတစ်ခွန်းနှစ်ခွန်းကလွဲပြီး ပိုမဖြေရင် အရင်လို အပြင်ထွက်ခွင့်လဲမတောင်း သူမ တစ်ခုခုထူးဆန်းနေတာသေချာတယ်
"သက္ကရာဇ်"
သူမရဲ့ အသံတိုးတိုးလေးနဲ့ခေါ်လိုက်တယ်
"ငါတစ်နေရာသွားချင်တယ်"
"ဘယ်ကိုလဲ"
"မသွားရဘူးလား အဲ့ဆို မသွားတော့ဘူး"
သူမ ထ ထွက်သွားဖို့ပြင်လိုက််တယ်
"ဟာ မဟုဘူးလေ"
ကိုယ်က မသွားနဲ့ မပြောပဲနဲ့ သူ့ဟာသူ ကောက်ချက်ချသွားတယ် ။သူပြောတာပင်နားမထောင် လှည့်ထွက်သွားတယ်
"ဒေါ်နှိုင်းလင်္ကါ"
"ဘာလဲ"
"ဟ ခင်ဗျားကလေသံ မာလှချည်းလား"
"လေသံပျော့ရအောင် နင်က ဘာမို့လို့လဲ"
"ဟ"
"ဒီမှာ နင်က ငါ့ထက်အငယ် ငါနင့်ကို လေသံပျော့နေစရာလိုလို့လား"
"ခင်ဗျား မြေအောက်ခန်းထဲ ထပ်သွားချင်လို့လား"
"ပို့လိုက်လေ တစ်ခါတည်းသေ နားအေးတယ်"
အရင်လို အကြောက်အကန်မငြင်းတော့ပေ။သူမ တကယ်မျက်နှာမကြည်ဘူး အခုလဲ စိတ်ရှုပ်နေပုံပဲ
သက္ကရာဇ် စိတ်လျော့လိုက်တယ်
"ခင်ဗျား ဘယ်သွားမှာလဲ ကျနော် လိုက်ပို့မယ်"
"အင်း"
"ခင်ဗျား အဝတ်အစားလဲမို့လား"
"မဟုဘူး ယူစရာရှိလို့"
သူမ အပေါ်ထပ်ကို တက်သွားတယ်
သက္ကရာဇ် ကိုယ့်ကိုယ်ကို မေးနေမိတယ်
'ငါဘာတွေလုပ်နေတာလဲ ဒီမိန်းမကဘာမို့ ငါက စိတ်ပျော့လိုက်တာလဲ'
ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်နေမိတယ်
နှိုင်းစိတ်ကမကြည်တော့စိတ်ထွက်ပေါက်အနေနဲ့ ဒေါသတွေကို သက္ကရာဇ် ပေါ်ပုံချလိုက်တယ်
သူမ ဗီရိုထဲက ပန်းပွင့်ကလစ်ခလေးတစ်ခုကို ထုတ်လိုက်တယ် ဒီကလစ်ခလေးက မိုး သူမကို ငှားခဲ့တဲ့ ကလစ်လေးပါ
သူမတို့ကားလေးက လွင်ပြင်တစ်ခုပေါ်ကိုရောက်လာတယ် အခုကတော့ သက္ကရာဇ် ရယ်သူရယ်နှစ်ယောက်တည်းပါ သက္ကရာဇ် သူမပြောတဲ့နေအတိုင်းမောင်းလာတာ လူများတဲ့နေရာထင်နေတာ အခုတော့ ဟင်းလင်းပြင်ကြီးတစ်ခုသာ ပြီးတော့ မြေပုံတစ်ခု သူတစ်ယောက်ယောက်ကိုမြှုပ်ထားတယ်လို့ပဲတွေးလိုက်တယ် သူမ အဲ့နားမှာရပ်ခိုင်းလို့ရပ်လိုက်တယ် သူမ လမ်းမှာဝယ်လာတဲ့ ပန်းစည်းလေးကိုကိုင်ပြီး ကားပေါ်ကဆင်းလိုက်တယ် သက္ကရာဇ် လဲသူမနဲ့အတူတူလိုက်ဆင်းလိုက်တယ် သူမ ထိုြေမပုံလေးနားသွားပြီး ဒူးထောက်ထိုင်လိုက်တယ်
"မိုး ငါပေးစရာရှိလို့ လာတာ"
သူမ ကလစ်လေးတစ်ခုကိုထုတ်လိုက်တယ် ထိုမြေပုံ ပေါ်ကိုတင်လိုက်တယ်
"ရဲဇေ ပြန်လာပြီဟ သိလား အဲ့ကောင်ကလေနင့်ကိုမေ့မရသေးဘူးထင်တယ် မကြာခင် နင့်ကို လာတွေ့မယ်ထင်တယ်"
သူမ နှုတ်ခမ်းလှုပ်ရုံလေးပြုံးလိုက်တယ် ထိုအပြုံးနဲ့အတူ မျက်ရည်တွေ စီးကျလာတယ်
"မိုး နင်ရှိရင် သိပ်ကောင်းမှာပဲ နင်ရှိရင်လေ ရဲဇေ က အခုလို ဖြစ်နေမှာမဟုဘူးဟ အခုသူတစ်ယောက်တည်း ဘယ်လောက်တောင် ပူလောင်နေရမလဲ နင့်ကို ဘယ်လောက်တောင် တမ်းတနေမလဲ သူကလေ နင့်ကို အခုထိ မမေ့သေးဘူးဟ"
သူမ မျက်ရည်တွေနဲ့ စကားတွေဆက်တိုက်ပြောနေတယ်
သက္ကရာဇ် ကတော့ ဘေးမှာ မတ်တတ်ရပ်ရုံပဲရှိ သူဘာမှမလုပ်နိုင် သူမ ငိုတော့လဲ ဘာလုပ်ပေးရမလဲ မသိ ရဲဇေ ဆိုတာ ဘယ်သူလဲ အခု ဒီတစ်ယောက်ကကော ဘာလို့ သေ သွားတာလဲ ရဲဇေ နဲ့သူတို့ကြားမှာ ဘယ်လို ရန်ငြိုးတွေ ရှိနေတာလဲ။
သူမ အဲ့နားမှာ ခနကြာအောင်ထိုင်ပြီးတော့ ကားပေါ်ပြန်တက်လာလိုက်တယ်။
.............................................................................
သက္ကရာဇ် အိမ်ပြန်ရောက်တော့ သူမ အပေါ်ကို တက်သွားတယ် သက္ကရာဇ် ဒီရေဆီ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်တယ်
"ဟယ်လို"
"ပြော"
"ရဲဇေ ဆိုတာဘယ်သူလဲ"
"ဘာလဲ မင်းဟာက အစမရှိ အဆုံးမရှိ"
"ဟာ စောနက မရီးသူငယ်ချင်းက ကျုပ်ကို တစ်နေရာလိုက်ပို့ခိုင်းတယ် အဲ့နားမှာ မြေပုံရှိတယ် မြေပုံပေါ်မှာ မိုးထက်ကြယ် ဆိုတဲ့ကောင်မလေးနာမည်တွေ့တယ်"
ဒီရေ နားလည်ပါပြီ ဒီကောင် ဘာကို သိချင်လဲဆိုတာ
"မင်းကဘာလို့ သိချင်တာလဲ"
"ဟ"
သက္ကရာဇ် ဘာဖြေရမလဲ မသိ 'ဟုသားပဲ ငါနဲ့မှ မဆိုင်တာ ငါကဘာလို့ သိချင်နေတာတုန်း'
"ကောင်းပြီး မင်းသိချင် ပြောပြမယ်"
ဒီရေ တိုတိုတုတ်တုတ်ပဲပြောလိုက်တယ် ဖြစ်ပျက်သမျှကို
"အော် ဖခင်ရဲ့သွေးကြွေးကို သမီးက ပြန်ဆပ်ရတယ်ပေါ့"
"ဟင်းး..မင်းပဲပြောတတ်တယ်"
"အဲ့တော့ အဲ့ရဲဇေ ဆိုတဲ့ သူဆီက သူ့ကိုကျုပ်က ကာကွယ်ရမယ်ပေါ့"
"ဟုတယ်"
"ကျုပ်မရှင်းတာရှိသေးတယ်"
"ဘာလဲ"
"ခင်ဗျားမှာ အင်အားလဲရှိတယ် ငွေကြေးလဲရှိတယ် အဲ့လို လူလောက်က ခင်ဗျား အသာလေးရှင်းလိုက်နိုင်တယ်မလား"
"အွန်းး မင်းပြောတာမှန်တယ် ဒါပေမဲ့ ငါမလုပ်နိုင်ဘူး"
"ဘာလို့"
"bae က သူရဲ့ သူငယ်ချင်း ကို ဘာမှမလုပ်ပါနဲ့လို့ပြောထားလို့"
သက္ကရာဇ် နှာခေါင်းရှုံ့သွားတယ် ဒါနဲ့များလူမိုက်ခေါင်းဆောင်တဲ့သူ့ကြည့်တော့ မ.ယ.က။
"မင်းစိတ်ထဲ ဘာတွေးနေလဲ ငါသိတယ် ဒီမှာ ကြောက်တာ မဟုဘူး ချစ်တာ သဘောပေါက် မင်းကိုပြောလဲ နားမလည်ပါဘူး ဟုတယ်မလား"
"ခင်ဗျား"
"ဒါပဲ ငါအလုပ်ရှိသေးတယ်"
ဒီရေ ဖုန်းချသွားတယ်
သက္ကရာဇ် က ကြားထဲက အရိုခံလိုက်ရတယ်
.............................................................................
ရဲဇေ အကျပ်ရိုက်နေတယ် စမ်းရေနဲ့နှိုင်းမှာ ကာကွယ်ပေးတဲ့သူက အင်အားကြီးနေတော့ သူ့ဘက်က ဘာမှမလုပ်နိုင် သူသေသေချာချာ စီစဥ်မှ ရမယ်ကြာရင် သူ့အတွက် ခက်ခဲလာနိုင်တယ် သူ ဒီကိစ္စအတွက် တစ်ယောက်ယောက်ကို အသုံးချရမယ် သူ့ခေါင်းထဲ အရင်ဆုံးဝင်လာသူကတော့ ဂျူလီ။
ရဲဇေ ကျေနပ်အားရတဲ့အပြုံးကိုပြုံးလိုက်တယ် မျက်နှာကတော့ အကြံအစည်အပြည့်နဲပေါ့။
"ဂျူလီ မင်းကငါ့အတွက် အသုံးတော့ ဝင်သားပဲ မင်းကို ဆွဲမထည့်ချင်ပေမဲ့ မင်းဝင်ပါမှရတော့မယ်"
.သူ မနက်ဖြန်ဂျူလီ ပန်းဆိုင်ဆီသွားဖို့ စီစဥ်လိုက်တယ်
.............................................................................
ဂျူလီ ဒီနေ့ ပန်းစည်း အော်ဒါမှာလို့ လုပ်ပေးရင်း အလုပ်ရှုပ်နေတယ် သူမ အလုပ်လုပ်နေတုန်း ဝန်ထမ်းမလေး တစ်ယောက်လာပြီး
"အမ အမကိုလူတစ်ယောက်လာရှာတယ် အမ အသိတဲ့"
"မိန်းခလေးလား"
"ယောက်ျားလေးပါ အမ"
"ဟုလား အေးအေး"
သူမ အပေါ်ထပ်ကနေ ဆင်းလာလိုက်တယ် သူမ ဆီ ဘယ်သူလာတာပါလိမ့် သူမ ဆီကိုလာမဲ့ယောက်ျားလေးအသိမိတ်ဆွေရယ်လို့ မရှိပါဘူး ပစ္စည်းအမှာထဲမှာလည်း အဲ့လို တကူးတကတွေ့ရမဲ့သူ မရှိပါဘူး သူမ စဥ်းစားရင်းအောက်ကို ဆင်းလာလိုက်တယ် သူမ ထိုယောက်ျားရဲ့ကျောဘက်ကနေကြည့်လိုက်တော့ ဝတ်စုံအပြည့်ဝတ်ထားပြီးသူမကိုကျောပေးထားတယ် လူပုံစံက သန့်ပြန့်နေတယ် နောက်ကနေမြင်ရတာတောင် ဘယ်လောက်ခန့်လဲ ဆိုတာသိသာတယ်ဒါပေမဲ့ တယောက်ယောက်နဲ့တူသလိုစဥ်းစားမိသွားတယ် သူမ ထိုလူနားကိုသွားပြီး
"ဟို ဘယ်သူလဲ မသိဘူးရှင့်"
သူမ အသံကြားတော့ ထိုလူ သူမကို ကျောပေးရာကနေ လှည့်ကြည့်လာတယ်
ဂျူလီ ပါးစပ်တွေ ဟသွားတယ် သူမ လက်ညှိုးတစ်ထိုးထိုးနဲ့
"နင်...နင်"
"ငါပါ"
"ရဲ....ရဲဇေ မလား"
သူမ အသံတွေ တုန်နေတယ်
"ဟုတယ်"
"ရဲဇေ.. ရဲဇေ"
သူမ သူ့ကို ပခုံးကနေ သိုင်းဖက်လိုက်တယ် သူမ ခြေဖျားတော့ ထောက်လိုက်ရတယ် ရဲဇေ သူမကိုပြန်ဖက်လိုက်တယ် သူမ ဖက်ရင်း ငိုချလိုက်တယ်
"နင် ဘယ်တွေသွားပြီး ဘာတွေလုပ်နေတာလဲ ငါတို့ကို စကားတစ်ခွန်းမပြောပဲ ဘယ်လိုတောင်ထွက်သွားတာလဲ နင်ထွက်သွားတာတော့ ငါတို့တွေဘယ်လောက်တောင် စိတ်ပူနေတယ်ထင်လဲ"
"အေးပါဟာ ငါတောင်းပန်ပါတယ်"
သူမ ဖက်ထားတာကို လွှတ်ပေးလိုက်တယ် သူမ မျက်ရည်တွေသုတ်ပြီး
"ကောင်စုတ်"
သူမ အဲ့လိုပြောရင်း သူ့ကိုပိတ်ရိုက်လိုက်တယ် ရဲဇေ သူမ ရိုက်တဲ့နေရာကိုပွတ်ရင်း
"နင် ကလဲ အခုမှပြန်တွေ့တဲ့သူငယ်ချင်းကိုအဲ့လိုနှုတ်ဆက်ရလား"
"ဘာဖြစ်လဲ"
"ဘာမှမဖြစ်ပါဘူး"
"ဒါနဲ့ နင်ပြန်လာတာ နှိုင်းတို့ သိပြီလား"
"မသိသေးဘူး"
"ငါသူတို့ကို ဖုန်းဆက်ပြီးပြောလိုက်အုံးမယ် သူတို့နင်ပြန်လာတာ သိရင် သိပ်ပျော်နေမှာဟ"
သူမ ဝမ်းသာအားရပြောပြီး ထွက်သွားမယ်လုပ်တော့ ရဲဇေ သူမကို ဆွဲထားလိုက်တယ်
"နေအုံး ငါက သူတို့ကို suprise တိုက်ချင်တာရှိတယ်"
"ဘာလဲ"
"ဒီတိုင်း သူငယ်ချင်း တွေပြန်တွေ့တော့ နည်းနည်းထူးဆန်းတာလေးဖြစ်သွားအောင်ပါ"
"အမယ် နင်ကတော့နော်"
"ဟုတယ် အဲ့တာ နင့်ကို အကူအညီလာတောင်းတာ"
"ဘာကို ကူညီရမှာ"
"သူတို့နှစ်ယောက်ကို ငါတို့အရင်တုန်းက ပျော်ပွဲစား ထွက်မဲ့နေရာကို ခေါ်ပေးပါ့လား ငါရှိတယ်လို့မပြောနဲ့ သူတို့ကို အံ့သြသွားအောင်လို့"
"ရမယ် မထင်ဘူးဟ စမ်းရေ က သူ့ယောက်ျားက လွှတ်ချင်မှ လွှတ်မှာ"
"အော် ငါက သူငယ်ချင်း တွေပြန်ဆုံတဲ့ အထိမ်းအမှတ်အနေနဲ့လုပ်ချင်တာပါဟာ"
ရဲဇေ ဝမ်းနည်းတဲ့ပုံစံနဲ့ပြောလိုက်တယ် ဂျူလီ ရဲဇေ မျက်နှာညှိုးသွားတာမြင်တော့
"ငါပြောကြည့် ပါ့မယ်"
"အေးပါ သေသေချာချာပြောလိုက်နော် ပြီးတော့ သူငယ်ချင်း တွေချည်း လွပ်လွပ်လပ်လပ်ပဲ တွေ့မှာလို့ အချိန်က တစ်ဘက်ခါနော်"
"အေးပါ"
"ငါစိတ်ချမယ်နော် အခုက ငါအလုပ်ကိစ္စရှိလို့သွားရအုံးမယ် အဲ့နေကျမှ ငါတို့အေးဆေးတွေ့မယ်"
"အေးပါ ဂရုစိုက်အုံး"
"ငါ စိတ်ချမယ်နော် ဂျူလီ"
"အေးပါ စိတ်ချ"
"အေးအေး အဲ့ဆို ငါသွားပြီ"
"ဂရုစိုက် သွားအုံး"
သူမ သူ့ကို ဆိုင်ရှေ့ထိ လိုက်ပို့လိုက်တယ် သူမ ပြုံးလိုက်တယ် နောက်ဆုံးတော့ ငါတို့သူငယ်ချင်းတွေ ပြန်စုံစည်းတော့မှာပဲ နှိုင်းနဲ့စမ်းရေသိရင် ပျော်နေတော့မှာပဲ။သူမ ဒီနေ့တနေ့လုံး အလုပ်လုပ်ရတာပျော်ရွှင်နေမိတယ်။
............................................................................
![](https://img.wattpad.com/cover/366170117-288-k912823.jpg)
YOU ARE READING
ထိုလူသားကြောင့်
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...