စမ်းရေ နိုးလာတယ် သူမ မျက်လုံးကိုဖြည်းဖြည်းချင်းအားယူဖွင့်လိုက်တယ် သူမ ခေါင်းတစ်ခုလုံးနောက်ကျိနေတယ် ခန္ဓာကိုယ်ကလဲ နာနေတယ် အထူးသဖြင့် သူမ အောက်ပိုင်း တော်တော်ကိုနာနေတယ် သူမ တစ်ကိုယ်လုံးရိုက်ခံထားရသလိုပဲ ရင်ဘတ်နားကလဲနာနေတယ် သူမ ဘေးဘက်ကိုကြည့်လိုက်တော့ ယောက်ျားတစ်ယောက်ရဲ့ကျောပြင် သူမ ကိုယ့်ကိုယ်ကိုလဲ ပြန်ကြည့်လိုက်တယ် အဝတ်မပါတဲ့ ခန္ဓာကိုယ် သူမ ထိတ်လန့်သွားတယ်
"မဖြစ်နိုင်တာ ဒါအိပ်မက်လား အိပ်မက်ကဘာလို့ လက်တွေ့ဆန်နေရတာလဲ"
သူမ ကိုယ့်ကိုယ်ကိုပြောနေတယ် သူမ အသံကိုကြားတော့ ထိုလူရဲ့ခန္ဓာကိုယ်လှုပ်လာတယ် သူမဘက်ကိုလှည့်လာတယ်
"ရှင်"
"မင်း နိုးပြီလား"
"ကျမတို့ ဘာဖြစ်ခဲ့တာလဲ"
"မင်း မမှတ်မိဘူးလား"
"ရှင် ကျမကိုဘာလုပ်လိုက်တာလဲ"
သူ တစ်ချက်ပြုံးလိုက်တယ်"ငါက မင်းကိုလုပ်တာလား မင်းက အရင် စ တာလား"
"ကျမက စ တာ"သူမ အံ့ဩမိတယ်
"မဖြစ်နိုင်တာ ကျမ အဲ့လို ဘယ်တော့မှလုပ်မှာမဟုဘူး"
"မှန်တယ် ဒါပေမဲ့ မင်း ဆေးမိခဲ့တယ်"
"ကျမလား?"သူမ ဘာမှစဥ်းစားမရတော့ ဒီအခြေအနေကဘယ်လိုကြီးလဲ သူမ ဘဝ သူမရဲ့ အပျိုဘဝ
ဒီရေ သူမ ရုတ်တရက် ငိုလာတာမြင်တော့ မျက်မှောင်ကြုတ်လိုက်တယ်"ငါနဲ့အိပ်တာ အဲ့လောက်တောင် ဆိုးလို့လား"
သူမ သူ့ကို ခပ်စူးစူးနဲ့ကြည့်နေတယ် မျက်လုံးတွေ က စိုစွတ်နေတယ်
"အဆိုးဆုံးပဲ"
"ဘာပြောလိုက််တယ် ငါ့စွမ်းဆောင်ရည် အဲ့လောက် မနိမ့်ပါဘူး"
"ရှင် ဘာစကားပြောတာလဲ"
"မင်းပဲ အဆိုးဆုံးဆို ပြောပါအုံး အကောင်းဆုံးက ဘယ်သူလဲ"
"ရှင် ကျမကိုဘယ်လိုမိန်းမ ထင်နေတာလဲ"
"ငါဘယ်လိုမှမထင်ပါဘူး မင်းက အဆိုးဆုံးလို့ပြောတော့ အကောင်းဆုံးရှိမယ်ထင်လို့"သူမ သူ့ကိုခပ်ပြင်းပြင်းအကြည့်တစ်ချက်သာပေးပြီး သူမ ကုတင်ပေါ်က အားယူထလိုက်တယ် သူမ ခန္ဓာကိုယ်ကို စောင်နဲ့ပတ်လိုက်တယ် သူမ ကုတင်အောက်က အဝတ်အစားကိုယူပြီး သူမ ရေချိုးခန်းထဲဝင်သွားတယ်
ဒီရေ ကုတင်ပေါ်ကနေ သူမ ကိုမျက်စိဒေါက်ထောက်ကြည့်နေတယ် သူလဲ ဘေးနားက ညအိတ်ဝတ်စုံကိုဆွဲယူဝတ်လိုက်တယ် သူကုတင်ပေါ်ကဆင်းပြီး ဝိုင်ပုလင်းကို ရေခဲသေတ္တာထဲကထုတ်ပြီး ဆိုဖာပေါ် ယူလာတယ် သူရုတ်တရက် ကုတင်ပေါ်ကြည့်လိုက်တော့
![](https://img.wattpad.com/cover/366170117-288-k912823.jpg)
YOU ARE READING
ထိုလူသားကြောင့်
Romance"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...