ဂျူလီ အော်ဟစ်နေမိတယ်
"မိုး မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ်"
"သမီး ဂျူလီ သမီး သတိထားစမ်း"
ဂျူလီ မျက်လုံးတွေ ပွင့်လာတယ်
"မေမေ မေမေ"
သူမ ဒေါ်ယဥ်မေခ ကို အားကိုးတကြီးဖက်လိုက်တယ်
"မေမေ သမီး အိပ်မက်မက်တယ် မိုး ကလေ နှိုင်းကိုခေါ်သွားမယ်တဲ့"
"သမီးရယ် သမီးအစိုးရိမ်လွန်နေတာပါ မိုးက သူ့သူငယ်ချင်း တွေကိုသိပ်ချစ်တာလေ သူ့သူငယ်ချင်း တွေ ဒုက္ခ ရောက်မယ့်ကိစ္စလုပ်ပါ့မလား သူ သမီးတို့ကို ဘယ်လောက်ထိ ခင်လဲ သမီးတို့ သိမှာပါ"
ဂျူလီ မျက်ရည်တွေသုပ်လိုက်တယ် ဟုတယ် မိုးက အဲ့လိုလုပ်မဲ့လူမျိုးမဟုဘူး သူမ အစိုးရိမ်လွန်နေတာပါ ဒါက အိပ်မက်သက်သက်ဖြစ်ပါစေလို့ ငါဆုတောင်းပါတယ်
............................................................................
ဒီရေ လင်းသန့်ကို လုပ်ကြံတဲ့သူတွေကိုရှာခိုင်းထားပြီး ဟိန်းထက်ကိုတော့ သူမလေးသူငယ်ချင်းကို ရှာခိုင်းထားလိုက်တယ် ဒီရေ သူမဘေးနားမှာ မနေ့ညကတည်းက စောင့်နေတယ် သူမလေးနိုးမလာသေး အမေကိုတော့ အကျိုးအကြောင်းပြောထားလိုက်တယ် သားကိုတော့ကြည့်ထားလိုက်မယ်တဲ့ ဒီရေ အတွေးလွန်နေတုန်း
"မိုး မိုး"
သူမ အဲ့နာမည် ခေါ်ရင် သူမ မျက်ရည်တွေစီးကျနေတယ် ဒီရေ သူမနားကို ကပ်သွားလိုက်ပြီး
"စမ်းရေ သတိထားလေ စမ်းရေ"
"နှိုင်း!"
စမ်းရေ အကျယ်ကြီးအော်ပြီး ပွင့်လာတယ်
"စမ်းရေ ကိုယ့်ကို ကြည့်စမ်း စမ်းရေ"
စမ်းရေ သူကိုကြည့်လိုက််တယ်
"ကို"
သူမ ဖြည်းညင်းစွာခေါ်ရင်း မျက်ရည်တွေ စီးကျလာ တယ်
"စမ်းရေ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော တစ်နေရာရာက နာလို့လား"
သူမ ခေါင်းရမ်းလိုက်တယ်
"ကိုယ် ဆရာဝန် သွားခေါ်ပေးမယ်နော်"
"နှိုင်းကော"
သူမ မျက်ရည်တွေပိုကျလာတယ် ဒီရေ မခံစားနိုင်ပါ မငိုပါနဲ့စမ်းရေရယ် မင်းငိုနေမဲ့အစားဒီလူကိုသာ သတ်လိုက်ပါတော့ကွာ
"ကိုယ် ကြိုစားပြီး ရှာနေပါတယ် မကြာခင် တွေ့မှာပါ"
"သူ့ကို ကယ်ပေးပါ"
"ကိုယ်ရှာပေးပါ့မယ် နှိုင်းကို အသက်ရှင်လျက်တွေ့စေရမယ် ဟုပြီလား ကိုယ်ကတိပေးတယ်နော် မင်းသာ ကိုယ့်ကိုယ်ကို ဂရုစိုက်နော် အခုကိုယ်ဆရာဝန်သွားခေါ်ပေးမယ် bae နားလိုက်အုံးနော်"
သူမ မျက်ရည်တွေကြားက ခေါင်းငြိမ့်လိုက်တယ် ဒီရေ သူမကို ချော့မော့ပြီး ပြန်လှဲခိုင်းလိုက်တယ် ဒီရေ ဆရာဝန်ကိုသွားခေါ်တော့ သူမကိုလာစစ်ဆေးပေးတယ် စိုးရိမ်စရာမရှိတော့ဘူးတဲ့ သူမလေးကတော့ ငိုရလွန်းလို့ထင်ပါရဲ့ အိပ်သွားရှာပြီ ဒီရေ အကြည့်တွေက ရုတ်တရက်ပြင်းထန်လာတယ် သူ့လက်သီးနှစ်ဖက်ကို ကျစ်နေအောင် ဆုပ်ထားပြီး
"ငါ့အပိုင်ကို မင်းတို့က လာထိရဲတယ်ပေါ့ ဒီရေလှိုင်း ဘာကောင်ဆိုတာ မင်းတို့သိစေရမယ်"
............................................................................
"သခင်လေး"
"ဘာသတင်းထူးလဲ"
သက္ကရာဇ် အရက်ခွက်ကို လက်နဲ့ ဖြည်းဖြည်းလေးလှုပ်ရင်းပြောလိုက်တယ် သူ့ဘေးမှာတော့ အရမ်း ကို ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ထားတဲ့အမျိုးသမီးတစ်ယောက် ေလျာ့တိလျော့ရဲအဝတ်အစားနဲ့ ရင်ဘတ်ထဲ ဝင်နေပြီး သူ့ရင်ဘတ်ကို လက်ချောင်းတွေနဲ့ရွေ့လျားကစားနေတယ်
"မိန်းခလေးကို ကျနော်တို့ရှာတွေ့ပါပြီ"
"ထိခိုက်ဒဏ်ရာက များပါတယ် ကျတော်တို့ ဆရာဝန်ကို ခေါ်ပြီး စမ်းသပ်ထားပါတယ်"
"ကောင်းပြီ ကောင်းကောင်းစောင့်ရှောက်ထား သူမ ဘာလိုအပ်လဲ လိုအပ်တာ အကုန်ပေးလိုက် တကယ်လို့ လိုအပ်ရင် အတော်ဆုံးနပ်စ်ကို ငှားထား ကြားလား"
"ဟုကဲ့ သခင်လေး"
"မင်းသွားလို့ရပြီ"
ထိုလူအလေးပြုပြီး ထွက်သွားတယ် ထိုလူထွက်ထွက်သွားချင်းပဲ စောနက အမျိုးသမီးက သူ့ကို ပွတ်သီးပွတ်သပ်လုပ်ပြီး ညှို့ယူတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်နေတယ် သက္ကရာဇ် က နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်တယ် ထိုအမျိုးသမီးက ပြုံးပြီး သူ့နှုတ်ခမ်းကို ဖြေးညင်းစွာ နမ်းရှိုက်လိုက်တယ် သက္ကရာဇ် ကတော့ သူမ ခေါင်းကို ကိုင်ပြီး အကြမ်းပတမ်း နမ်းလိုက်တယ် သူမ နှုတ်ခမ်းတွေ ပူထူလာတယ် သူမ ရုန်းပေမဲ့ သက္ကရာဇ် ကမလွှတ်ပေး သက္ကရာဇ် စိတ်ကျေနပ်တဲ့အထိ နမ်းရှိုက်နေတယ် သူမကို ခနကြာမှ လွှတ်ပေးလိုက်တယ်
"သွားတော့"
"ရှင်"
"သွားတော့လို့"
သက္ကရာဇ် ခပ်မာမာနဲ့ ပြောလိုက်တော့မှ ထိုမိန်းခလေးထွက်သွားတယ်
"အသုံးကိုမကျဘူး"
..........................................................................
ဒီရေ သူမနားမှာပဲ နေနေတယ် သက္ကရာဇ် စောနက ဖုန်းလှမ်းဆက်လို့ နှိုင်းကို တွေ့တယ်ဆိုတော့မှ သူ့မှာ စိတ်အေးရတယ် သူမလေးကိုလဲ တွေ့ပြီလို့ပြောထားလို့ အခုမှ ကောင်းကောင်းအိပ်တော့တယ် တစ်ခါတစ်လေ အိပ်နေရင်းတောင်ရှိုက်နေတယ် သူမ ဆံပင်လေးကို သပ်ပေးရင်း သူမကို ငေးကြည့်နေမိတယ် ထိုအချိန် ဟိန်းထက် ရောက်လာတယ်
"ဘော့စ်"
"ပြော"
"ကျနော် တို့ စုံစမ်းမိပါပြီ"
"ဘယ်သူလဲ"
"ဘော့စ်ရဲ့ပါတနာ တစ်ဦးပါ"
ဒီရေ အကြည့်တွေ စူးရှသွားတယ် သူ သိလိုက်ပါပြီ
"ငါနားလည်ပြီ"
ဟိန်းထက် ထွက်သွားတယ် ဒီရေ ဒေါသထွက်လွန်းလို့ သွေးကြောတွေပင်ထောင်လာတယ်
'ဦးခွန်းစေ ခင်ဗျားကြီးက ကျုပ်ကို လာဆွလိုက်တာပဲ'
ဂျူလီတို့ ဆေးရုံကိုလိုက်လာတယ် နှိုင်းရဲ့သတင်းကြားမှ စိတ်အေးသွားရတယ် အခု ဒီရေလှိုင်းက ခနဆိုလို့ စမ်းရေကို လူနာစောင့်နေတာပါ
ဒီရေ ဒီနေ့ ဦးခွန်းစေ ကို ညစာ ဖိတ်လိုက်တယ် သူသပ်သပ်ရပ်ရပ်ဝတ်စားလိုက်တယ် 'ခင်ဗျားကြီး နောင်တဆိုတာ ကောင်းကောင်းသိစေရမယ်' မကြာခင်ပဲ ဦးခွန်းစေရောက်လာတယ်
"မင်္ဂလာပါ မောင် ဒီရေလှိုင်း"
သူ့ကို ရီရီမောမောနဲ့ လာနှုတ်ဆက်တယ်
"ကျုပ်အတွက်က မင်္ဂလာမရှိဘူး"
ဦးခွန်းစေ မျက်နှာပျက်သွားတယ်
"အော် မောင်ရင် ဇနီးကြောင့်ထင်တယ် အန်ကယ်သတင်းမှာတွေ့လိုက်တယ် မောင်ရင် ခံစားချက်ကို အန်ကယ် နားလည်ပါတယ်"
"ဟုပါတယ် ခင်ဗျားကြီးနားလည်မှာပါ အခုတော့ အေးဆေးဝင်ထိုင်ပါအုံး"
ဦးခွန်းစေ ဝင်ထိုင်လိုက်တယ် သူ့စိတ်ထဲနည်းနည်းတော့ တုန်လှုပ်မိတယ် ကိုယ်လုပ်လိုက်တာ သူများမိသွားပြီလားဆိုတဲ့စိတ်နဲ့ပါ ကိုယ်က သူခေါ်လို့ မရရင် ပိုပြီးရိပ်မိသွားမှာစိုးလို့ ကိုယ့်ကိုယ်ကို ကျားရဲတွင်းထဲခုန်ဆင်းလာလိုက်တာ
"ဦးခွန်းစေ သမီးလေးက နိုင်ငံခြားမှာ ကျောင်းတက်နေတာဟုတယ်မလား"
"ဟုပါတယ် မောင်ရင်"
"ခင်ဗျားမိန်းမက ဒီဇိုင်နာတစ်ယောက် ဟုတယ်နော်"
"ဟုပါတယ်မောင်ရင် ဘာဖြစ်လို့လဲ"
"မဟုပါဘူး ခင်ဗျားသာ သူတို့နှစ်ယောက်လုံးကိုဆုံးရှုံးရရင် ဘယ်လိုခံစားရမလဲတွေးမိလို့"
ဒီရေ အဲ့စကားပြောရင်း ပြုံးလိုက််တယ် သူ့အပြုံးမှာ ညင်သာမှုတွေမပါ ခြိမ်းခြောက်မှုတွေက အထင်းသား ဦးခွန်းစေ ချွေးပြန်ရပါပြီ
"ဦး..ခွန်း....စေ"
ဒီရေ တစ်လုံးချင်းခေါ်လိုက််တယ်
"ကျုပ်ဘာကို အမုန်းဆုံးလဲ ခင်ဗျားသိလား"
"ဘာကိုလဲ မောင်ရင်"
"ကျုပ်ကို သစ္စာဖောက်တာရယ် ကျုပ်ချစ်တဲ့သူကို ထိခိုက်လာတာရယ် ကို အမုန်းဆုံးပဲ ပြောပါအုံး ခင်ဗျား ဘယ်အချက်ကို ကျူးလွန်ပြီးပြီလဲ"
ဒီရေ မျက်ခုံးတစ်ဖက် ပင့်ပြလိုက်တယ်
"မောင်ရင် ဘာကို ဆိုလိုတာလဲ"
ဒီရေတစ်ချက်ရယ်လိုက်တယ်
"ဝန်မခံဘူးပေါ့"
"အန်ကယ်က ဘာကို ဝန်ခံရမှာလဲ"
"ကောင်းပြီလေ"
ဒီရေလင်းသန့်ကို အကြည့်တစ်ချက် ပို့လိုက်တော့ လင်းသန့် ဟိန်းထက် ကို ခေါင်းငြိမ့်ပြလိုက််တယ် ဟိန်းထက် လိုက်ကာကို ဖယ်ချလိုက်ချိန်မှာတော့ ဦးခွန်းစေ အတော်ပင် ထိတ်လန့်သွားတယ်
"ဒီရေ မင်း..."
ဦးခွန်းစေ မြင်လိုက်ရတာကတော့ မှန်တွေနဲ့ကာထားတဲ့ ရေကန်အပေါ်မှာ ကြိုးနဲ့တွဲလောင်းချည်ခံထားရတဲ့သူရဲ့မိန်းမနဲ့သမီးဖြစ်သူ ပါးစပ်ကို တိပ်နဲ့ကပ်ထားခံရတဲ့သူ ရေကန်ထဲမှာ အစာကို ကိုက်ခဲဖို့ ပြင်နေတဲ့ ငါးမန်းနှစ်ကောင်
"ဘယ်လိုလဲ ကျုပ်ခံစားချက်ကို နားလည်နိုင်ရဲ့လား ဦး..ခွန်း..စေ"
ဦးခွန်းစေ တော်တော်ကို ထိတ်လန့်သွားတယ်
"တကယ်လို့ ကြိုးသာပြတ်သွားရင်..."
"ဟျောင့် ဒီရေလှိုင်း မင်းဘာလိုချင်တာလဲ"
"ကျုပ်မိန်းမကို ဘယ်သူလာထိတာလဲ"
"အဲ့တာက ငါ..ငါ...ငါလုပ်တာမဟုဘူး"
"အဲ့ဆို ဘယ်သူလဲ"
"ငါပြောလိုက်ရင် ငါအသက်ရှင်မှာမဟုဘူး"
"ဟက်.. ကောင်းပြီလေ ဟျောင့်တွေ"
ဒီရေ တပည့်တွေကလဲ ကြိုးတွေကို လျောချလိုက်််တယ်ငါးမန်းတွေက အလျင်အမြန် ရေမျက်နှာပြင်ပေါ်တက်လာတယ်
"ကောင်းပြီ ငါပြောပါ့မယ် ငါ့မိန်းမနဲ့ သမီးကိုတော့လွှတ်ပေးပါ"
"သိပ်နောက်ကျသွားပြီ"
ဦးခွန်းစေ မျက်လုံးတွေပြူးကျယ်သွားတယ်
ဒီရေ ေရှ့ အလျင်အမြန်ဒူးထောက်လိုက််တယ်
"ငါတောင်းပါတယ် ငါမင်းသိချင်တာအကုန်ပြောပါ့မယ် ငါ့မိန်းမနဲ့သမီးကိုတော့လွှတ်ပေးပါ"
"ခင်ဗျားကတိ တည်နိုင်လား"
"ငါတည်ပါ့မယ် သူတို့ကို လွှတ်ပေးပါ"
"ကောင်းပြီ ပြော"
"တကယ်တော့ ငါတမင်လုပ်တာမဟုတ်ပါဘူး ငါ့ကိုခိုင်းတဲ့သူရှိလို့ပါ"
"ဘယ်သူခိုင်းတာလဲ"
"သူက ရဲဇေနောင် ပါ"
"ရဲဇေနောင် ဟုလား ငါ့ရန်သူမဟုဘူးပဲ"
"သူက စမ်းရေကို ဘာရန်ငြှိုးနဲ့လဲ"
"တကယ်တော့ မင်းရဲ့ဇနီးတင် မဟုဘူး နှိုင်း ဆိုတဲ့ခလေးမကိုပါ ပစ်မှတ်ထားတာပဲ"
"ဘာပြောတယ် သူ့ကို ငါ့မိန်းမက ဘာလုပ်ထားလို့လဲ"
"အဲ့တာတော့ ငါလဲ မသိဘူး ငါသိတာက သူက အခု ပြည်ပမှာ ငါ့ကို အဲ့ကနေ သူတို့အကြောင်းစုံစမ်းခိုင်းထားတာ"
ဒီရေ မှာ အတွေးတွေများနေတယ် ဘာလို့ စမ်းရေလဲ ငါ့ရန်သူလဲ မဟုဘူး စမ်းရေနဲ့ သူ့သူငယ်ချင်း ကို ပြစ်မှတ်ထားတယ် ဆိုရင်တောင် ဂျူလီ ကကော မပါဘူးလား သူငယ်ချင်းသုံးယောက်ထဲမှဘာလို့ နှစ်ယောက်ထဲကိုပဲလဲ။
...........................................................................
နှိုင်း ရုတ်တရက် နိုးလာတယ် လူက တော်တော်နာနေတာပဲ သူမ မှတ်မိတာက သူမ အမြင့်တစ်နေရာထဲ က ပြုတ်ကျတာပဲ မှတ်မိတယ်
သူမ အခုဘယ်ကို ရောက်နေမှန်းလဲသူမ မသိ စမ်းရေတို့ ဂျူလီတို့ကော အဆင်ပြေရဲ့လား သူမ အိပ်ယာကနေ နံရံမှာရှိတဲ့နာရီကိုကြည့်လိုက်တော့ ၁၂ နာရီ ညဥ့်နက်နေပြီပဲ သူမ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဘယ်အရာမှ သေချာမမြင်ရ သူမ လက်မှာလဲ ဆေးပိုက်တွေ တပ်ထားတယ် သူမ ရုတ်တရက် ရေဆာလာတယ် တစ်ယောက်ယောက်ကို ခေါ်ဖို့ပင် အားမရှိတော့ သူမ ဆေးပိုက်ကိုဖြုတ်ပြီး ကုတင်ပေါ်က ဖြည်းဖြည်းချင်း ဆင်းလာတယ် အားမရှိတဲ့ခန္ဓာကိုယ်ကို မနည်းသယ်နေရတာ စိတ်မရှည် သူမ နေနေတဲ့အခန်းက အပေါ်ထပ်မှာပဲ သူမ လှေကားတွေကြည့်ရင်း သက်ပြင်းချမိတယ် သူမ လက်ရန်းကို ကိုင်ရင်း ဖြည်းဖြည်းချင်း ဆင်းလာလိုက်တယ် သူမ အောက်ထပ်ကိုရောက်တော့ ရေခဲသေတ္တာ ကိုတွေ့လိုက်တော့ အဲ့နားလေးကို သွားလိုက်တယ် သူမ ရေခဲသေတ္တာ ကိုဖွင့်တဲ့အချိန်မှာ
"မင်း ဘယ်သူလဲ"
အမှောင်ရိပ်ထဲ က သြရှရှ အသံ။

YOU ARE READING
ထိုလူသားကြောင့်
عاطفية"ငါမှန်နေသရွေ့ ဘယ်ပတ်ဝန်းကျင်ကိုမှ ဂရုမစိုက်တတ်ဘူး" စမ်းရေကြည် "ငါ့ကို သစ္စာဖောက်ရင် ရှင်လမ်း ဆိုတာမရှိဘူးနော် စမ်းရေကြည်" ဒီရေလှိုင်း စာလုံးပေါင်းသတ်ပုံမှားရင် တောင်းပန်ပါတယ် နည်းနည်းရှမ်းတတ်လို့ပါ😁😁 လိုအပ်ချက်လေးတွေရှိလည်း ထောက်ပြပေးပါ🤔🤔...